Main menu

Background

မျှော်လင့်ပြင်ဆင်နေတဲ့ မဏ္ဍပ်များနဲ့ အော်ဒီယိုစက်များ

Wed, 03/31/2010 - 04:49 -- Anonymous (not verified)

မြန်မာ့ရိုးရာ အတာသြင်္ကန်က မကြာမီအချိန်မှာ ကျရောက် တော့မှာပါ။ မြန်မာလူမျိုးများကလဲ အတာသြင်္ကန်ပွဲတော်ကို မျှော် လင့် ရင်ခုန်နေကြသူများဟာ  ကလေး၊ လူကြီးမကျန် အားလုံးလို့ ပြောရမှာပါ။ဒီလိုတစ်နှစ်တာ ပင်ပန်းခဲ့သမျှ ပျော်ရွှင်ဖို့အတွက် တစ်ဦးချင်း ကနေ အဖွဲ့လိုက်ပျော်ရွှင်မှုများ ရှိနေသလို ဌာနအလိုက်၊ အစုအဖွဲ့ အလိုက်၊ ကုမ္ပဏီကြီးများကလဲ သူ့ထက်ငါပိုမိုပြီး ခမ်းနားသထက် ခမ်းနားအောင် ပြင်ဆင်မွမ်းမံကြဖို့ ကြံဆနေကြပါတယ်။ အထူး သဖြင့် ရန်ကုန်မြို့တော်ရဲ့ အချက်အခြာကျတဲ့နေရာတွေမှာ ရေပက်ခံ မဏ္ဍပ်ကြီးများ၊ ဖျော်ဖြေရေးမဏ္ဍပ်ကြီးများ၊ အလှပြမဏ္ဍပ် ကြီးများ၊ ယိမ်းအကမဏ္ဍပ်ကြီးများ အပြိုင်အဆိုင် တည်ဆောက်ကြ တော့မှာ ဖြစ်ပါတယ်။အစဉ်အလာမပျက် တည်ဆောက်ကြမယ့် မဏ္ဍပ်များနှစ်စဉ်လိုလို သြင်္ကန်ကာလမှာ ရေပက်ခံမဏ္ဍပ်များနဲ့ ဖျော် ဖြေရေးမဏ္ဍပ်များဟာ အင်းယားလမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ဆရာစံလမ်း စတဲ့နေရာတွေမှာ မိုးဦးကျမိုးပွင့်များလို အပြိုင်ပြိုင် အဆိုင်ဆိုင် တည်ဆောက်ပြီး မြန်မာ့ရိုးရာအတာသြင်္ကန်ကို တပျော် တပါး တည်ဆောက်ပျော်မြူးခဲ့ကြတယ်။ ယခုလက်ရှိ ၂၀၁၀ ခုနှစ် ရဲ့ ရန်ကုန်မြို့ မြန်မာ့အတာ သြင်္ကန်ကို သြင်္ကန်ချစ်သူတို့ ဘယ်လိုပုံ ဖော်ကြမလဲ၊ ဘယ်နေရာတွေမှာ ဘယ်လိုပုံစံတွေနဲ့ တည်ဆောက် ကြပြီး အများပြည်သူတွေကို ပျော်ရွှင်စေကြမှာလဲဆိုတာကလဲ ကြည့် ရတော့မှာ ဖြစ်ပါတယ်။ စီးပွားရေးအခွင့်အလမ်းများ ပွင့်လန်းလာပြီ ဆိုသည့်နောက်တွင် ပြည်တွင်းမှာရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးများ ဘာတွေလုပ်ပြကြဦးမှာလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး ပထမဦးဆုံး ရေပက်ခံမဏ္ဍပ်နဲ့ ဖျော်ဖြေရေးမဏ္ဍပ်များ တည်ဆောက်ကြမဲ့ အခြေ အနေတွေနဲ့ပတ်သက်ပြီး လေ့လာကြည့်တဲ့အခါမှာ-"ကျွန်တော်တို့အဖွဲ့က ပြီးခဲ့တဲ့ ၂၀၀၉ ကတော့ အင်းယားလမ်း ဘက်မှာ မဏ္ဍပ်လေးလုံး ဆောက်ဖို့ အော်ဒါရပါတယ်။  အဲဒီတုန်းက အင်းယားလမ်းမှာ ဆောက်ရတာက မဏ္ဍပ်တွေက တစ်ဆက်တည်း လေ။ ကိုယ်ဆောက်ရမဲ့မဏ္ဍပ်က အဝင်အနိမ့်ပိုင်းဆိုရင်တော့ နည်း နည်း သက်သာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆောက်တဲ့ မဏ္ဍပ် တွေက အလယ်လောက်ကျတော့ တဖြည်းဖြည်းမြင့်လာပြီး ဆောက် လုပ်ရတာ တော်တော်ခက်ခဲခဲ့ပါတယ်။ ဒါက မဏ္ဍပ်အားလုံးက သူ့ ထက်ငါ အမြင့်ရောက်အောင်ဆောက်ကြတာလေ။ သစ်တွေကတော့ ဆောက်လုပ်တဲ့ ကုမ္ပဏီတွေက ငှားထားတာပါ။ ကျွန်တော်တို့က သံချက်နည်းအောင်တော့ အသုံးပြုပေးရတယ်။ ဒါက ဒီသစ်တွေက သြင်္ကန်ပြီးရင်   သစ်ဆိုင်တွေစီ  ပြန်အပ်ကြတာပါ။  ဆောက်တဲ့ အခါမှာလဲ ဒေါက်ပိုးစနစ်နဲ့ အများဆုံးဆောက်ရတယ်။ ဒါမှလဲ သံချက်နဲမှာပါ။ နောက်ပြီး အရင်က မဏ္ဍပ်တွေကို ဆေးသုတ်ကြ တယ်။ ဒီနောက်ပိုင်း မသုတ်ကြတော့ဘူး။ ဆေးသုတ်ခဆေးဖိုး၊ သုတ်ခသက်သာတဲ့အပြင် ဒီသစ်တွေကိုလဲ မူလအရောင်အတိုင်း ရှိနေပါတယ်။ အခုခေတ်စားလာတာက စပွန်ဆာယူတဲ့ ကုမ္ပဏီတွေ ရဲ့ ကုန်ပစ္စည်းကြော်ငြာ ဗီနိုင်းတွေ ချိတ်တယ်။ ကပ်တယ်။ မဏ္ဍပ် ဆောက် ကုမ္ပဏီတွေဘက်က ကြည့်ရင်လဲမှန်တယ်။  ဒီသြင်္ကန်မှာ ကိုယ့်မဏ္ဍပ်ကို စပွန်ဆာကုမ္ပဏီ ဘယ်နှစ်ခုရလဲဆိုတာတို့ လက်မှတ် ဘယ်လောက် ရောင်းရ တာတို့ ကလဲ တွက်ရတယ်လေ။ ကျွန်တော်တို့ ဆောက်တဲ့လူတွေကလဲ သစ်တွေကို တတ်နိုင်သလောက် ဖြတ်တာ တောက်တာတွေ ရှောင်ရတယ်။  ကျွန်တော်တို့အဖွဲ့တော့ အခုထိ လက်ခံထား တဲ့မဏ္ဍပ်က ရပ်ကွက်မဏ္ဍပ်ဆိုရင် နှစ်လုံးပဲရသေးတယ်။ ရပ်ကွက် မဏ္ဍပ်က ငါးသိန်းနဲ့လက်ခံတယ်။ တခြားကုမ္ပဏီ မဏ္ဍပ်က ၁၇ သိန်းနဲ့လက်ခံထားတယ်။ ဈေးနှုန်းဆိုတာက မဏ္ဍပ်အကြီး အသေး အပေါ်မူတည်တယ်။ ဒီဇိုင်းပုံတွေပါရင်တော့ ဈေးပိုတယ်။ မနှစ်က ဈေးလောက်တော့ မရဘူး။ ဒါကလဲ အခြေအနေကြည့်ပြီး လုပ်ရတာလို့" သြင်္ကန်ကာလများကို မျှော်နေတဲ့  ရွှေပြည်သာက သြင်္ကန်မဏ္ဍပ် တည်ဆောက်ရေးလုပ်ငန်းနဲ့ တစ်နှစ်တစ်ခါ ဝင်ငွေ ကောင်းရှာနေတဲ့ ကိုကြည်စိုးနဲ့အဖွဲ့ကလဲ မျှော်လင့်ချက်စကား လက် ဆောင်ပါးခဲ့ပါ တယ်။အော်ဒီယိုစက်တို့ကလဲ မျှော်လင့်ကြမြန်မာတို့ရဲ့ နှစ်သစ်သြင်္ကန်ဟာ တစ်နှစ်မှာ တစ်ကြိမ်ကျ ရောက်ခဲ့မှုကြောင့်လဲ မြန်မာလူမျိုးတို့ နှစ်သက်စွာနဲ့ ပျော်မြူးခဲ့ကြ တာဟာဆိုရင် ရှေးနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သလို ခေတ်စနစ်များ ပြောင်းလဲလာမှုကြောင့်လဲ ပျော်ရွှင်မှုပုံသဏ္ဌာန်များ၊ ဖျော်ဖြေမှုပုံ သဏ္ဌာန်များဟာ တစ်နှစ်နဲ့တစ်နှစ်မတူဘဲ တိုးတက်ပြောင်းလဲလာ ခဲ့ရာမှာ ဖျော်ဖြေရေးကဏ္ဍတွေမှာ အသုံးပြုတဲ့ အသံပိုင်းဆိုင်ရာ အော်ဒီယိုစက်တို့ရဲ့နေရာ အတော်ပင်နေရာရရှိခဲ့ကြရပါတယ်။ ဒီလို အော်ဒီယိုစက်များ နေရာရရှိခြင်းဟာ လူငယ်တို့ရဲ့ဖျော်ဖြေမှုအသွင် သဏ္ဌာန်များ ဆန်းသစ်လာခြင်း၊ မဏ္ဍပ်ကြီးများတစ်ခုနဲ့ တစ်ခု အပြိုင် အဆိုင် တီးမှုတ်သီဆိုကြခြင်းများက အော်ဒီယိုစက်များကို နေရာရ စေခဲ့ပါတယ်။ ဒါကြောင့်မို့ အော်ဒီယိုစက်များကို သြင်္ကန်ကာလ ရောက်တိုင်း ငှားရမ်းတဲ့လုပ်ငန်းလုပ်ကိုင်သူတို့နဲ့ တွေ့ဆုံကြည့်ရာမှာ-"ကျွန်တော်တို့ စက်တွေကို မနှစ်က တီဟုမ်းမဏ္ဍပ်ကရယ်၊ အင်းယားလမ်းက မဏ္ဍပ်သုံးခုရယ်က ငှားပါတယ်။ ကျွန်တော့်ဆီမှာ အော်ဒီယိုစက်က မဏ္ဍပ်လေးခုစာရှိပါတယ်။ မနှစ်က အကြိုနေ့ ကနေ အတက်နေ့အထိကို တစ်စင်စာကို ၃၂ သိန်းနဲ့ ငှားပါတယ်။   အခုထိတော့ ဆိုင်ထားတဲ့ မဏ္ဍပ် တစ်ခုရှိတယ်။ ၂၅ သိန်းနဲ့။ ဈေး နည်းသွားတာကလဲ ရတာကို ချိတ်ထားတာပါ။  ကျွန်တော်တို့ စက်တွေက အထူးသဖြင့် တီးဝိုင်းတွေအတွက် မဖြစ်မနေလိုတယ် လေ။ မဏ္ဍပ်တွေမှာက သူ့ထက်ငါ အပြိုင်တီးကြ၊ ဆိုကြမှာ။ ကိုယ့် စက်က ပါဝါနိမ့်ရင် ခံသွားရမှာ။ ဒါကြောင့်စက်တွေကို အသံပိုင်း ဆိုင်ရာ အကောင်းဆုံးဖြစ်အောင် လုပ်ထားရတယ်။ ပြီးခဲ့တဲ့နှစ်က ကျွန်တော့်စက်တွေက တီဟုမ်းမှာကြားကြမှာပါ။ အခု စက်ငှားတယ် ဆိုတာကလဲ စောသေးတယ်ထင်ပါတယ်။ တချို့ ၄-၅ ရက် အလိုမှ ကပ်ပြီး လာငှားကြတာဆိုတော့ မျှော်လင့်ချက်တော့ ရှိနိုင်သေးတယ် လို့ ထင်ပါတယ်" လို့ မြောက်ဥက္ကလာက အော်ဒီယိုစက်များကို ငှားရမ်းတဲ့အလုပ် လုပ်ကိုင်နေသူ ကိုမြင့်ဆွေကလဲ သူ့ရဲ့မျှော်လင့် ချက်တွေ ဖြစ်လာနိုင်ပါသေးတယ်လို့ ဆိုပါတယ်။ဒီလိုသြင်္ကန်ကာလတစ်ခုကို အမှီပြုပြီး တစ်နှစ်တစ်ခါ စီးပွားရှာ သူတို့ရဲ့ မျှော်လင့်ချက်များဟာ ယခုနှစ်မြန်မာ့ ရိုးရာအတာသြင်္ကန် က သူတို့အားထားရာ ဈေးကွက်တစ်ခုဆိုတာကလဲ မှေးမှိန်မသွားဘဲ ရှိမြဲရှိဆဲ ရှိနေဦးမယ်လို့ ဆိုကြပြန်ပါတယ်။   တင်စိုး၊ စဉ့်ကူး