ဆန်စပါးလုပ်ငန်း တည်ဆောက်မှုပုံသဏ္ဌာန် ဗီယက်နမ်၌ စပါးစိုက်ပျိုးသော ဧရိယာသည် ဟက်တာ (၇)သန်းကျော်၊ (ဧက ၁၇ သန်း) ကျော် ရှိပါတယ်။ ၂၀၀၇ ခုနှစ်က စပါးတန်ချိန် (၃၂၆) သန်းလောက် ထွက်ရှိပါတယ်။ စပါးအထွက်ရဲ့ တစ်ဝက်လောက်ဟာ မဲခေါင်မြစ်ဝှမ်းဒေသက လာတာဖြစ်ပြီး ပြည်ပတင်ပို့တဲ့ ပမာဏရဲ့ ၉၀ရာ ခိုင်နှုန်းလောက်ကလည်း အဲ့ဒီဒေသကပါပဲ။ မြေနိမ့် လွင် ပြင်အပိုင်းမှာ မိုးစပါးကော၊ နွေစပါး ကော စိုက်ကြပါတယ်။ တချို့ပြည်နယ်တွေမှာ (၃)သီး စားအထိတောင် စိုက်ကြပါတယ်။ ဗီယက်နမ်လယ် သမားတွေဟာ မြန်မာတွေလိုပဲ ကိုယ့်စိုက်တဲ့အထဲ က ကိုယ့်စပါးမျိုးကို ကိုယ်ဖါသာ ဖယ်ထုတ်ထား လေ့ ရှိပါတယ်။ ထူးခြားကောင်းမွန်တဲ့ စပါးအမျိုး အစားကောင်း တွေကို ရွေးချယ်စိုက်လေ့မရှိကြပါ။ ဒါပေမဲ့ စပါးထုတ်လုပ်မှု ကုန်ကျစရိတ်က ထိုင်း ထက်သက်သာပါတယ်။ မြန်မာနိုင်ငံမှာလိုပဲ ရိတ် သိမ်းချိန်ကာလမှာ လယ်ယာလုပ်သားရှားပါးတဲ့ ပြဿနာ ကြုံရလေ့ ရှိပါတယ်။ စပါးစိုက်တဲ့ဒေသ အများစုမှာတော့ ရိုးရိုး လူအားနဲ့ စိုက်၊ လူအားနဲ့ ရိတ်သိမ်းနေဆဲ ရှိပေမဲ့ နေရာ တော်တော် များများ တော့ စပါးေ>ခလှေ့စက်တွေ၊ ကွန်ဗိုင်းစပါးရိတ် သိမ်းေ>ခလှေ့စက်တွေ အသုံးပြု နေကြပါပြီ။ ဒါပေမဲ့ ဒီလယ်ယာသုံးစက် ကိရိယာများကို ဆန်စက်ပိုင်ရှင် တွေနဲ့ ချမ်းသာတဲ့ လယ်သမားတွေက ပိုင်ဆိုင် ကြပြီး အခြားမဝယ် နိုင်တဲ့ လယ်သမား အုပ်စုတွေကို ငှားရမ်းကာ ဝင် ငွေရအောင် လုပ်ကြပါတယ်။ ကန်ထရိုက် လယ် ယာစနစ် အသုံးပြုပြီး ထူးခြား ကောင်းမွန်သော အရည်အသွေးရှိတဲ့ စပါးတွေကို အမြောက်အမြား စိုက်ပျိုးထုတ်လုပ်ဖို့ ကြိုးပမ်းမှု တော့မရှိသေးပါဘူး။ ဒါပေမဲ့ ဧရိယာ (၇၀၀) ဟက်တာ (၁၇၃၀ ဧက) ပေါ်မှာ စံပယ်ဆန်မွှေးကို စိုက်ပျိုးပြီး ဂျပန် ဈေးကွက်ကို တင်ပို့ဖို့ကြိုးစားနေတဲ့ ပရိုဂျက် တစ်ခု ကိုတော့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ပျမ်းမျှခြင်းအားဖြင့် လယ်သမားများဟာ သူတို့ ထုတ်လုပ်မှုပမာဏရဲ့ ၇၀ရာခိုင်နှုန်းလောက်ကို ဈေးကွက်မှာ ရောင်းချလေ့ရှိပါတယ်။ ကျန်တာက တော့ သူ့မိသားစုစားဖို့နဲ့ မျိုးစေ့အတွက် ချန်ကြပါ တယ်။ ၈၅ ရာခိုင် နှုန်း လောက်က တောမှာ ရှိတဲ့ စပါးပွဲစားကို ရောင်းကြပါတယ်။ သို့သော်လည်း နောက်ပိုင်း၌ လယ်သမားများ ကိုယ်တိုင် ဆန်စက်များကို ရောင်းချကြတဲ့ အလေ့ အထသို့ ပြောင်းလဲလာပါတယ်။ မဲခေါင်ဒေသမှာတော့ စပါးပွဲစားများ (အဝယ် တော်များ) ဟာ ဆန် Supply Chain မှာ အဓိ က အရေးပါတဲ့သူတွေ ဖြစ်နေဆဲပါ။ သူတို့အားလုံး ဟာ လယ်သမားတွေလိုတဲ့ ငွေကြေးနဲ့ သွင်းအားစု တွေ ပံ့ပိုးပေးကြသူများဖြစ်ပြီး လယ်သမားဘာလုပ် တယ်ဆိုတာကအစ ဂဃဏနသိကြတဲ့ သူတွေပဲ ဖြစ်ပါတယ်။ လယ်သမားအများစုဟာ နေရောင် ခြည်နဲ့ပဲ စပါးကိုခြောက်သွေ့အောင်ပြုလုပ်ပြီး စပါးပွဲစားတွေကို ရောင်းချပါတယ်။ စပါးပွဲစား တွေက စပါးအခွံချွတ် စက်ပိုင်ရှင်တွေဆီ ပြန် ရောင်းကြပါတယ်။ မဲခေါင်ဒေသမှာ တစ်နေရာနှင့် တစ်နေရာ စပါးဆန် သယ်ယူပို့ဆောင် ဖို့က ရေ လမ်းခရီးကိုပဲ အားကိုးရတာပါ။ စပါးအခွံချွတ်ခြင်း၊ ဆန်အဖြူဖွပ်ခြင်းစတဲ့ လုပ်ငန်းတွေကို လုပ်ကြတဲ့ ကုမ္ပဏီတွေဟာ တစ်ခုနှင့်တစ်ခု မတူကြပါဘူး။ ဗီယက်နမ်မှာတော့ ဒီလိုလုပ်ကိုင်ကြခြင်းဟာ မိရိုးဖလာ လုပ်ငန်းပါပဲ။ ပထမအဆင့် ကြိတ်ခွဲကြရ တဲ့ စက်ပိုင်တွေအနေနဲ့ စပါး၊ ဆန်၊ ဆန်ကွဲ၊ ဖွဲကြမ်း၊ ဖွဲနုတွေ သိုလှောင်နိုင်တဲ့ အင်အား မရှိ ကြပါ။ Goletti (2002)က Supply Chainကြီးရဲ့ အပိုင်းတစ်ခုဖြစ်တဲ့ ဒီအပိုင်းမှာ အရည်အသွေး အားဖြင့် လေလွင့်ဆုံးရှုံးမှုဟာ ၉ ရာခိုင်နှုန်း လောက်တော့ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဆန်စပါး Supply Chain ရဲ့ အစပိုင်းမှာရှိတဲ့ ဆန်စက်ပိုင်ရှင်တွေဟာ သူတို့ ကြိတ်ခွဲထုတ်လုပ်ပေးရတဲ့ ပမာဏကြီးမားလာတဲ့ အခါ ဈေးကွက်မှာ ယှဉ်ပြိုင်ရောင်းချရဖို့ တော်တော် ခက်ခဲလာတာကို တွေ့ရပါတယ်။ အစိုဓါတ် များ တာကြောင့်ဖြစ်စေ၊ ကြိတ်ခွဲတာ ရက်ကြာလာပြီး ဈေးကွက်မှာ ရောင်းမထွက်နိုင်တဲ့ အခြေအနေ ကြောင့် ဖြစ်စေ၊ ရောင်းပန်းလှအောင် ဆန်ကို ပြန် လည် ကြိတ်ဖွပ်ပေးရတဲ့အတွက် ဆုံးရှုံးမှုများ ဖြစ် ပေါ်လေ့ ရှိပါတယ်။ ဗီယက်နမ်မှာ ဆန်စက်များ၊ ဆန်ဖွပ် ချောတဲ့ စက်များနှင့် ပတ်သက်ပြီး အနည်းငယ် ရှုပ်ရှုပ် ထွေးထွေး ရှိနေပါတယ်။ အချို့က ဗီယက်နမ်မှာ စပါးအခွံချွတ်လုပ်ငန်းလုပ်ပေးတဲ့ စက်ပေါင်း (၃)သိန်းနီးပါးလောက် ရှိတယ်လို့ ဆိုကြပါတယ်။ အချို့ ဆန်စက်ငယ်တွေက လယ်သမားဝမ်းစာ စပါးကို ကြိတ်ခွဲပေးပြီး အခကြေးငွေ ရယူကြ ပါတယ်။ စက်ကြိတ်ခကိုတော့ စက်ပိုင်တွေကို ထွက်ရှိလာတဲ့ ဖွဲနုကို ပေးကြပါတယ်။ မဲခေါင် မြစ်ဝှမ်းဒေသမှာ အစိုးရပိုင်တဲ့ ဆန်စက်ပေါင်း (၃၅၀)လောက် ရှိပါတယ်။ တစ်နာရီ တန် (၃၀) လောက် ကြိတ်ခွဲပေးနိုင်တဲ့ ဆန်စက် ပေါင်း (၃) သောင်းလောက်လည်း ထိုဒေသမှာ ရှိနေပါ တယ်။ စပါးအခွံချွတ်လုပ်ငန်းလုပ်တဲ့ စက်တွေ ကတော့ ပုဂ္ဂလိကပိုင်းမှာ ရှိနေပြီး ဆန်ဖြူ အဆင့် အထိ ကြိတ်ဖွပ်ပေးနိုင်တဲ့ ဆန်စက်ပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို အစိုးရက ပိုင်ပါတယ်။ဆန်စပါးလုပ်ငန်းတစ်ခုလုံးကို ဗီယက်နမ်မှာ အစိုးရက ချုပ် ကိုင်ထားဆဲဖြစ်ပါတယ်။ အစိုးရပိုင် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ ဟာ မြင့်မားနေဆဲပါ။ အထူးသဖြင့် ဆန်ပြည်ပတင်ပို့ခြင်း လုပ်ငန်းနဲ့ ပတ်သက်လာရင် အရေးပါနေဆဲဖြစ်ပါတယ်။ ဗီယက်နမ် ဆန်စပါး လုပ်ငန်းနှင့်ပတ်သက်ပြီး တာဝန်ရှိတဲ့အဖွဲ့အစည်းက Vietnam Food Association(VFA)ဖြစ်ပါတယ်။ ဆန်ဈေးကွက်မှာ VFA က အခြေခံနည်းလမ်း (၃)သွယ်နဲ့ ဝင်ရောက်စွက်ဖက်ပါတယ်။ လယ် သမားများထံမှ စပါးဝယ်ယူရာတွင် အနိမ့်ဆုံး သတ်မှတ်ထားသော စပါးဈေးနှုန်းဖြင့်ဝယ်ရန်၊ ဆန်စက်ပိုင်ရှင်များကို ဆန်စပါးအပိုအလျှံ ထွက်ရှိချိန်ကာလရောက်မှသာ စပါးဝယ်ယူရန်၊ ပြည်ပတင်ပို့တဲ့ ပမာဏကို သတ်မှတ်ရန်တို့ ဖြစ်ပါတယ်။VINA FOOD 2 ဗီယက်နမ်(တောင်ပိုင်း)မှာရှိတဲ့ နိုင်ငံပိုင် အဖွဲ့အစည်းဟာ ပြည်ပတင်ပို့မဲ့ ပမာဏရဲ့ ၅၀ရာခိုင်နှုန်းလောက်ကို တာဝန်ယူပါတယ်။ VINA FOOD 2 ဟာ ၎င်းကိုယ်တိုင် စပါးဝယ် ယူ ကြိတ်ခွဲပြီး ပြည်ပတင်ပို့တာမျိုးရှိသလို ပုဂ္ဂလိက ကုမ္ပဏီများနှင့် လည်း ကန်ထရိုက်စာချုပ်များချုပ်ပြီး ပြည်ပတင်ပို့နိုင်ဖို့အတွက် ဆန် များထောက်ပံ့စေပါတယ်။ VFA ရဲ့အဓိကတာဝန်ကတော့ ဗီယက်နမ် အတွင်း ဆန်ဈေးကွက် တည်ငြိမ်စေရေးအတွက် အစိုးရကိုယ်စား ဆောင်ရွက်ရတာဖြစ်ပြီး ပြည်တွင်းမှာ ဆန်စပါးဖူလုံမှုရှိရေးကိုလည်း တစ်ဖက်က ထိန်းချုပ်မှုများလုပ်ပေးရပါတယ်။ င်္ဠဗ က အစိုးရနှင့် ပုဂ္ဂလိကအပိုင်းကို ဆက်စပ်ညှိနှိုင်းပေးနေတဲ့ အဖွဲ့အစည်းလို့ဆိုရမှာ ဖြစ်ပါတယ်။ (စာရေးသူမှတ်ချက်။ မြန်မာနိုင်ငံမှာလည်း မြန်မာဆန် စပါး လုပ်ငန်းအသင်း Myanmar Rice Industry Association MRIA) ဟာလည်း အစိုးရနဲ့ ပုဂ္ဂလိကအကြား ပေါင်းကူး ပေးနေတာဖြစ်သလို တစ်နေ့ကြရင် နိုင်ငံတော်ရဲ့ ဆန်စပါး နထစသမအ လုပ်ငန်းမှာ အရေးပါလာတဲ့ အဖွဲ့အစည်းတစ်ရပ်အနေ ဖြင့် ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်မိပါတယ်။) VFA က လယ်သမားများရဲ့ အကျိုးစီးပွားများကိုလည်း အကာအကွယ်ပေးရမဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်လာခဲ့ပါတယ်။ သို့သော်လည်း VFA တွင် လယ်သမားများဟာ အဖွဲ့ဝင်အဖြစ် မပါဝင်နိုင်သေးပါ။ VFAတွင် အဖွဲ့ဝင်အဖြစ် အစိုးရပိုင် ဆန်စပါးအဖွဲ့အစည်းများ၊ ဆန်စပါးကုန် သည်အကြီးစားများ၊ စုစုပေါင်း (၁၀၀)လောက်မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ရပါတယ်။မောင်တိုင်ပင်
Background