Main menu

Background

ရင်းနှီးမြှုပ်နှံသူများ ရွှေဘက်ကို ဦးလှည့်လာ

Fri, 02/26/2010 - 15:53 -- Anonymous (not verified)

     ရွှေနဲ့ ဝယ်ယူစုဆောင်းမှုမှာ ခိုင် မာမှုများရှိလာသောကြောင့် ရင်းနှီး မြှုပ်နံှသူ အများစုမှာ ရွှေဘက်သို့ ဦးလှည့်၍ ရင်းနှီးမြှုပ်နှံမှု များ ပြုလုပ်လာကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။     ခုဆို လူတွေက ငွေရဲ့တန်ဖိုးကို ယုံကြည်လာတယ်။ ရင်းနှီးမြှုပ်နှံမဲ့သူ တွေကလည်း ခိုင်မာမှုရှိတဲ့ လုပ်ငန်း တွေကို ဦးတည်ရွေး ချယ်လာကြတယ်။ ရွှေရဲ့ခိုင်မာမှုကို လူတွေက ပိုမြင်လာ ကြတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမယ့် သူတွေက ရွှေဘက်ကို ဦးလှည့် လာကြတယ်။ ရွှေက ခိုင်မာမှုရှိတဲ့ အတွက် အနာဂတ်မှာ ဈေးတက်ဖို့ပဲ ရှိတယ်။ ကျဖို့ မရှိဘူး။ အခုရင်းနှီးမြှုပ်နှံသူတွေက ရွှေကို စီးပွားရေးဆန်ဆန် တွက် ချက်ပြီးတော့ကို ဝယ်စုဆောင်းလာ ကြတယ်။ ရွှေကလည်း ကမ္ဘာမှာ ဘယ်နိုင်ငံမှာမဆို လဲလှယ်ပြီး အသုံးပြု ကြတယ်။ ကမ္ဘာနဲ့တစ်ဝန်း ရွှေကို တန် ဖိုး ထားကြတယ်။ ရွှေရဲ့တန်ဖိုး၊ ခိုင်မာမှုအဆင့် စတာတွေက ဘယ်နိုင်င ံမှာမဆို အတူတူပဲ။ အရည်အသွေးက အခေါက်ချွတ်တဲ့နည်းပညာပေါ်မူတည်ပြီး နဲနဲကွာခြားသွားတယ်။ ကမ္ဘာမှာ အကောင်းဆုံးဖြစ်တဲ့ ဆွစ်ဇာလန်  ရွှေက နည်းပညာကောင်းမွန်တဲ့အတွက် အကောင်းဆုံး သတ်မှတ်ထားတာ။ သူတောင်မှ ၉၉ ဒသမ ၉ ရာခိုင်နှုန်း ပဲရှိ တယ်။ ၁၀၀ ရာခိုင်နှုန်း အပြည့်အ၀ ထုတ်နိုင်တာ ဘယ်နိုင်ငံမှ မရှိသေးဘူး ဟု ၎င်းင်းကပြောသည်။     ယခု လတ်တလော ဖြစ်ပေါ် နေသော ရွှေဈေးကွက်မှာ အကယ်ဒမီ အခေါက် ရွှေတစ်ကျပ်သားလျှင် ၅၉၅၀၀၀ ကျပ်၊ ကမ္ဘာ့ရွှေဈေး အမေရိကန်ဒေါ်လာ ၁၁၀၆ ဝန်းကျင် ရှိကြောင်းနှင့် ယခုကဲ့သို့ရွှေဈေးမှာ ကျပ်ခြောက်သိန်းဝန်းကျင်တွင် အတက် အကျ ဖြစ်ပေါ်နေခြင်းကို ဈေးကွက် အပြောင်းအလဲဖြစ်သည်ဟု ခေါ်ဆို၍ မရနိုင်ကြောင်း ပြောကြားသည်။                                                                                                                              မင်းသန့်