ယခုနှစ်ဈေးကောင်းရသောဝါသီးနှံ
မိတ္ထီလာခရိုင်အတွင်း ချဉ်မျှင် ရှည်ဝါအစိုက်များသော်လည်း မလှိုင် မြို့နယ်တွင်ဒေသမျိုးဖြစ်သည့် မလှိုင်ဝါ (ချည်မျှင်တို)ကိုလည်း စိုက်ပျိုးမှုရှိ ကြောင်းသိရသည်။ ယခုနှစ် ချည်မျှင် ရှည်ဝါ ၃၅၇၄၄ ဧကနှင့် ချဉ်မျှင်တိုဝါ ၄၁၁၄ဧက စိုက်ပျိုးခဲ့ပြီး တစ်ဧက အထွက်နှုန်းအနေဖြင့် ချည်မျှင်ရှည်ဝါ မှာ ပိဿာ ၄၀ဝခန့်နှင့် ချည်မျှင်တိုဝါမှာ ပိဿာ ၁၀ဝ ထွက်ရှိကြောင်း သိရ သည်။
