တရုတ်ပြည်နှင့် ဂူးဂဲလ်ကုမ္ပဏီ တို့ အချင်းများကြသည်ကို ၂၁ ရာစု၏ ပထမ ဆယ်စုနှစ်အတွင်း အကြီးမားဆုံး အင်အားကြီးနှစ်ရပ် ထိပ်တိုက်တိုးမိခြင်း ဖြစ်သည်ဟုဆိုသည်။ အင်တာနက် ဝန် ဆောင်မှုလုပ်ငန်း ဆောင်ရွက်သည့် ဂူးဂဲလ်ကုမ္ပဏီသည် ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်မှုဖြင့် ပြိုင်ဘက်တို့ တုန်လှုပ် ချောက်ချားသွားအောင် လုပ်နိုင်သည့် အင်အားစွမ်းရည်ရှိသည်။ ယခု ကမ္ဘာတွင် အမြန်ဆုံး အင်အားကြီးထွားလာ သည့် ဂူးဂဲလ်က ကမ္ဘာတွင် အလျင်မြန်ဆုံး တိုးတက် ဖွံ့ဖြိုးလာသည့် တရုတ် ပြည်ဈေးကွက်ကြီးမှ ထွက်သွားတော့ မည်ဟု ခြိမ်းခြောက်လိုက်သည်။ ဤ လုပ်ကွက်မှာ ဂူးဂဲလ်ကုမ္ပဏီ၏ ရှေ့ရေး အတွက် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ သလို တရုတ်ပြည်သည်လည်း အင်တာနက် လွတ်လပ်ခွင့်မရှိဘဲ ချမ်းသာလာ နိုင်ပါ့မလား မေးစရာ ဖြစ်လာခဲ့သည်။သမိုင်းဆရာတို့ကတော့ လွတ် လပ်သောစိတ် မရှိလျှင် လွတ်လပ်သော ဈေးကွက်ဖြစ်လာဖို့ မလွယ်ဟုဆိုကာ သမိုင်းအထောက်အထားများကို ထုတ် ပြသည်။ ကုန်ခဲ့သည့် ထောင်စုနှစ်လယ် လောက်က တရုတ်ပြည်သည် ဥရောပ နိုင်ငံများထက် နည်းပညာ ရှေ့တန်း ရောက်ခဲ့ သော်လည်း၊ နောက်ပိုင်းမှာ နောက်ကျကျန်နေခဲ့ရသည်။ ၁၈ နှင့် ၁၉ရာစုတို့တွင် ဗြိတိန်၊ ၂၀ ရာစုတွင် အမေရိကတို့က ကူးသန်းရောင်းဝယ် ရေး အင်ပါယာကြီးများတွင် ဒီမိုကရေစီ သွတ်သွင်းခြင်းဖြင့် စီးပွားရေးအရ ဦး ဆောင်နိုင်ခဲ့သည်ဟု သာဓကဆောင် သည်။ သတင်း စီးဆင်းမှုကို ထိန်းချုပ် ထားလျက်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက် အောင် ကြိုးပမ်းခြင်း သည် အရာမထင် နိုင်ဟု သုံးသပ်ကြသည်။ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသွားခြင်း၊ ချီလီတွင် လစ်ဘရယ် နိုင်ငံရေးဖြစ်ပေါ်လာခြင်း တို့ကို ထောက်ပြသည်။လွန်ခဲ့သော နှစ် ၃၀ အတွင်း တရုတ်ပြည်သည် ပုဂ္ဂလိက လွတ်လပ်မှုကို ကန့်သတ်ထား လျက်နှင့် စီးပွား ရေး အလွန်အထူးမြန်ဆန်စွာ ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်နိုင်သည့် ပြောင်းပြန်မိုဒယ်သစ်ကို စမ်းသပ်ကြည့် ခဲ့ပြီးဖြစ်သည်။ ကွန်မြူနစ်ပါတီ က တရုတ်ပြည်ကို ၂၁ ရာစုထဲ ရောက် အောင် သယ်ဆောင်ပေးခဲ့သည်။ သူတို့ ၏ အမာထည်သည် အထင်ကြီးဖွယ် ဖြစ်သည်။ ကမ္ဘာ့အမြန်ဆုံး မီးရထား၊ တောက်ပြောင်သော လေဆိပ်များနှင့် ခေတ်မီ မိုးမျှော် အဆောက်အအုံများက သက်သေပြနေသည်။တရုတ်သည် အမေရိကန်ကို ဖယ်ထုတ်ပြီး ကမ္ဘာ့ အ ကြီးဆုံး မော်တော်ကားဈေးကွက်ဖြစ် လာသည်။ ကမ္ဘာတွင် စီးပွားရေး အင် အား ဒုတိယ အကြီးဆုံး ဂျပန်နိုင်ငံကို ကျော်တက်ပေတော့မည်။ၤFortune 500 စာရင်းထဲမှ ကုမ္ပဏီများသည် နိုင်ငံရေး လွတ်လပ်မှုကို အမှုမထားဘဲ တရုတ် ပြည်တွင် လာရောက်ရင်းနှီးမြှုပ်နှံခဲ့ကြ ပြီး ဖြစ်သည်။ ဂျင်နရယ် မော်တော်နှင့် ကင်တပ်ကီကြက်ကြော် (GM, KFC) ဟူ သော အမေရိကန် ကုမ္ပဏီတို့သည် တရုတ်ပြည်တွင် အခြေခံမူတွေကို မရောင်းဘဲ သူတို့ထုတ်လုပ်သည့်ပစ္စည်း များကိုသာ ရောင်းနေကြသည်။ တရုတ် မှာ အလုပ်လုပ်ဖြစ်နေလို့သာ တရုတ် ပြည်မှာ ရှိနေခြင်းဖြစ်သည်။တောင်ကိုရီးယား၊ တရုတ် (တိုင် ပေ)နှင့် အင်ဒိုနီးရှားတို့တွင် ဒီမိုကရက် တစ်ပိုဖြစ်လာသည်နှင့် အမျှ ဖွံ့ဖြိုးမှုနှုန်း လျော့နည်းလာခဲ့သည်ဟု တရုတ်အစိုးရ အရာရှိကြီးတစ်ဦးက ဆိုသည်။ ဂူးဂဲလ် ကုမ္ပဏီသည် အောင်မြင်နေသော အခြား အမေရိကန် ကုမ္ပဏီများနှင့် မတူချေ။ သူက သတင်း အချက်အလက် အသုံးပြုခွင့်ကို ရောင်းချနေခြင်းဖြစ်ပြီး၊ တရုတ်ပြည်မှာ အခြား ကုမ္ပဏီများနှင့် ယှဉ်လျှင် ဂူးဂဲလ်က သိပ်အလုပ်မဖြစ် လှပေ။ ဂူးဂဲလ်သည် တရုတ်ပြည်ဈေး ကွက်၏ ၁၄ဒသမ ၁ရာခိုင်နှုန်းသာ ရရှိ ထားသည်။ ပြည်တွင်းမှ ပေဒူးအင်တာ နက်ဝန်ဆောင်မှု ကုမ္ပဏီ၏ ဈေးကွက် ဝေစုမှာ ၆၂ဒသမ ၂ရာခိုင်နှုန်းဖြစ်သ ဖြင့်ဂူးဂဲလ်အလုပ်မဖြစ်မှန်းသိသာသည်။တကယ်တော့ တရုတ်ပြည်၏ ပြည်သူပြည်သား ဖွံ့ဖြိုးမှု ( Civic Development)ကို အမေရိကန် စံချိန်နှင့် နှိုင်းယှဉ်ပြီး လွတ်လပ်စိတ်၊ လွတ်လပ် ဈေးကွက်ကို သီအိုရီ လုပ်ပြောလို့ သဘာဝမကျပေ။ ယနေ့ တရုတ်ပြည် တွင် နိုင်ငံသားတစ်ဦးကျဂျီဒီပီ ဒေါ်လာ ၅၀၀၀ ရှိ၍ လုပ်အား၏ ၄၀ရာခိုင်နှုန်း သည် စိုက်ပျိုးရေးထဲ ရောက်ရှိနေပြီး၊ စက်မှုနှင့် မြို့ပြခေတ်ထူထောင်ရေးကို နှစ်ပေါင်း ၃၀ လုပ်ခဲ့ရသည်။ ယင်းအနေ အထားသည် ၁၉၀၀ ပြည့်နှစ်က အမေ ရိကန် စီးပွားရေး အနေအထားနှင့် အတူတူပင်ဖြစ်သည်။ ထိုစဉ်က အမေရိ ကန်တွင် ဆီးနိတ်လွှတ်တော်သို့ တိုက် ရိုက်ရွေးကောက် တင်မြှောက်ခွင့်နှင့် အမျိုးသမီးများ မဲပေးခွင့်တို့ မရှိခဲ့သည့် အပြင် တောင်ပိုင်းမှာ ဆိုလျှင် လူဖြူ လူမည်းခွဲခြားမှု အမြစ်တွယ်နေဆဲဖြစ်ခဲ့ သည်။ အစိုးရက အင်တာနက်သုံးစွဲမှုကို ထိန်းချုပ်ထားသည်ဆိုခြင်းမှာ ပုံကြီးချဲ့ နေခြင်းသာဖြစ်သည်ဟု နိုင်ငံတော် သတင်းပြန်ကြားရေးဌာန၊ ဒုတိယ ဝန်ကြီးက ဆိုသည်။၂၀၀၉ ခုနှစ် ဇွန်လ စာရင်းအရ တရုတ်ပြည်တွင် အင်တာ နက် သုံးစွဲသည့်ပြည်သူ (Netizens) ၃၃၈ သန်း၊ မိုလ်ဘိုင်းဖုန်းသုံးစွဲသူ သန်း ၇၀၀နှင့် အင်တာနက် ဘလော့ဂ်ပေါင်း သန်း ၁၈၀ရှိသည်။ ထိုအရေအတွက် သည် ဂူးဂဲလ်ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ လုပ်ငန်းလည်ပတ်ရေး ဝန်းကျင် တည်ဆောက်လို့ ရနိုင်သည်အထိ လုံ လောက်နေပြီဟုဆိုပါသည်။Ref; Newsweekဦဟန်ထွန်း(အခွန်)
Background