Main menu

Background

မြန်မာ့စက်မှုပြပွဲ ၂၀၁၀မှ ခင်းကျင်းပြသတဲ့ မြန်မာ ဆန်စက် ကုမ္ပဏီလီမိတက်၏ ပေါင်းစပါး ထုတ်လုပ်စက်အကြောင်း သိကောင်းစရာ

Mon, 03/08/2010 - 05:02 -- Anonymous (not verified)

မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်းက ကြီးမှူးကျင်းပတဲ့ "မြန်မာစက်မှုပြပွဲ ၂၀၁၀" ကို မတ်လ ၅ရက်က ရန်ကုန်မြို့ ဒဂုံမြို့နယ် ရှိ တပ်မတော်ခန်းမ၌ကျင်းပခဲ့ရာ မြန်မာဆန်စက် ကုမ္ပဏီလီမိတက်မှ ပေါင်းစပါး ထုတ်လုပ်စက်ကို ပြပွဲမှာ ခင်းကျင်းပြသခဲ့ပြီး ပေါင်းစပါး ထုတ်လုပ်မှုနဲ့ ပတ်သက်၍  PTAC-2 မှ  မေးမြန်းခဲ့ရာမှာ ဦးသောင်းဝင်း (သောင်းဝင်း စက်မှုလက်မှု)မှ အခုလို ရှင်းလင်းပြောကြားခဲ့ပါတယ်-"ပထမပိုင်း စပါးကို သန့်စင်စေဖို့အတွက် စပါးသန့်စင်စက် (Paddy Cleaner )ဖြင့် သန့် စင်ပြီးတ ဲ့နောက် သိုလှောင်ကန် (Storage Bin) ထဲမှာ စပါးများကို သိုလှောင်ရပါတယ်။ သိုလှောင် ပြီးတဲ့ စပါးများကို ရေပူစိမ်အိုး (Soaking Tank) မှာထည့်ပြီး အပူချိန် (၇၀ C)နဲ့  ၈ နာရီခန့် ရေစိမ် ရပါတယ်။ စပါးမှာ ရေဝလာတဲ့အခါမှာ ရေနွေး ငွေ့ပေါင်းအိုး  (Boiling Tank)ထဲမှာ စပါးကို ၂၀ မိနစ်ခန့် ပေါင်းပြီးတဲ့နောက် ရလာတဲ့ ပေါင်း စပါးကို အအေးခံစက် (Bed Cooler) သို့ ပို့ပေး ရပါတယ်။ အဲဒီလို ပေါင်းစပါးအအေးခံတဲ့အခါမှာ စပါးအစိုဓာတ် ၂၈ရာခိုင်နှုန်းခန့်တက်သွားမှာ ဖြစ် ပါတယ်။}}"တဖန် LSU စနစ် စပါးအခြောက်ခံစက် (Paddy Dryer) ထဲကိုထည့်ပြီး  ပေါင်းစပါးကို အခြောက်ခံ ပြီးတဲ့နောက် တစ်ရက်မှ နှစ်ရက်အထိ အအေးခံနှပ်ထားတဲ့အခါမှာ စပါးအစိုဓာတ် ၁၄ ရာခိုင်နှုန်းအထိ ရလာပါတယ်။  အဲဒီအချိန်ဟာ ပေါင်းဆန်ထုတ်လုပ်ကြိတ်ခွဲဖို့ အဆင်သင့် အနေအထားရောက်နေပါပြီ။ အဲဒီ ပေါင်းစပါးအခြောက် ခံစက်ကိုတော့ စပါးခွံမီးဖိုနဲ့ တွဲဆက် တပ်ဆင် အသုံးပြုထားပါတယ်။""ပေါင်းစပါးထုတ်လုပ်ရာမှာ အဓိက ရေနွေး ငွေ့အိုး (Boiler) လိုအပ်ပါမယ်။ ဒီမှာပြသထားတဲ့ နမူနာ စက်ပုံစံအတိုင်း ပေါင်းစပါးစက်တွေ ထုတ် လုပ်နေပါတယ်။ တစ်နေ့  တန် (၇၀)ကျ ပေါင်း စပါး ထုတ်လုပ်စက်တွေကို  ကျိုက်လတ်မြို့နယ်၊ ဘိုကလေးမြို့နယ်နဲ့ အိမ်မဲမြို့နယ်များမှာ တွင်တွင် ကျယ်ကျယ် ထုတ်လုပ်ဖြန့်ဖြူးနိုင်ဖို့အတွက် တည် ဆောက်နေပါတယ်။ ၂၀၁၀ ခုနှစ် အတွင်း ပြီးစီးမှာ ဖြစ်ပါတယ်။"ပေါင်းဆန်၏အကျိုးကျေးဇူးများကို မေးမြန်း ခဲ့ရာမှာတော့ ဦးသောင်းဝင်းက ယခုလို ဆက်လက် ရှင်းပြခဲ့ပါတယ်-"မြန်မာလူမျိုးများအနေဖြင့် ဆန်ဖြူဖြူကို စားလေ့စားထရှိတဲ့အတွက်  ဆန်ပေါ်မှာ အုပ်နေ တဲ့ ဖွဲနုကို ကုန်အောင် ရေနဲ့ဆေးကြောခဲ့ရာမှာ ကျန်းမာရေးအတွက် လိုအပ်တဲ့ ဖွဲနုမှာရှိတဲ့ ဗီတာ မင်များ ရေတွင်ပါဝင်သွားတာကို တွေ့ရပါတယ်။ပေါင်း စပါးက ထုတ်လုပ်ရရှိတဲ့ပေါင်းဆန်ဟာ ဖွဲနု ထဲမှာပါတဲ့ ဗီတာမင်B1, B2နှင့် အခြားသတ္တု ဓာတ်များကို ဆန်အတွင်းပိုင်းသို့  စိမ့်ဝင်သွား သည့် အတွက် အပျက်အစီးမရှိဘဲ ဆန်သားမှာ အပြည့် အဝရှိလာပါတယ်။ အဲဒီပေါင်းဆန်ကို ကြိတ်ခွဲရာမှ ထွက်ရှိတဲ့ ဖွဲနုမှာ အဆီ ဓာတ်များ   ပါဝင်ပြီး  ဗီတာမင်ဓာတ်မှာလည်း  ရေတွင်   ပျော်ဝင်သွား တာကို   မတွေ့ရတဲ့ အတွက်  အဲဒီဖွဲနုကို ဆီ ကြိတ်ရာမှာ ဆီပိုမိုထွက် ရှိတာကို တွေ့ရမှာ ဖြစ် ပါတယ်။""ပေါင်းဆန် အနေနဲ့ သာမန် ဆန်ဖြူထက် ဆန် အိုးတက်တဲ့အပြင် သတ်မှတ်အရည်အချင်း အလိုက် ဥပမာ-၅%၊ ၁၀%၊ ၁၅%၊ ၂၅% အစ ရှိသဖြင့် ဆန်ဖြူ (၁၀%) ဈေးနှုန်းနှင့် ပေါင်းဆန် (၁၀%) ဈေးနှုန်းမှာ ကွာခြားမှုမရှိတဲ့အတွက် ပေါင်းဆန်ဟာ စားသုံးသူအတွက် တွက်ချေကိုက် ပါတယ်။ ဒါ့အပြင်ထုတ်လုပ်ရာတွင်လည်း အောက်တန်း ပိုကောင်းပြီး ဆန်ပိုထွက်ရှိတာကြောင့် ထုတ်လုပ်မှု စရိတ် သက်သာပါတယ်။ စပါးတင်း ၁၀၀ ကြိတ် ခွဲလျှင် ရိုးရိုးဆန်ဖြူတင်း ၃၀ခန့်ရပြီး၊ ပေါင်းစပါး တင်း ၁၀၀ ကြိတ်ခွဲပါက ပေါင်းဆန်တင်း ၄၀ ရရှိ ပါတယ်။ ဒါ့ကြောင့် ပေါင်းဆန်ဟာ စားသုံးသူ အတွက်နဲ့ ထုတ်လုပ်သူအတွက်သာမက နိုင်ငံ တော်အတွက်လည်း စပါးပိုမိုစိုက်ပျိုးလိုက်သကဲ့သို့ သုံးဦးသုံးဖလှယ် အကျိုးရှိပါတယ်။"တစ်ချိန်က မြန်မာနိုင်ငံဟာ ကမ္ဘာ့ပေါင်း ဆန် ဈေးကွက်မှာ အစောဆုံး နေရာရရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ၁၉၉၉ ခုနှစ် နောက်ပိုင်းမှာတော့ တင်ပို့နိုင်ခြင်းမရှိတော့ပါဘူး။ အိမ်နီးချင်းနိုင်ငံ တွေဖြစ်တဲ့ အိန္ဒိယနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ဟာ ကမ္ဘာ့ ဈေးကွက်မှာ နေရာအများဆုံး ရယူထားပါ တယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံအနေနဲ့ မြန်မာ့ပေါင်း ဆန်ဈေးကွက် ပြန်လည်ရရှိရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းသွားကြရန် လိုအပ်ကြောင်း တင်ပြလိုက် ရပါတယ်။                                  PTAC-2