Main menu

Background

မြန်မာနိုင်ငံနှင့် ပတ်ဝန်းကျင်း ထိန်းသိမ်းရေး

Mon, 03/22/2010 - 05:02 -- Anonymous (not verified)

မြန်မာနိုင်ငံရဲ့ စုစုပေါင်းအသားတင် ပြည် တွင်းထုတ်ကုန်နဲ့ ဝန်ဆောင်မှုတန်ဖိုး (GDP)မှာ စက်မှုလက်မှုကဏ္ဍ ပါဝင်မှုအချိုးဟာ ၁၇ ရာခိုင် နှုန်းသာရှိတဲ့အတွက်ကြောင့် တခြားနိုင်ငံတွေလို ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှု သိသိသာသာ များပြား လာခြင်း မရှိတာ တွေ့ရပါ တယ်။ ဒါ့အပြင် လောလောဆယ် မြန်မာ တစ် နိုင်ငံလုံးမှာ မှတ်ပုံတင်ထားတဲ့မော်တော်ယာဉ် စီးရေ စုစုပေါင်းဟာ (၂)သိန်းခန့်သာ ရှိတဲ့ အတွက် အဲဒီမော်တော်ယာဉ်တွေက ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှု ဟာလည်း သိပ်များပြားစွာ မရှိသေးတာ တွေ့ရပါတယ်။မြန်မာနိုင်ငံရဲ့ လက်ရှိစီးပွားရေးဟာ လယ်ယာ ကဏ္ဍအပေါ်မှာ အခြေခံ ထားပြီး ဆောင်ရွက် နေတဲ့အတွက် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှု သိသိသာသာကြီး များပြားလာနိုင် တဲ့အလားအလာမရှိကြောင်း ခန့်မှန်းရပါတယ်။မြန်မာနိုင်ငံရဲ့ စုစုပေါင်းမြေဧရိယာ စတုရန်း မိုင် ၂ ဒသမ ၆၁ သိန်းခန့်ရှိတဲ့အနက် သစ်တော ဧရိယာဟာ စတုရန်းမိုင် ၁ ဒသမ ၃၇ သိန်းရှိတဲ့အ တွက် စုစုပေါင်းမြေဧရိယာရဲ့ ၅၂ ရာခိုင်နှုန်းဟာ သစ်တောတွေနဲ့ ဖုံးလွှမ်းလျက်ပဲ ရှိနေပါတယ်။အဲဒီ သစ်တောဧရိယာ ၄၃ ရာခိုင်နှုန်းကို လည်း သစ်တော ကြိုးဝိုင်းအဖြစ် စနစ်တကျ သတ်မှတ် ထားရှိပြီး ထိန်းသိမ်းထားတာ တွေ့ရပါတယ်။ သစ်တော ဦးစီးဌာနအနေနဲ့ နှစ်စဉ် ကျွန်းပျိုး ပင်ပေါင်း ၂၅သန်းမှ သန်း ၃၀ခန့်နဲ့ သစ်မာ ပျိုးပင်ပေါင်း သန်း ၃၀ မှ ၄၀ ခန့် တိုးချဲ့ စိုက်ပျိုး နေတာ သိရပါတယ်။ ဒါ့အပြင် ၁၉၂၂ ခုနှစ် သစ်တောဥပဒေနဲ့ ၁၉၉၄ ခုနှစ် သစ်တောဥပဒေတွေ အရ မြန်မာနိုင်ငံရှိ ရှားပါး တိရစ္ဆာန်တွေနဲ့ ရှား ပါး သစ်ပင်တွေကို ထိန်းသိမ်းနိုင်ဖို့အတွက် သစ်တော ကြိုးဝိုင်း တွေရှိတဲ့ ၃၈ နေရာမှာ အမျိုးသား သဘာ၀ ဥယျာဉ်တွေ ထူထောင်ထား ရှိပြီး ထိန်းသိမ်း ဆောင်ရွက်နေတာလည်း တွေ့ရပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေ သမှာ စိမ်းလန်းစိုပြေရေးစီမံကိန်းတွေ ရေးဆွဲ ပြီး ဖိဖိစီးစီးဆောင်ရွက်ခဲ့တဲ့အတွက် ယခုအခါ အဲဒီဒေသတွေမှာ သစ်ပင်တွေနဲ့ စိမ်းလန်းစိုပြေ လာတာကိုလည်း မြင်တွေ့ရပါတယ်။ကျွန်းနဲ့ သစ်မာပင်တွေကို ခုတ်လှဲခွင့်ပြုရာ မှာလည်း ပြောင်တလင်းခါ ခုတ်လှဲခြင်းကို ခွင့်မပြု ဘဲ ရေရှည်မှာ သစ်တောမပြုန်းတီး စေတဲ့ ခုတ်လှဲ တဲ့ စနစ်သတ်မှတ်ပေးထားတဲ့အပေါ် ရွေးချယ် ခုတ်လှဲတဲ့စနစ်အရ ပဲခွင့်ပြုထားပါတယ်။ကျွန်းပင် တွေကိုတော့ သစ်ကွက်ရှိ နှစ်ပြည့်(နှစ် ၅၀ ခန့်မှ ၁၀၀ ကျော်အထိ)နဲ့ လုံးပတ်ပြည့် ကျွန်းပင်တွေ ကိုသာ ပထမဦးစွာ သင်းသတ်ပြီး  သုံးနှစ်ပြည့် မြောက်မှသာ ခုတ်လှဲခွင့်ပြုထားပါတယ်။ ယခင်က ဥပဒေစိုးမိုးမှု အပြည့်အဝမရှိသေးတဲ့  နယ်စပ် ဒေသတွေမှာ တရားမဝင် သစ်ခိုးထုတ်လုပ်မှုတွေ ကြောင့် သစ်တောပြုန်းတီးမှုတွေ အတော်အတန် ရှိခဲ့ပေမယ့် ၁၉၈၈ ခုနှစ်နောက်ပိုင်း တောတွင်း လက်နက်ကိုင်  အဖွဲ့အစည်းတွေ ဥပဒေဘောင် အတွင်း ဝင်ရောက်လာတဲ့အချိန်ကစပြီး နယ်စပ် ဒေသတွေမှာ သစ်တောပြုန်းတီးမှု တွေ သိသိသာ သာ လျော့နည်းကျဆင်းသွားခဲ့တယ်လို့ သိရပါ တယ်။မြန်မာနိုင်ငံအနေနဲ့   နိုင်ငံအနှံ့အပြား မှာရှိတဲ့ စက်မှုဇုန်တွေကို စနစ်တကျ တည်ထောင် ပေးထားတဲ့အတွက် စက်မှုဇုန်တွေက ထွက်ရှိတဲ့ စွန့်ပစ်အညစ်အကြေးတွေကို စနစ် တကျ စွန့်ပစ်ကြဖို့ ညွှန်ကြားဆောင်ရွက်နိုင်ခဲ့ ပါတယ်။  ဒါ့အပြင် လယ်ယာကဏ္ဍ မှာလည်း လေထု၊ ရေထုညစ်ညမ်းမှုဖြစ်စေနိုင်တဲ့ ပိုးသတ် ဆေးအမျိုးမျိုး အသုံးပြုတာကို ကြီးကြပ်ဆောင် ရွက်နေတဲ့အတွက် တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ် ရင် မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အခြေအနေဟာ ကောင်းမွန်တယ်လို့ ဆိုနိုင် ကြောင်းပါခင်ဗျား။Ref:IPCC Reportsမောင်ပုဆိုးကြမ်း