Main menu

Background

မြန်မာ့ကာယဗလ၊ ကာလအလှနှင့်မောင်မြန်မာ၊ မယ်မြန်မာနောက်ခံသမိုင်း

Thu, 03/11/2010 - 04:43 -- Anonymous (not verified)

        မြန်မာနိုင်ငံတွင် မောင်ဗမာစတင် ဖြစ်ပေါ် လာပုံမှာ မြန်မာ့အလေးမ သမိုင်းနှင့် ဆက်နွယ်နေသည်ဟု ဆိုရလျှင်မှားမည်မထင်။ အဘယ်ကြောင့် ဆိုသော် ကမ္ဘာ့လူသန်ကြီးများ၏ ကြံ့ခိုင်သန်စွမ်းမှုနှင့် ထွားကျိုင်းမှု ကိုအားကျပြီး အလေးဖြင့်လေ့ကျင့်ရာမှ စတင်ပေါက် ဖွား လာခဲ့ခြင်းဖြစ်ပေသည်။ အစ ပထမတွင် သန်စွမ်းမှုကို ဦးစားပေး၍ လေ့ကျင့် ရာမှ ခေတ်နှင့်အညီ အလေးမနည်းနှင့် ကိုယ်ကာယအလှ လေ့ကျင့်နည်းဟူ၍ ခွဲခြားလာခဲ့ကြသည်။ မြန်မာနိုင်ငံ၏ ကာယဗလသမိုင်းကို စတင်ဖြစ်ပေါ်စေခဲ့သူမှာ ကာယဗလဖခင်ကြီးဟု လူသိများသော ကာယဗလ ဦးရှိန်ပင် ဖြစ်ပါသည်။ ဦးရှိန်သည် ခန္ဓာ ကိုယ်ထွားကျိုင်းသူ တစ်ဦးမဟုတ်သော်လည်း ကိုယ်အလေးချိန် ၁ဝ၇ ပေါင်ဖြင့် ၁၄၅ ပေါင်ကို ခန္ဓာကိုယ် တည်ဆောက်ပုံနှင့် မမျှအောင် မနိုင်ခဲ့သူတစ် ဦးဖြစ်သည်။ ၂၃-၁၁-၁၉၁၁ ခုနှစ်တွင် ''မြန်မာကိုကမ္ဘာကသိ စေရမည်''ကြွေးကြော်သံဖြင့် ''မြန်မာပြည်ကာယဗလ အဖွဲ့''ဟူသော မြန်မာ အမိုျးသားများသာ ဦးစီးတည်ထောင်သည့် ကာယဗလအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထို့ကြောင့် ၁၉၁၁ ခုနှစ်ကို ကာယဗလနှစ်အဖြစ် သတ်မှတ်ခဲ့ပြီး အလုံမြို့နယ်၊ ဧရာဝတီလမ်းရှိ ဦးရှိန်၏နေအိမ်ဘေး တဲကုပ်လေးတွင် အလေးမနှင့် ကာယ ဗလ လေ့ကျင့်ရေးစခန်းကို ဖွင့်လှစ်ခဲ့သည်။       ၁၉၂၆ ခုနှစ်တွင် အလေးမလေ့ ကျင့်သူများ ညီညွှတ်မှုရှိစေရန် ရည်ရွယ်လျက် လူမျိုးပေါင်းစုံပါဝင်သည့် မြန်မာပြည် အပျော်တမ်း ကာယဗလအသင်း(BURMA  PHYSICAL  CULTURE  LEAGUE)   ကိုဖွဲ့စည်းခဲ့သည်။ ဥက္ကဌအဖြစ် ထိုစဉ်က ရန်ကုန်မြို့၏ မျက်နှာဖုံး လူကြီးတစ်ဦးဖြစ်သော ဝတ်လုံတော်ရ ဦးဘဒွန်းက ဆောင်ရွက်ပြီး အတွင်းရေးမှူး အဖြစ်တက္ကသိုလ် ကျောင်းသား စတီဗင်ဆင်က ဆောင်ရွက်ခဲ့သည်။      ၁၉၃၉ ခုနှစ်တွင် မြန်မာတစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် မြန်မာ ပြည်ကြံ့ခိုင်ရေးနှင့်ကျန်းမာရေးအသင်း (BURMA  STRENGTH  AND  HEALTH LEAGUE)     ကို ကာယဗလဦးရှိန်ကပင် ဦးဆောင်၍ဖွဲ့စည်းခဲ့ပါသည်။ အသင်းဥက္ကဌအဖြစ် ဒေါက်တာ ဝေါလ်တာချစ်ထွန်းနှင့် အတွင်း ရေးမှူးအဖြစ် သီဟဗလ ဦးသော်ဇင်က ဆောင်ရွက်ခဲ့ကြသည်။ အသင်းကိုဖွဲ့စည်းပြီးနောက် မောင်ဗမာ (Mr.Burma)   ပြိုင်ပွဲများကို ဖော်ထုတ်ခဲ့သည်။      သို့သော်လည်း ထိုစဉ်က ကျင်းပသည့် ပြိုင်ပွဲများကို မောင်ပြိုင်ပွဲဟူ၍ မခေါ် ဝေါ်ကြဘဲ Physical Excellence   ဟုသာခေါ်ဝေါ်ခဲ့ကြသည်။  ထိုပြိုင်ပွဲကို ရွှေတိဂုံဘုရား တပေါင်းပွဲတော်တွင် ရွှေတိဂုံဘုရား အနောက်ဖက်မုဒ်ရှိ ဂျုဗလီဟောတွင် ကျင်းပခဲ့ရာ မြို့မကျောင်းသား ကိုမောင်မောင်(ဒု-ဗိုလ်မှူးကြီးမောင်မောင်၊ တပ်မတော်-ရေ)ကရရှိခဲ့သည်။ဒုတိယကမ္ဘာစစ်ပြီးခေတ်မြန်မာ့ကာယ ဗလဒုတိယကမ္ဘာစစ်ပြီးခေတ်တွင် ရန် ကုန်မြို့ မြို့တော်ခန်းမ၌ အငယ်တန်း အလေးမတံခွန်စိုက်ပြိုင်ပွဲနှင့် မောင်ဗမာ အငယ်တန်း (Mr.Burma Junir)  ပြိုင်ပွဲကို ၁၉၄၁ ခုနှစ် ဇူလိုင်လ ၁၉ ရက် စနေနေ့ညတွင် ပထမဦးဆုံးအကြိမ် အဖြစ်စတင်ကျင်းပခဲ့သည်။ ထိုပြိုင်ပွဲတွင် ဂျင်မီဘသန်းက ပထမဦးဆုံး မောင်ဗမာ အငယ်တန်းဘွဲ့ကိုရရှိခဲ့သည်။ ထို့နောက် မောင်ဗမာအကြီးတန်းပြိုင်ပွဲကို ၁၉၄၁ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ည နေတွင် ဂျုဗလီဟော၌ကျင်းပခဲ့ရာ ပထမဦးဆုံး မောင်ဗမာအကြီးတန်းဆုကို မန္တလေးဇာတ် နမ္မတူဘော်တွင်းမှ မိုင်းစာရေးကိုခင်မောင် က ရရှိခဲ့ပါသည်။     ထို့နောက် မြန်မာနိုင်ငံ အလေးမ နှင့် ကာယဗလအသင်းချုပ် (BURMA WEIGUTLIFTING AND  PHYSICAL  WLTURE ASSOCIATION)  ကို ၁၉၄၇ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းခဲ့ သည်။ အသင်းချုပ်၏ဥက္ကဌအဖြစ် ဦး စိန်ရွက်က ဆောင်ရွက်ပြီး သီဟဗလ ဦး သော်ဇင်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၅-၉-၁၉၄၇ ရက် နေ့တွင် အပြည်ပြည်ဆိုင်ရာအလေးမ နှင့်ကာယဗလအဖွဲ့ချုပ်၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သည်။မောင်/မယ်ပြိုင်ပွဲများစတင်ကျင်းပပြီ၁၉၄၆ ခုနှစ်တွင် ရန်ကုန်မြို့အောင်ဆန်း အားကစားပြိုင်ဝင်း၌ မောင် ဗမာပြိုင်ပွဲကို စတင်ကျင်းပခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မောင်ပြိုင်ပွဲသာမက မယ်ပြိုင်ပွဲများပါ ထည့်သွင်းကျင်းပရန် စီစဉ်ခဲ့ရာ မယ်ပြိုင်ပွဲတွင် ဒေါ်လီချိုက ပထမ၊ ထိပ်စုဖုရားထွေးက ဒုတိယ၊ နင်းနက်ချစ်ထွန်းက တတိယရရှိခဲ့သည်။ အဆိုပါ မယ်ပြိုင်ပွဲကို မြန်မာနိုင်ငံ ကော်ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးမှ ဦးစီးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထို့ နောက် မောင်ဒဂုံ၊ မယ်ဒဂံုံပြိုင်ပွဲကို လည်း ကျင်းပခဲ့သည်။ ပထမဦးဆုံးကျင်းပသည့် မယ်ဒဂုံပြိုင်ပွဲတွင် ခင်စန်ကြွယ်က မယ် ဒဂုံဘွဲ့ကိုဆွတ်ခူးရရှိခဲ့သည်။ ထို့နောက် ၁၉၄၇ခုနှစ်တွင်ပင် မောင်တက္ကသိုလ် ပြိုင်ပွဲနှင့် မယ်တက္ကသိုလ်ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ မောင်တက္ကသိုလ် ဘဲွဲ့ကို ကိုအောင်ကြူးကရရှိပြီး မယ် တက္ကသိုလ်ဘွဲ့ကို နင်းနက်ချစ်ထွန်း (ဝေါလ်တာချစ်ထွန်း၏သမီး)ကရရှိခဲ့သည်။      ထို့နောက် ၁၉၄၈ ခုနှစ် ဇန်နဝါရီ လ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့အောင် ဆန်းကွင်း၌ အိုလံပစ်နေ့အထိမ်းအမှတ် အဖြစ် မယ်ပြိုင်ပွဲကို ကျင်းပခဲ့ရာ ခင်စန်းကြွယ်က ရရှိခဲ့သည်။ (၁၉၄၉ ခုနှစ် တွင် မယ်ဗမာဘွဲ့ရရှိခဲ့သော မယ်ဗမာ ဖြူဖြူရှိန်မှာ အဆိုတော်မေခလာ၏မိခင် ဖြစ်သည်) ၁၉၄၇ ခုနှစ်မှစ၍ ၁၉၆ဝ ပြည့်နှစ်အထိ မယ်ဗမာပြိုင်ပွဲများကို နှစ် စဉ်ကျင်းပခဲ့သည်။ ၁၉၆ဝ ပြည့်နှစ် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသော ပြည်ထောင်စုမယ်ပြိုင်ပွဲ တွင် အကယ်ဒမီမင်းသမီးကြီးခင်သန်းနု က ပြည်ထောင်စုမယ်ဘွဲ့ကို ရရှိခဲ့သည်။ ထို့နောက် တော်လှန်ရေးကောင် စီ လက်ထက်နှင့် မြန်မာဆိုရှယ်လစ်လမ်း စဉ်ပါတီခေတ်တို့တွင် မယ်ဗမာပြိုင်ပွဲ များသည် မြန်မာ့ယဉ်ကျေးမှုနှင့်ကိုက် ညီခြင်းမရှိဟုဆိုကာ ပြိုင်ပွဲများကိုကျင်း ပခြင်းမပြုတော့ချေ။       ထို့ကြောင့်ခင်သန်းနုသည် လွတ် လပ်ရေးရပြီးခေတ်နောက်ပိုင်း နောက် ဆုံး မယ်ဘွဲ့ရရှိသူတစ်ဦးလည်းဖြစ်ခဲ့သည်။မယ်ပြိုင်ပွဲများပြန်လည်ကျင်းပပြီ၁၉၉ဝ ပြည့်နှစ်နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက် တွင် ပထမအကြိမ် ပြည်နယ်/တိုင်း လှယဉ်ကျေးမယ်ပြိုင်ပွဲမှ အစပြု၍မယ် ပြိုင်ပွဲများပြန်လည် အသက်ဝင်လာခဲ့ သည်။ သို့သော်လည်း မယ်ပြိုင်ပွဲဟု မသုံး နှုန်းခဲ့ဘဲ လှယဉ်ကျေးမယ်ပြိုင်ပွဲ ဟု သာ ခေါ်ဝေါ်စေခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ကျင်းပသည့် အမျိုးသား အားကစား ပွဲ တော်ကျမှသာ မယ်ပြိုင်ပွဲဟုသုံးနှုန်း လာခဲ့ကြသည်။  မြန်မာနိုင်ငံအလေးမအဖွဲ့ခုျပ် လက်အောက်တွင်ရှိနေသော ကာယ ဗလနှင့်ကာယအလှအားကစားနည်းကို သီးခြားခွဲထုတ်၍ မြန်မာနိုင်ငံကာယ ဗလနှင့်ကာယအလှအဖွဲ့ချုပ်ကို ၂၄-၆-၉၁ နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ အဖွဲ့ ချုပ်ဥက္ကဌအဖြစ် ဗိုလ်မှူးချုပ်စိန်လွင် (တပ်မတော်ရေ)အတွင်းရေးမှူးအဖြစ် ဦးစိုးဝင်း(အား/ကာ)ကဆောင်ရွက်ခဲ့ သည်။        ၁၉၉၂ခုနှစ်တွင် ပက်(ပ်)စီကိုလာ မယ်ပြိုင်ပွဲကို ကျင်းပခဲ့ရာ ပက်(ပ်)စီကို လာမယ်အဖြစ် အေးအေးနိုင်ကရရှိခဲ့ သည်။ ထိုပြိုင်ပွဲမှာ မယ်ပြိုင်ပွဲ ဟုအမည် ပြောင်းပြီးနောက် စတင်ကျင်းပသည့် ပြိုင်ပွဲဖြစ်သည်။ ထိုအချိန်မှစ၍ မယ် ပြိုင်ပွဲများသက်ဝင်လှုပ်ရှားလာခဲ့သည် မှာ ယနေ့ ၂ဝ၁ဝ ခုနှစ်အထ ိပင်ဖြစ်ပေ သည်။(မြန်မာနိုင်ငံ၏ ကာယဗလနှင့်ကာယအ လှသမိုင်းကြောင်းကိုရှာဖွေ၊ ပြောပြ၊ မှတ်တမ်းများထုတ်ပေးသော ကာယ ဗလနှင့်ကာယအလှ အဖွဲ့ချုပ် အတွင်း ရေးမှူးဟောင်း ဆရာဦးစိုးဝင်း(ဒု-ညွှန်မှုး(ငြိမ်း)အား/ကာ)အား အထူးကျေးဇူးတင်ရှိပါသည်)