Main menu

Background

ပဲထွက်ရှိမှုနည်းတဲ့အတွက် အိန္ဒိယပဲတင်သွင်းမှု စံချိန်သစ်တင်လိမ့်မယ်လို့ဆို

Wed, 02/25/2015 - 19:48 -- journal_editor

အတွဲ(၁၅)အမှတ်(၈)

          စိုက်ဧရိယာကျဆင်းခြင်း၊   အထွက်ကျဆင်းခြင်းတို့ အပြင် ဝယ်လိုအားမြင့်တက်ခြင်းတို့ကြောင့် ၂၀၁၄-၁၅ အတွင်း ပြည်ပမှတင်သွင်းမှုဟာ တန်ချိန် ၃ ဒသမ ၇- ၃ ဒသမ ၈ သန်း အထိရှိပြီးလာမယ့်နှစ်မှာ တန်ချိန် ၄ သန်းကျော်နိုင်တယ်လို့ လည်း အိန္ဒိယပြည်တွင်းသတင်းဌာနတစ်ခုဖြစ်တဲ့  business- standard .com ာ သတင်း အရသိရပါတယ်။
ပြည်တွင်းဈေးတွေ မြင့်တက်ခြင်းက တင်သွင်းမှုပိုမိုလာ စေတဲ့အတွက် လက်ရှိနှစ်မှာလည်း  မြင့်တက်လာတာဖြစ်ပါ တယ်။ ပြည်ပကတင်သွင်းတဲ့ပဲက ပြည်တွင်းပဲထက် တစ်တန် ကို ရူပီး ၁၀၀၀-၁၅၀၀ လျော့နည်းလျက်ရှိပါ တယ်။ ဒါ့အပြင် အစိုးရကလည်း မတ်လ ၃၁ ရက်တိုင်အောင် ကုလားပဲ တင်သွင်းမှုကို အခွန်ကင်းလွတ်ခွင့်ပေး ထားပါတယ်။ ဒါကြောင့် ဆောင်းပဲ စုစုပေါင်းထုတ်လုပ်မှုရဲ့ ၈၀ ရာခိုင်နှုန်းဖြစ်တဲ့ ကုလားပဲစိုက်တောင်သူတွေ အနေနဲ့အစိုးရရဲ့အနိမ့်ဆုံး ထောက်ပံ့ဈေးထက်လျော့တဲ့ ဈေးအနိမ့်နဲ့ရ ရှိနေတာ နှစ်
ရာသီရှိသွားပြီလို့ဆိုပါ တယ်။  
      ၂၀၁၄ ခုနှစ် ဧပြီလမှ နိုဝင်ဘာလ အထိပဲမျိုးစုံတင်သွင်း မှုတရားဝင်စာရင်းများအရ လက်ရှိဘဏ္ဍာနှစ် ပထမ ၈ လ အတွင်းမှာ တန်ချိန် ၃ ဒဿမ ၀၃ သန်းရှိပြီဖြစ်လို့ ၂၀၁၃ ခုနှစ်ကာလတူ တင်သွင်းခဲ့တဲ့ တန်ချိန် ၂ ဒဿမ ၄၂ သန်း ထက် ၂၅ ရာခိုင်နှုန်း နီးပါးမြင့်တက်လာတယ်လို့ဆိုပါတယ်။ နိုဝင်ဘာလမှာ တင်သွင်းမှုကပြီးခဲ့တဲ့ နှစ်ကာလတူ တင်သွင်း ခဲ့တဲ့ တန်ချိန် ၄၁၆ယ၀၃၈ ထက် ၆၀ ရာခိုင်နှုန်းပိုမိုပြီး တန်ချိန် ၆၆၄ယ၈၅၃ ထိ တင်သွင်းခဲ့ တယ်လို့ဆိုပါတယ်။
       Commercial Intelligence and Statistics   ညွှန် ကြားရေးမှူးချုပ်ရဲ့ ခန့်မှန်းချက်အရ ၂၀၁၄ ဧပြီလမှ နိုဝင် ဘာလအတွင်း ကုလားပဲတင်သွင်း မှုကတန်ချိန် ၂၂၂ယ၂၃၈ အထိ ၂၀ ရာခိုင်နှုန်းမြင့် တက်ခဲ့တယ်လို့ဆိုပါ တယ်။ ၂၀၁၅-၁၆ အတွင်းမှာလည်း  ပြည်တွင်းအထွက် လျော့တဲ့အတွက် နောက်ထပ်တင်သွင်းမှု မြင့်တက်ဦးမှာဖြစ်လို့ တန်ချိန် ၄ သန်း ကျော်မယ်လို့လည်း အိန္ဒိယပဲမျိုးစုံနှင့် သီးနှံကုန်သည်များ အသင်း ဒုတိယဥက္ကဋ္ဌBimal Kothari  က လည်း ခန့်မှန်း ထားပါတယ်။
          စိုက်ပျိုးရေး ပြည်ထောင်စုဝန်ကြီးဌာနစာရင်းအရ ပဲ စိုက်ပျိုးမှုကပြီးခဲ့တဲ့နှစ် ကာလတူစိုက်ပျိုးခဲ့တဲ့ ဟက်တာ ၁၆ ဒသမ ၂၂ သန်းထက် ၁၀ ရာခိုင်နှုန်းလျော့ပြီး ယခုနှစ်မှာ ဟက်တာ ၁၄ ဒဿမ ၅၉ သန်းသာရှိတယ်လို့ ဆိုပါတယ်။ ကုလားပဲ စိုက်ပျိုးမှုကတော့ ပြီးခဲ့တဲ့နှစ်က ဟက်တာ ၁၀ ဒသမ ၂၃ သန်းရှိပေမဲ့ ဒီနှစ်မှာတော့ ဟက်တာ ၈ ဒဿမ ၅၉ သန်းစာရှိတယ်လို့ဆိုပါတယ်။ ဆောင်းပဲအထွက် သိရမယ့် ဧပြီလနောက်ပိုင်းမှာ ဈေးနှုန်းမြင့်တက်လာအုံးမယ်လို့လည်း ခန့်မှန်းထားပါတယ်။ လက်ရှိမှာ ပဲဈေးနှုန်းတွေက ဇန်နဝါရီလ အစပိုင်းကစပြီး ၁၀-၁၅ ရာခိုင်နှုန်းမြင့်တက် နေပြီလို့ဆိုပါ တယ်။
ဒါပေမယ့် Agel Commodities မှ သုတေသီ Anuj Gupta  က သုံးသပ်ရာမှာတော့ ပဲအသစ်က ဈေးကွက်ထဲဝင်ဖို့ တစ်လခန့်  လိုနေသေးတာရယ်၊ လက်ငင်းဈေးကွက်မှာ ရောင်းချမှု   နည်းနေတာရယ်ကြောင့် လာမယ့်ရက်တွေမှာ ကုလားပဲဈေး မြင့်လာဖွယ်ရှိတယ် လို့ဆိုပါတယ်။ ခြုံငုံရရင် ပဲအထွက် လျော့ဖွယ်ရှိခြင်းနဲ့ ပို့ကုန်ခွန်လွတ်ခြင်းက မတ်လ ထိသာဖြစ်လို့ကုလားပဲဈေးအနေနဲ့ အလားအလာကောင်းနိုင် တယ်လို့လည်း ဆိုပါတယ်။
မိုးပဲအထွက်ကို ပထမအကြိမ် ကြိုတင်ခန့်မှန်းမှုအနေနဲ့ ပြီးခဲ့တဲ့ နှစ်ထွက်ရှိတဲ့ တန်ချိန် ၆ ဒဿမ ၀၂ သန်းမှ ၁၄ ရာခိုင် နှုန်းလျော့ကျပြီး တန်ချိန် ၅ ဒဿမ ၂ သန်းခန့်သာ ထွက်ရှိ မယ်လို့ခန့်မှန်းထားပြီး ဆောင်းပဲစိုက်ပျိုးမှုကလည်း၁၀ ရာခိုင် နှုန်းခန့် ကျဆင်းလို့ ဆောင်းပဲအထွက်လည်း ကျဆင်းမယ်လို့ ဆိုပါတယ်။ နှစ်စဉ် စားသုံးမှုတန်ချိန် ၂၃ သန်းရှိပေမယ့် ပဲစုစု ပေါင်းထွက်ရှိမှုက ၂၀၁၃-၁၄ မှာ တန်ချိန် ၁၉ ဒဿမ ၂၇ သန်းခန့်သာ ရှိပါတယ်။ ဒီနှစ်ကုလားပဲအထွက်က ၂၀ ရာခိုင် နှုန်းခန့်ကျဆင်းဖွယ်ရှိတယ်လို့လည်း ခန့်မှန်းကြပါတယ်။
ယမင်းရွှေစင်