Main menu

Background

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Mon, 12/04/2023 - 12:16 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး   လှိုင်မြို့နယ်  သီရိ မင်္ဂလာဈေးတွင် နိုဝင်ဘာ  ၂၂ရက်မှ နိုဝင်ဘာ ၂၈  ရက်အထိ ဖြစ်ပေါ်ခဲ့သော   သစ်သီးဝလံဈေးနှုန်း များမှာ ကျောက်ဆည်၊ ပြည်မှ   ရွှေငှက်ပျောသီး တစ်ဖီးအလုံးကြီး  ကျပ် ၆၀ဝ၀၊ အလုံးသေး ကျပ် ၃၅၀ဝ၊ တောင်ငူ၊ ကျောက်ဆည်မှ  တောင်ငူ ငှက် ပျောသီးတစ်ဖီး အလုံးကြီး ကျပ် ၇၀ဝ၀၊ အလုံးသေး ကျပ် ၃၅၀ဝ၊ ဘိုကလေးမှ   ငှက်ပျောသီး ဖီးကြမ်း အလုံးကြီး ကျပ် ၂၅၀ဝ၊ အလုံးသေး ကျပ် ၁၅၀ဝ၊ ဝမ်းတွင်းမှ ဖရဲသီး(၈၅၅) အလုံးကြီး ကျပ် ၅၀ဝ၀၊ အလုံးလတ် ကျပ် ၄၀ဝ၀၊ အလုံးသေး ကျပ် ၃၅၀ဝ၊ ဝမ်းတွင်းမှ ဖရဲသီး (၂၁၁) အလုံးကြီး ကျပ် ၆၀ဝ၀၊ အလုံးလတ် ကျပ် ၅၀ဝ၀၊ အလုံးသေး ကျပ် ၄၅၀ဝ၊ မော်လမြိုင် မှ ကျွဲကောသီး အလုံးကြီး ကျပ် ၁၀ဝ၀၊ အလုံးလတ် ကျပ် ၅၀ဝ၊  အလုံးသေး ကျပ် ၃၀ဝ၊ တိုက်ကြီးမှ   မာလကာသီး အလုံးကြီး ကျပ် ၈၀ဝ၊ အလုံးလတ် ကျပ် ၇၀ဝ၊  အလုံးသေး ကျပ် ၅၀ဝ၊ သီပေါ မှ နာနတ်သီးအလုံးကြီး ကျပ် ၂၅၀ဝ၊ အလုံး လတ် ကျပ် ၂၀ဝ၀၊  အလုံးသေး   ကျပ်၁၀ဝ၀၊ အောင်ပန်းမှ ထောပတ်သီး   တစ်သေတ္တာ အလုံး ၆၀ လုံးပါ အလုံးကြီး ကျပ် ၁၅၀ဝ၀၊   တိုက်ကြီးမှ ပီလောပီနံ တစ်ပိဿာ အလုံးကြီး    ကျပ် ၈၀ဝ၊ အောင်ပန်းမှ   လိမ္မော်သီး  တစ်ပိဿာ အလုံးကြီး ကျပ် ၃၀ဝ၀၊ ပြင်ဦးလွင်မှ  ဘောက်သီး တစ်ပိဿာ အလုံးကြီး ကျပ်၁၂၀ဝ၀၊ အလုံးလတ် ကျပ်၁၀ဝ၀ဝ၊ အလုံးသေး ကျပ် ၈၀ဝ၀၊ ပြင်ဦးလွင်မှ  နဂါးမောက် သီး တစ်ဖာ အလုံး ၃၀ လုံးပါ   အလုံးကြီး ကျပ် ၃၀ဝ၀ဝ၊ အလုံးလတ် ကျပ် ၂၅၀ဝ၀၊ အလုံးသေး ကျပ် ၂၀ဝ၀ဝ၊ ပြင်ဦးလွင်မှ အာတာလွတ်ဥ တစ် ပိဿာ အလုံးကြီး ကျပ် ၂၅၀ဝ၊  အလုံးလတ် ကျပ် ၂၀ဝ၀၊ အလုံးသေး ကျပ် ၁၀ဝ၀၊ ဟင်္သာတမှ ထန်း မြစ် တစ်စည်း အစည်းကြီး ကျပ် ၂၅၀ဝ၊ အစည်း လတ် ကျပ် ၂၀ဝ၀၊ ပြည်မှဆီးသီး(အချဉ်) တစ်ပြည် အလုံးကြီး ကျပ် ၁၅၀ဝ ဈေးတို့ရှိကြောင်း   သီရိ မင်္ဂလာဈေးရှိ    မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်း ချသူများ အသင်း (MFVP) မှသိရှိရသည်။

STDT
(Yangon)