သကြားသည် ခေတ်သစ်လူနေမှု ဘဝတွင် အခြေခံစားသောက်ကုန်တစ်ရပ် ဖြစ်နေပါသည်။ စားသောက်ကုန်ပစ္စည်း များထုတ်လုပ်ရာတွင် မပါမဖြစ် အဓိက ကုန်ကြမ်းတစ်ရပ်လည်း ဖြစ်ပါ သည်။ သကြားစားသုံးမှုနှင့် အသုံးပြုမှုသည် နှစ်စဉ် တိုးတက်လျက်ရှိပါသည်။အာဆီယံ-သြစတြေးလျ၊ နယူးဇီလန် FTA တွင် သကြားပါဝင်မှု အခြေအနေအဖွဲ့ဝင် နိုင်ငံ အလိုက် အာဆီယံ-သြစတြေး လျ- နယူးဇီလန် FTA တွင် သကြားကို ထည့်သွင်း ထားခြင်း ရှိ၊ မရှိ၊ သကြားအတွက် အခြေခံ အကောက်ခွန်နှုန်းများနှင့် လျှော့ချရန်အစီအစဉ် တို့ကို အောက်တွင်ဖော်ပြလိုက်ပါသည်။ဘရူနိုင်းနိုင်ငံသကြားအတွက် အခြေခံအကောက်ခွန်နှုန်း မှာ သုညရာခိုင်နှုန်းဖြစ်ပါသည်။ လူဦးရေ နည်းပြီး ချမ်းသာသော နိုင်ငံဖြစ်သဖြင့် ဈေးကွက်ကိုထိန်း ချုပ်ထားခြင်းမရှိဘဲ ဖွင့်ပေးထားပါသည်။ကမ္ဘောဒီးယားနိုင်ငံသကြားအတွက် အခြေခံအကောက်ခွန်နှုန်း မှာ ၇ ရာခိုင်နှုန်းဖြစ်ပါသည်။ 1701.11.00:Cane Sugar နှင့် Refined Sugarအောက်မှ 1701.99.90: White Sugar တို့ကိုFTAမှ ဖယ်ထုတ် ထားပါသည်။ 1701.99.11: White Suagr ကို အကောက်ခွန်နှုန်း လျှော့ချခြင်းမရှိဘဲ ၇ ရာခိုင် နှုန်း တောက်လျှောက် စည်းကြပ်သွားမည်ဖြစ်ပါ သည်။ 1701.99.19:Otherကိုလည်း ၂၀၂၃ ခုနှစ် ရောက်မှ ၇ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့လျှော့ချ ပြီး ယင်း ၅ရာခိုင်နှုန်းကို တောက်လျှောက်စည်း ကြပ်မည်ဖြစ်ပါသည်။ ကျန်သကြားအမျိုးအစား များကို ၂၀၁၉ခုနှစ်ရောက်လျှင် ၅ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ၂၀၂၁ ခုနှစ်ရောက်လျှင် သုည ရာခိုင်နှုန်းသို့ လည်းကောင်း လျှော့ချမည်ဖြစ်ပါ သည်။ ယေဘုယျအားဖြင့် သကြားဈေးကွက်ကို ထိန်းထားခြင်း ဖြစ်ပါသည်။အင်ဒိုနီးရှားနိုင်ငံသကြားကို FTAတွင်မထည့်ဘဲ ဖယ်ထုတ် ထားပါသည်။FTAဘောင်အတွင်းမှ သကြား ကိုရောင်းဝယ်၍ မရပါ။ အာဆီယံတွင် သကြား စားသုံးမှုနှင့် အသုံးပြုမှု အများဆုံးနိုင်ငံဖြစ်ပါသည်။ ထို့ကြောင့် အာဆီယံ၏ AFTAအစီအစဉ်တွင် သကြားကို အလွန်အရေးကြီး ကုန်ပစ္စည်းစာရင်း တွင် ထည့်ထားပါသည်။လာအိုနိုင်ငံသကြားအတွက် အခြေခံအကောက်ခွန်နှုန်း မှာ ၁၀ ရာခိုင်နှုန်း ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်တွင် ၈ ရာခိုင်နှုန်း၊ ၂၀၁၇ တွင် ၅ ရာခိုင်နှုန်း၊ ၂၀၂၁ တွင် ၃ ရာခိုင်နှုန်း၊ ၂၀၂၃ခုနှစ်တွင် သုညရာခိုင်နှုန်း သို့ တစ်ဆင့်ပြီးတစ်ဆင့် လျှော့ချမည်ဖြစ်ပါသည်။ သကြားဈေးကွက်ကို တဖြည်းဖြည်း ဖွင့်ပေးခြင်း ဖြစ်ပါသည်။မလေးရှားနိုင်ငံသကြားအတွက် အခြေခံအကောက်ခွန်နှုန်း မှာ သုညရာခိုင်နှုန်း ဖြစ်ပါသည်။ နိုင်ငံအတွင်းသို့ လွတ်လွတ်လပ်လပ် တင်သွင်းခွင့်ပြုထားခြင်းဖြစ် သည်။မြန်မာနိုင်ငံသကြားအတွက် အခြေခံအကောက်ခွန်နှုန်း မှာ ဝ.၅ ရာခိုင်နှုန်းဖြစ်ပါသည်။ သုညနီးပါး ဖြစ်ပါ သည်။ သို့ရာတွင် ယင်း ဝ.၅ ရာခိုင်နှုန်းကို သက် တမ်းတစ်လျှောက်လုံး စည်းကြပ်သွားမည် ဖြစ်ပါ သည်။ လုံးဝဖယ်ရှားပေးခြင်းမရှိပါ။ မြန်မာနိုင်ငံ သည် AFTA အစီအစဉ်တွင် အရေးကြီး ကုန်ပစ္စည်းစာရင်းတွင် ထည့်ထားပါသည်။ဖိလစ်ပိုင်နိုင်ငံသကြားအတွက် အခြေခံအကောက်ခွန်နှုန်း ကို ကိုတာအတွင်း (In quota)အပေါ် ၅၀ ရာခိုင် နှုန်းနှင့် ကိုတာပြင်ပ (Out quota) အပေါ် ၆၅ ရာခိုင်နှုန်း သတ်မှတ်ထားပါသည်။ သကြားကို FTAတွင် ထည့်မထားပါ။ ထို့ကြောင့် FTA ဘောင်အတွင်းမှ ရောင်းဝယ်၍ မရပါ။ သကြား စားသုံးမှုနှင့် အသုံးပြုမှုများသဖြင့် အာဆီယံ၏ AFTA အစီအစဉ်တွင် သကြားကို အရေးကြီး ကုန်ပစ္စည်း စာရင်းတွင် ထည့်ထားပါသည်။ သကြား ကို အဆင့်တိုးမြှင့်၍ အလွန်အရေးကြီး ကုန်ပစ္စည်း စာရင်းသို့ ပြောင်းရွှေ့ရန် ကြိုးစားခဲ့သော်လည်း စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံး လုပ်နည်းများ မရှိသဖြင့် အောင်မြင်မှုမရခဲ့ပါ။ထိုင်းနိုင်ငံသကြားအတွက် အခြေခံအကောက်ခွန်နှုန်း မှာ ၆၅ ရာခိုင်နှုန်း ဖြစ်ပါသည်။ သို့ရာတွင် FTAတွင် သကြားကို ထည့်မထားဘဲ ဖယ်ထုတ်ထားပါ သည်။ ထို့ကြောင့် FTAဘောင်အတွင်းမှ သကြား ကို ရောင်းဝယ်၍မရပါ။ထိုင်းနိုင်ငံသည် အာဆီယံ ဒေသအတွင်း၌ သကြားအများဆုံး တင်ပို့ရောင်းချသည့် နိုင်ငံဖြစ်ပါ သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ လိုအပ်ချက် ကို အဓိက ဖြည့်ဆည်းရောင်းချလျက်ရှိသည့် နိုင်ငံ ဖြစ်ပါသည်။ နှစ်စဉ် သကြား အမြောက်အမြား ဝယ်ယူတင်သွင်းသည့် အင်ဒိုနီးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် AFTA အစီအစဉ်တွင် သကြားပေါ် စည်းကြပ်သည့် အခြေခံအကောက် ခွန်နှုန်းကို ဖယ်ရှားပေးခြင်းမရှိဘဲ လျှော့ချရန် အတွက် ညှိနှိုင်းသတ်မှတ်လျက်ရှိရာ ထိုင်းနိုင်ငံ သည် ယင်းနှစ်နိုင်ငံသို့ သကြားတင်ပို့ရောင်း ချ သည့်ဝေစု လျော့နည်းခြင်းမရှိစေရန် အဓိကပါဝင် ညှိနှိုင်းလျက်ရှိပါသည်။စင်ကာပူနိုင်ငံအကောက်ခွန်စည်းကြပ်ခြင်းမရှိသော နိုင်ငံ ဖြစ်ပါသည်။ဗီယက်နမ်နိုင်ငံ1701.00.00:Cane Sugar နှင့်1701.12.00:Beet Sugarတို့အတွက် အခြေခံ အကောက်ခွန် နှုန်းမှာ ကိုတာအတွင်း(In quota) အပေါ် ၃၀ ရာခိုင်နှုန်းစီဖြစ်ပြီး တဖြည်းဖြည်း လျှော့ချသွား မည်ဖြစ်ရာ ၂၀၂၀ ပြည့်နှစ်အတွင်း သုညရာခိုင်နှုန်းသို့ ရောက်ရှိမည်ဖြစ်ပါသည်။ ယင်း တို့၏ ကိုတာပြင်ပ (Out quota) အပေါ် အခြေခံ အကောက်ခွန်နှုန်းမှာ ၈၀ရာခိုင်နှုန်းစီဖြစ်ပြီး ၂၀၂၂ ခုနှစ်ရောက်လျှင် ၅၀ ရာခိုင်နှုန်းသို့ အသီးသီးလျှော့ ချ၍ ဆက်လက်စည်းကြပ်မည်ဖြစ်ပါ သည်။ကျန်သကြားအမယ်များအတွက် ကိုတာ အတွင်း (In quota) အပေါ်အခြေခံ အကောက် ခွန်နှုန်းမှာ ၄၀ ရာခိုင်နှုန်းစီဖြစ်ပြီး တဖြည်းဖြည်း လျှော့ချမည်ဖြစ်ရာ ၂၀၂၀ ပြည့်နှစ်တွင် သုည ရာခိုင်နှုန်းသို့ ရောက်ရှိမည်ဖြစ်ပါသည်။ ယင်းတို့ ၏ ကိုတာပြင်ပ (Out quota) အပေါ် အခြေခံ အကောက်ခွန်နှုန်းမှာ ၁၀၀ ရာခိုင်နှုန်း ဖြစ်ပါသည်။ ယင်းတို့ကို ၂၀၂၂ ခုနှစ်ရောက်လျှင် ၅၀ ရာခိုင်နှုန်း သို့ အသီးသီးလျှော့ချပြီး ဆက်လက်စည်းကြပ်မည် ဖြစ်ပါသည်။သြစတြေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံသကြားအတွက် အခြေခံအကောက်ခွန်နှုန်း မှာ သုညရာခိုင်နှုန်း ဖြစ်ပါသည်။သုံးသပ်ချက်ထိုင်းနိုင်ငံသည် အာဆီယံ၏ AFTAအစီ အစဉ်အရ အာဆီယံနိုင်ငံများ၏ သကြားဈေး ကွက်ကို ရရှိထားပြီး ဖြစ်ပါသည်။ ထို့ကြောင့် အာဆီယံ-သြစတြေးလျ၊ နယူးဇီလန် FTAတွင် ထိုင်းနိုင်ငံက သကြားက FTA မှ ဖယ်ထုတ်ထား ခြင်းဖြစ်ပါသည်။သြစတြေးလျနိုင်ငံသည် ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့ WTO၏ ဘောင်အတွင်းမှသာ အင်ဒို နီးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့၏ သကြားဈေး ကွက်ကို ဝင်ရောက်နိုင်မည်ဖြစ်ပါသည်။ ထိုင်းနိုင်ငံ နှင့် ယှဉ်ပြိုင်မည်ဆိုလျှင် AFTA အစီအစဉ်အရ အကောက်ခွန် အခွင့်အရေးကိုရရှိထားသည့် ထိုင်း နိုင်ငံအား ယှဉ်ပြိုင်နိုင်မည်မဟုတ်ပါ။ အာဆီယံ သည် AFTAအစီအစဉ်တွင် ပေးထားသည့် အခွင့်အရေးကို အာဆီယံပြင်ပနိုင်ငံများအား တန်း တူ မပေး(မပေး)ရန်နှင့် အကယ်၍ အာဆီယံ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက အာဆီယံပြင်ပ နိုင်ငံ တစ်နိုင်ငံအား ကုန်သွယ်မှု/ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အရေးကို ပိုမို(ပိုမို)ပေးခဲ့ပါက ယင်းအခွင့် အရေးအတိုင်း ကျန်အာဆီယံအဖွဲ့ဝင် နိုင်ငံများ ကိုပေးရန် စည်းကမ်းသတ်မှတ်ထားပါသည်။ ယင်း စည်းကမ်းသတ်မှတ်ချက်အရ သကြားကို အင်ဒိုနီး ရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့က FTAမှ ဖယ် ထုတ်ထားခြင်း ဖြစ်ပါသည်။မောင်မောင်ရီ(ဘောဂဗေဒ)
Background