ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ သစ်သီးများ အများဆုံးဝင်ရောက်ကြောင်း သိရှိရပြီး မေနောက် ဆုံးပတ်အတွင်း ဖြစ်ပေါ်ခဲ့သော သစ်သီးဈေးနှုန်းများမှာ သီပေါမှ နာနတ်သီးတစ်လုံး ကျပ် ၁၀ဝ၀- ၁၅၀ဝ-၂၀ဝ၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေသည်။ တိုက်ကြီး ကျွဲကောသီး ကျပ် ၁၅၀ဝ မှ ၃၀ဝ၀၊ ပြင်ဦးလွင် ပင်မှည့်သီး တစ်ပိဿာ ကျပ် ၅၀ဝ၀-၈၀ဝ၀၊ ရေးမြို့မင်းကွတ်သီး ၁၀ လုံး ကျပ် ၄၀ဝ၀-၃၅၀ဝ၊ အောင်ပန်းမှ ပျား လိမ္မော်သီး တစ်ပိဿာ ကျပ် ၅၀ဝ၀-၈၀ဝ၀၊ ဝမ်းတွင်းမှ ဖရဲသီး(ဘာဟုဘာလီ) အလုံးကြီး ကျပ် ၁၁၀ဝ၀-၈၀ဝ၀-၆၀ဝ၀၊ တိုက်ကြီးမှ မာလာကာသီး အိတ်ကြီးတစ် အိတ် ကျပ် ၈၅၀ဝ၀၊ ယိုးဒယားပန်းသီး တစ်သေတ္တာ ကျပ် ၁၂၀ဝ၀ဝ- ၁၃၀ဝ၀ဝ၊ ဘီးလင်းမှ ပိန္နဲသီး ကျပ် ၂၅၀ဝ၀-၂၀ဝ၀ဝ-၁၅၀ဝ၀၊ ဧရာဝတီတိုင်းဒေသကြီးမှ သရက်သီး(မချစ်စု) တောင်းတစ်တောင်း ကျပ် ၃၀ဝ၀ဝ-၂၀ဝ၀ဝ-၁၅၀ဝ၀၊ သရက်သီး (ပန်းဆွဲ) တောင်းတစ်တောင်း ကျပ် ၃၅၀ဝ၀၊ မန္တလေးမှ သရက်သီး စိန်တစ်လုံး ဂျပ်ဖာ ၁၈၀ဝ၀-၁၅၀ဝ၀ ကျပ်၊ သီပေါမှ နာနတ်သီး တစ်လုံး ကျပ် ၁၅၀ဝ-၂၅၀ဝ တို့ရှိကြောင်း သစ်သီးဈေးနှုန်းများသည့် ဈေးနှုန်းမြင့်တက်မှုမရှိဘဲ ယခင်တစ်ပတ်နှင့် ယခုတစ်ပတ် ဈေးနှုန်းများ အနည်းငယ်သာ ပြောင်းလဲကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်ဟင်းသီး ဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (MFVP) မှ သိရသည်။
DOCA (ရန်ကုန်)