Main menu

Background

ရာသီဥတုပြောင်းလဲမှုနှင့် အမျိုးသားလုံခြုံရေး ပြဿနာ

Wed, 02/10/2010 - 05:05 -- Anonymous (not verified)

လာမယ့် ဆယ်စုနှစ်တွေအတွင်း ရာ သီဥတု ပြောင်းလဲဖောက်ပြန်မှုကြောင့် မိုးသက်မုန်တိုင်း ကျရောက်တာ၊ မိုးခေါင် ရေရှားတာ၊ ကပ်ရောဂါတွေ ပျံ့နှံ့ဖြစ် ပွားလာတာတွေ စတဲ့ သဘာဝဘေး အန္တရာယ်ရဲ့ စိန်ခေါ်မှုတွေဟာ တချို့ နိုင်ငံတွေရဲ့  အမျိုးသားလုံခြုံရေးကို ငြိမ်းခြောက် လာနိုင်ဖွယ် ရှိနေပါတယ်။ ဥပမာ- ရေဘေးအန္တရာယ် အကြီး အကျယ်ကျရောက်ခဲ့ရင်  ဘင်္ဂလား ဒေ့ရှ်နိုင်ငံက  ရေဘေးဒုက္ခသည် ထောင်ပေါင်းရာနဲ့ချီပြီး ဘေးလွတ်ရာ ဒေသဖြစ်တဲ့ အိန္ဒိယနိုင်ငံ အတွင်းကို အလုံးအရင်းနဲ့ချီပြီး  ပြေးဝင်  ခို အောင်း လာနိုင်ကြပါတယ်။ အခြေခံ အဆောက် အအုံတွေ ကြီးကြီးမားမား ပျက်စီးပြီး  နယ်စပ်  ပဋိပက္ခတွေ ကူးစက်ရောဂါ ပျံ့နှံ့မှုတွေ ဖြစ်ပွား လာနိုင်ပါတယ်။ အဲဒီ အန္တရာယ်ကို သိမြင်တဲ့အတွက် အိန္ဒိယအာဏာပိုင်တွေဟာ ယခုကတည်း က နှစ်နိုင်ငံ နယ်စပ်မှာ တံတိုင်းတွေကာရံနေတယ်လို့ သိရပါတယ်။ကမ္ဘာကြီးရဲ့ အပူချိန်ဒီကရီ မြင့်တက် လာတာ၊  ပင်လယ်သမုဒ္ဒရာအတွင်း သမားရိုးကျ မဟုတ်တဲ့ မုန်တိုင်းတွေ သောင်းကျန်းလာတာ၊ ဝင်ရိုးဝန်းဒေသ က ရေခဲတောင်တွေနဲ့ ဟိမဝန္တာတောင် ပေါ်က ရေခဲမြစ်တွေ အရည်ပျော်ကျ စီးဆင်းလာတာစတဲ့ အန္တရာယ်တွေ ဟာ အဲဒီဒေသတွေနဲ့ ဆက်စပ်နေကြ တဲ့ နိုင်ငံတွေရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာနေကြပါတယ်။ လူမှု ရေး ပြဿနာတွေ၊ စီးပွားရေးနဲ့ နိုင်ငံ ရေး ပြဿနာတွေ စုပြုံကျရောက်လာ နိုင်ပြီး အခန့်မသင့်ရင် စစ်ရေးအရ ဖြေရှင်းရတာတွေ ပေါ်ပေါက်လာနိုင် ပါတယ်။ဆူဒန်နိုင်ငံ တောင်ပိုင်းမှာ ပြဿနာ တွေ အဆက်မပြတ် ဖြစ်ပွားနေပြီး လူထောင်သောင်းချီ၍  သေဆုံးနေရ ခြင်းဟာ မြောက်ပိုင်းမှာ မိုးခေါင်ပြီး သဲကန္တာရတွေ ကျယ်ပြန့်လာတဲ့ ပြဿ နာတွေရဲ့ အကျိုးဆက်ပဲ ဖြစ်ပါတယ်။ ရာသီဥတု ပြောင်းလဲမှုကြောင့် ယခု ရာစုနှစ် အလယ်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ ရေကြီးမှုတွေက အာဖရိကနဲ့ အာရှ တိုက်က လူအများအပြားကို မိမိတို့ နေရပ်တွေက  စွန့်ခွာသွားနိုင်ကြပါ တယ်။ အပူချိန် မြင့်တက်တာတဲ့ အတွက် မိုးလိုနေတဲ့ ဒေသတွေမှာ မိုးမရွာဘဲ  သဲကန္တရတွေ ချဲ့ထွင်လာ လို့ နေရင်းဒေသက  စွန့်ခွာနိုင်ကြ ပါတယ်။ အချို့က မုတ်သုံမိုးပိုလာ ပြီး  ရေလွှမ်းမှုဟာ  တစ်ချိန်ထက် တစ်ချိန် ဆိုးဝါးလာနေတဲ့အတွက် တခြားဒေသကို  ထွက်ပြေးနိုင်ကြ ပါတယ်။ တချို့  မြင့်တက်လာတဲ့ ပင်လယ်ရေမျက်နှာပြင်ကြောင့် ကုန်း တွင်းပိုင်းကို တိုးဝင်ပြီး နေထိုင်လာ နိုင်ကြပါတယ်။ အိန္ဒိယ သမုဒ္ဒရာ အတွင်းမှာရှိတဲ့ မော်လဒိုက်၊ ပစိဖိတ် သမုဒ္ဒရာအတွင်းမှာရှိတဲ့ တုဗာလူတို့ လို အနိမ့်ပိုင်း ဒေသရှိ ကျွန်းတွေဟာ ရေလွှမ်းမိုးခံရပြီး   တစ်ကျွန်းလုံး ပျောက်ကွယ်သွားနိုင်တဲ့ အလား အလာရှိနေပါတယ်။ရာသီဥတု ပြောင်းလဲမှုရဲ့ ဆိုးဝါးတဲ့ အကျိုးဆက်ကြောင့် လာမယ့် ဆယ်စု နှစ်အတွင်း လက်တင် မေရိက၊ အာရှနဲ့ အာဖရိကတိုက်တွေမှာ အနည်းဆုံး လူဦးရေ ၂၀၇သန်းဟာ သောက်သုံး ရေ မလုံလောက်မှုနဲ့ ရင်ဆိုင်လာရစရာ ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ် မြစ်ဝကျွန်း ပေါ်မှာ ရေအောက် ရောက်မယ့် စိုက် ပျိုးမြေပမာဏဟာ အခြားကမ္ဘာ့ဒေသ များထက် ပိုနိုင်ပါတယ်။ ၂၀၅၀ ပြည့် နှစ်ရောက်ရင် ဆန်အထွက်နှုန်း ၁၀ ရာခိုင်နှုန်းနဲ့ ဂျုံအထွက်နှုန်း ၃၀ ရာ ခိုင်နှုန်း လျော့ကျလာ ဖွယ်ရာရှိပါတယ်။ မူရင်းဒေသမှာ နေထိုင်လို့ မဖြစ်တော့ တဲ့အတွက် ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံ တည်းမှာပဲ လူ ၁၅သန်းခန့်ကို နေရာ ဒေသ ရွှေ့ပြောင်းပေးရစရာ ရှိနေပါ တယ်။အကယ်၍ ပင်လယ်ရေမျက်နှာပြင် အမြင့် တစ်မီတာလောက် မြင့်တက်လာ မယ်ဆိုရင် အီဂျစ် နိုင်ငံရဲ့ နိုင်းမြစ်ဝှမ်းက စိုက်ပျိုးဧရိယာရဲ့ ၁၃ ရာခိုင်နှုန်းခန့် လက်လွတ်  ဆုံးရှုံးသွားနိုင် ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ မဲခေါင်မြစ်ဝကျွန်း ပေါ်ဒေသရှိ စိုစွတ်တဲ့လယ်ယာ မြေ ဧရိယာ ၂၈ ရာခိုင်နှုန်းခန့်ဆုံးရှုံးရ ဖွယ် ရှိပါတယ်။ ဂျီနီဗာမြို့အခြေစိုက် ကမ္ဘာ့ လူသားချင်း စာနာ ထောက်ထားမှု ဖိုရမ် အဖွဲ့က ရာသီဥတုပြောင်းလဲမှု ဒဏ် ကြောင့် နှစ်စဉ်လူပေါင်း ၃၂၅ သန်း ဟာ ဆိုးဝါးစွာထိခိုက်စေခဲ့ပြီး လာမယ့်အနှစ် ၂၀ လောက်ရောက်ရင် ကမ္ဘာ့လူဦးရေ ၂၀ ရာခိုင်နှုန်းခန့်အထိ ထိုခိုက်လာ စေနိုင်တယ်လို့ ခန့်မှန်းထား ပါတယ်။စစ်ဘက်အခြေစိုက်စခန်း  အများ အပြားဟာလည်း မုန်တိုင်းတွေရဲ့ ဒဏ် ကြောင့်ပဲဖြစ်ဖြစ် ပင်လယ် ရေမျက်နှာ မြင်မြင့်တက်လာမှုဒဏ်ကြောင့်ပဲ ဖြစ် ဖြစ် ပျက်သုဉ်းသွားနိုင် ဖွယ်ရာရှိနေပါ တယ်။ ဖလော်ရီဒါပြည်နယ်ရှိ Homestead လေတပ်စခန်းကြီးဆိုရင် အင်ဒရူးဟာ ရီကိန်းကြီး ကြောင့် ပျက်စီး သွားခဲ့ပြီးဖြစ်ပါတယ်။ အိုင်ဗင် ဟာ ရီကိန်းကတော့ Noval Air station Persacola စခန်းကြီးကို ဆိုးဆိုးဝါးဝါး ဖျက်ဆီးပစ်ခဲ့ပါတယ်။ အိန္ဒိယသမုဒ္ဒရာ အတွင်းရှိ Diego Garcia ရေတပ် စခန်းဆိုရင်  ပင်လယ်ရေမျက်နှာပြင် အထက် ပေအနည်းငယ်သာမြင့်တဲ့ အတွက် ရေအောက်ကိုရောက်ရတော့ မယ့်အန္တရာယ်နဲ့ ကြုံတွေ့နေရပြီဖြစ်ပါ တယ်။ ယခုအခါ ပင်တဂွန်စစ်ဌာန ချုပ်နဲ့ ထောက်လှမ်းရေး အေဂျင်စီ အမျိုးမျိုးတို့က ရာသီဥတုပြောင်းလဲ မှုကြောင့် နိုင်ငံတွေရဲ့ အမျိုးသား လုံခြုံရေးအခြေအနေကို ထိပါးလာ စေနိုင်ကြောင်း အလေးအနက်ထား ပြီး ပြောကြားလာကြရပြီ ဖြစ်ပါ တယ်။ ရာသီဥတုဖောက်ပြန်မှု ကိစ္စ ရပ်ကို အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက အလေးအနက်ထား လာရခြင်းဟာ ကွန်ဂရက်လွှတ်တော် က အဲဒီကိစ္စကို မဟာဗျူဟာကိစ္စရပ် တွေစာရင်းမှာ ထည့်သွင်းလာပြီး အစီအမံတွေ ချမှတ်ဆောင်ရွက်လာ လို့ပဲဖြစ် ကြောင်းပါခင်ဗျား။မောင်ပုဆိုးကြမ်း