Main menu

Background

ကျောက်ဆည်ခရိုင် လယ်ယာထွက်ကုန် ဈေးနှုန်းများ

Thu, 06/04/2026 - 15:14 -- journal_editor

ပဲတီစိမ်း

မန္တလေးတိုင်းဒေသကြီး  ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသ တစ်ခုဖြစ်သောကြောင့် စပါး၊ပဲ၊ပြောင်း၊ နှမ်းသီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ ပဲတီစိမ်းသီးနှံကိုလည်း တောင်သူများမှ သီးထပ်သီးညှပ် စိုက်ပျိုးသည့်အပြင် သီးသန့်ဧကအလိုက် စိုက်ပျိုးလျက်ရှိသည်။ ပဲတီစိမ်း(မိုး)ကို မတ်လနှင့် ဧပြီလများတွင် စတင်စိုက်ပျိုးပြီး ယခုအချိန်တွင် အစောစိုက် ပဲတီစိမ်းများ စတင်ထွက်ပေါ် နေပြီဖြစ်သည်။ ပဲတီစိမ်းဈေးနှုန်းအနေဖြင့် မေလနောက်ဆုံးပတ်တွင် တစ်တင်းလျှင် ကျပ် ၉၇၀ဝ၀ ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပြီး တောင်သူများမှ သီးနှံထွက်ပေါ်ချိန်တွင် နီးစပ်ရာ ကျောက်ဆည်မြို့ပေါ်ရှိပွဲရုံများသို့ တိုက်ရိုက်သွားရောက် ရောင်းချကြကြောင်း သိရှိရသည်။
နွေနှမ်း

နွေနှမ်းကို မတ်လနှင့်ဧပြီလများတွင်စတင်စိုက်ပျိုးခဲ့ပြီး အများဆုံး စိုက်ပျိုးသောမျိုးများမှာ နှမ်းဖြူ၊ နှမ်းညိုနှင့် နှမ်းနက်မျိုးများကို စိုက်ပျိုးကြသည်။  ယခု အချိန်တွင်  မိုးရွာသွန်းမှုကောင်းသောကြောင့်  နှမ်းပင်များ  ကောင်းမွန်စွာ   အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အပွင့်များ ဖူးပွင့်နေပြီဖြစ်သည်။  နှမ်းဈေးနှုန်းအနေဖြင့် မေလ စတုတ္ထပတ်တွင် နှမ်းဖြူတစ်တင်းလျှင် ကျပ် ၁၃၀ဝ၀ဝ၊ နှမ်းညိုတစ်တင်းလျှင် ကျပ် ၁၃၂၀ဝ၀၊ နှမ်းနက်တစ်တင်းလျှင် ကျပ် ၁၂၀ဝ၀ဝ၊ နှမ်းဆီ တစ်ပိဿာလျှင် ကျပ် ၁၈၀ဝ၀ ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိသည်။ တောင်သူများမှာ နှမ်းကို ဆီထွက်သီးနှံအဖြစ် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိသည်။
နေကြာ

နေကြာသီးနှံကို မတ်လနှင့် ဧပြီလများတွင် စတင်စိုက်ပျိုးပြီး ယခုအချိန်တွင် မိုးရွာသွန်းမှု ကောင်းသောကြောင့် နေကြာပင်များ ကောင်းမွန်စွာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။ နေကြာဈေးနှုန်းအနေဖြင့် မေလစတုတ္ထပတ်တွင် တစ်တင်းလျှင် ကျပ် ၇၀ဝ၀ဝ၊ နေကြာဆီ တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ဝ ဈေးနှုန်း များဖြင့်ရောင်းဝယ်လျက်ရှိသည်။ သီးနှံပေါ်ချိန်တွင်တောင်သူများမှ မြို့ပေါ်ပွဲရုံသို့ ကိုယ်တိုင်ရောင်းချကြောင်း၊ ပွဲရုံများမှတစ်ဆင့် ရန်ကုန်နှင့် မန္တလေးမြို့များသို့ တင်ပို့ ရောင်းချကြကြောင်း၊ နေကြာသီးနှံ ထွက်ပေါ်ချိန်တွင် အထွက်နှုန်းနှင့် ဈေးနှုန်းများ ကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ် ပိုမိုဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း သိရှိရ သည်။
မြေပဲ

မြေပဲဈေးနှုန်းအနေဖြင့် မေလစတုတ္ထပတ်တွင် မြေပဲတောင့် တစ်တင်းလျှင် ကျပ် ၄၁၀ဝ၀၊ မြေပဲဆန် တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ၊ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ဝ ဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရသည်။

နှင်းလဲ့လဲ့