Main menu

Background

အစားအစာ၊ လောင်စာဆီ၊ ဘဏ္ဍာရေးနှင့် ဈေးကစားမှု၊ ပြတ်လပ်မှု

Tue, 02/09/2010 - 09:43 -- Anonymous (not verified)

   ယခင်က စားနပ်ရိက္ခာဖူလုံမှုကို ပြည်တွင်းလုံလောက်စွာထုတ်လုပ်နိုင်သည့်  (Domestic Production) ပေတံဖြင့်သာ တိုင်းတာနေရာမှ ယခု အခါတွင် အဆိုပါပေတံတစ်ခုတည်းနှင့် မလုံလောက်တော့ဘဲ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန်လိုသော လယ်ယာစိုက်ပျိုးရေးလုပ်ငန်း (Sustainable Agriculture)၊ အရောင်းအဝယ် ပုံသဏ္ဌာန်များနှင့် စားသုံးသူတို့နှင့် ဈေးကွက် ဆက်နွှယ်ထိစပ်မှု (Consumer’s Market Access) စသော ရှုထောင့်ပေါင်းစုံမှ တိုင်းတာကာ စဉ်းစားလာပြီဖြစ်သည်။  ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ မှ ၂၀၀၈ ခုနှစ်၊ မေလအတွင်း ကမ္ဘာ့ဈေးကွက်တွင် စားနပ်ရိက္ခာဈေးနှုန်းများ မြင့်မားချိန်၌ နိုင်ငံပေါင်း ၂၈နိုင်ငံ တွင် အခက်အခဲ၊ အကျပ်အတည်းများဖြစ်ပေါ်ခဲ့ကြောင်းလေ့လာသိရှိရသည်။ ကမ္ဘာပေါ်တွင်   စားနပ်ရိက္ခာ ပြဿနာတော်တော် များများ ကြုံတွေ့ရသောနေရာမှာ     တောင်အာရှ၊ အနောက်တောင်  အာရှဒေသဖြစ်ပြီး၊ UN ESCAP ၏ အစီရင်ခံစာတွင် အဆိုးဝါးဆုံးနိုင်ငံများမှာ အာဖဂန်နစ္စ တန်၊ တာဂျစ်ကစ္စတန်၊ မြောက်ကိုရီးယား၊ မွန်ဂိုလီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ပါကစ္စတန်၊ အာမေး နီးယား၊ သီရိလင်္ကာ၊ အိန္ဒိယနှင့် ဆော်လမွန်ကျွန်းနိုင်ငံတို့ဖြစ်ကြောင်း ဖော်ပြ ထားသည်ကို ဖတ်ရှုရပါသည်။   (Food Security) အရေးပါလာ သော အချိန်ကာလမျိုးတွင် ကမ္ဘာ့နိုင်ငံများအနေဖြင့် ပြည်တွင်းအသားပေး (Domestic Oriented Strategy) ကို စဉ်းစားလုပ်ဆောင်နေကြသည်။ ကမ္ဘာ့ဈေးကွက်သည် ပြောင်းလဲမှုလျင်မြန်သည့်အတွက် Price Shocks များ ဖြစ်လာပါက ကမ္ဘာ့ဈေးကွက်တွင် ဈေးနှုန်းအတက်အကျကြမ်းလာသည်။ ထိုအခါမျိုးတွင် ပြည်တွင်းဈေးကွက်ကို ထိခိုက်မှုတတ်နိုင်သမျှ နည်းပါးအောင်ကာကွယ်ပေးရမည်ဖြစ်သည်။ ၁၉၈၀ ခုနှစ်များ၊ ၁၉၉၀ ခုနှစ်များတွင် စားနပ်ရိက္ခာဈေးနှုန်း များ ကျဆင်းနေရာမှ သက္ကရာဇ် ၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် ပြန်လည် ဦးမော့လာရာ ၂၀၀၇-၂၀၀၈ တွင် ၅၀ ရာခိုင်နှုန်းခန့် ဈေးတက်လာကြောင်း သိရှိရပြီး ၂၀၀၈ တွင် စားနပ်ရိက္ခာအကျပ်အတည်း Food Crisis ကြောင့် အလွန်ဈေးကြီးသော စားနပ် ရိက္ခာဈေးနှုန်းဖြစ်လာသည်ကိုတွေ့ရပါသည်။   တစ်ဖန် ၂၀၀၉ ခုနှစ် ကမ္ဘာ့စီးပွားရေးကျဆင်းမှု (Economic Rece- ssion) ကြောင့်  လောင်စာဆီဈေးနှုန်းများ လိုက်ပါကျဆင်း လာရာမှ အစား အသောက်ဈေးနှုန်းများပါ  ကျဆင်းလာ၍  အစားအသောက်ထုတ်လုပ်သူ တောင်သူလယ်သမားများပါထိခိုက် နစ်နာမှုများဖြစ်လာပြီး အထွက်နှုန်းလျှော့ဆင်းမှုများ ဖြစ်ပေါ်လာသည်။   ထို့ကြောင့်ကမ္ဘာ့ဈေးကွက်၏ အပြောင်းအလဲမြန်ဆန်မှုဒဏ်ကို ခံနိုင်ရည်ရှိမည့် ပြည်တွင်းဈေးကွက်တည်ငြိမ်မှုအသားပေးနိုင် မည့်မူဝါဒ (Internal Stabilization Policies) များမှာ အမှန်တကယ်ကျင့်သုံးရမည့် အနေအထားသို့ ရောက်ရှိလာပြီဖြစ်သည်။ ကမ္ဘာ့လယ်ယာစားသောက်ကုန် ဈေးနှုန်းများမှာ  ပြန်လည်ကျဆင်းလာကြောင်းတွေ့ရသော်လည်း၊ ယခင်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်း ပမာဏထက်များသော Price Level တွင် ရောက်ရှိနေကြောင်းတွေ့ရသည်။ Wake up call  အဖြစ် Economist မဂ္ဂဇင်း၏ မျက်နှာဖုံးတွင်ဖော်ပြထားသော End of Cheap Food (ဈေးပေါသောစားသောက်ကုန်များ၏နိဂုံး) ကို သတိမှုသင့်သည်။ ဆိုလိုသည်မှာ အစားအစာဈေးနှုန်းများသည် ယခင်ကလို ဈေးပေါတော့မည်မဟုတ်သဖြင့် စိုက်ပျိုးထုတ်လုပ်ရောင်းချသည့် (Supply Chain) လုပ်ငန်းစဉ်ကို  စနစ်တကျစီမံခန့်ခွဲပြီး ကုန်သွယ်မှုကွန်ရက် (Trading Networks) များနှင့် ချိတ်ဆက်ကာ ဈေးကွက် တည်ငြိမ်မှုပျက်စီးနိုင်သည့် ဘေးအန္တရာယ် risk များကို နည်းပါးအောင်စီမံခန့်ခွဲရမည်ဖြစ်သည်။   ဈေးကွက်အတွင်းရှိ ဈေးကစားသူ ကုန်သည်များ၏ခန့်မှန်းတွေးဆမှုများ (Speculation) ကြောင့် ဈေးနှုန်းအတက်အကျ (Price Movement)  ကိုဆိုးရွားစွာဖြစ်ပေါ်စေသည်။ ထို့ကြောင့်ဈေးကွက်တွင် သတင်းအချက်အလက်မှန်ကန်စေရေးနှင့်  စနစ် တကျ ရောင်းဝယ်ဖောက်ကားမှုပုံသဏ္ဌာန်များဖြင့်ဆောင်ရွက်စေရေးတို့မှာ အစိုးရ၊ မူဝါဒချမှတ်သူများအနေဖြင့်အဓိက စဉ်းစားစရာ Top Agenda ဖြစ်လာကြောင်းတွေ့ရသည်။ ယခင်က စားနပ် ရိက္ခာပြဿနာကို  (Food-Fuel-Finance Conundrum) 3 F -အစား အစာ-လောင်စာဆီ-ဘဏ္ဍာရေးအခြေအနေ ဆက်စပ်မှုပြဿနာဟု ကင်ပွန်းတပ်ထားရာမှ ယခုအခါ  အဆိုပါ 3F ထက်ပိုမို ထိန်းချုပ်ရ၊ ခန့်မှန်းရ ခက်ခဲသော Speculation နှင့် ပြတ်လပ်မှု (Shortage) စသော အကျိုးဆက်များကိုပါ ဖော်ထုတ်နေရ၍ 3F & 2S Model ဟူ၍ပင် တင်စားခေါ် နေကြသည်။    ပြတ်လပ်လျှော့နည်းခြင်း (Shor- tage) ဆိုရာ၌လည်း အမှန်တကယ်လျော့နည်းခြင်းထက် ကုန်သည်များ၏ဈေးနှုန်း ခန့်မှန်းမှု များကြောင့် ဈေးနှုန်း မြင့်တက်လာကာ ကုန်စည်လျော့နည်းလာ၍ ဈေးကြီးသယောင်ဖြစ်နေသည့်အနေအထားဖြစ်သည်။   မတော် လောဘကြောင့် အထိန်းအကွပ်မဲ့သိုလှောင်ခြင်း၊ ဈေးကစားရန်ရည်ရွယ်ခြင်း၊ ယနေ့ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ ရာသီဥတု ဆိုင်ရာ ပြောင်းလဲနေမှုများကို အခွင့်ကောင်းယူကာ မဟုတ်မမှန် သတင်းလွှင့်ခြင်းများကြောင့် ဝယ်လိုအားနှင့် ရောင်းလိုအားမမျှ မတဖြစ်ကာ ဈေးကြီးလာ၍ ကုန်စည်ပြတ်လပ်သကဲ့သို့ဖြစ်အောင်ဖန်တီးပြီး ဈေးကစားလိုသူများ၏ စနက်ကြောင့် ဈေးကွက် ပျက်ရတော့မည့် အနေအထားသို့ရောက်ရှိလာနိုင်သည်။ အဆိုပါ ဈေးကစားလိုသူများသည် Hit and Run  သဘောမျိုးဖြင့် ဈေးကွက်အတွင်း ခေတ္တဝင်၍ မိမိ၏အတ္တတစ်ခုတည်းကို ရှေ့တန်းတင် လုပ်ဆောင်ခြင်းမျိုးကို ကမ္ဘာ့နိုင်ငံတိုင်းတွင် Social Safety Net ဘောင်အတွင်းမှ ဖော်ထုတ်ဖယ်ရှားရန်လုပ်ဆောင်နေကြပြီဖြစ်သည်။   မြန်မာနိုင်ငံတွင် ယခင်နှစ်ကဖြစ်ပေါ်ခဲ့သော ပဲလောကအရှုပ်အရှင်း၊ မကြာမီကဆန်ဈေးကွက်တွင် လှောင်လက်များ၏   နှောင့် ယှက်မှုစသော အခြေအနေများကို သတိချပ်သင့်သည်။ တည်ငြိမ်သော ဈေးကွက်အနေအထားကိုပျက်ပြားစေနိုင်သည့်ယင်း လုပ်ငန်း များကို ပုဂ္ဂလိက-အစိုးရ ပူးပေါင်းမှု (Private-Public Partnership) ဖြင့် တွန်းလှန်ဖော်ထုတ်ရမည် ဖြစ်သည်။    မြန်မာနိုင်ငံတွင်လည်း Supply Chain Mechanism ကို မှန်မှန်ကန်ကန်ကျင့်သုံးနိုင်ရေးနှင့် ပုဂ္ဂလိကအခန်းကဏ္ဍ ပိုမိုအား ကောင်းလာစေရေးတို့ အတွက် ကြိုးပမ်းဆောင်ရွက်မှုများကို တွေ့မြင်နေရသည်။   အစားအစာနှင့်  လောင်စာဆီသည် နိုင်ငံတိုင်းအတွက် မရှိမဖြစ်၊ ပြည်သူလူထုတစ်ရပ်လုံးအတွက်လည်း အခြေခံလိုအပ်ချက်ဖြစ် သည်။ ပြည်သူ လူထုတစ်ရပ်လုံးအတွက် မရှိမဖြစ်လိုအပ်ချက်ကို အခွင့်အကောင်းယူ၍ ဈေးကစားအမျက်ထုတ်သည့် လူတစ်စုကို အသင်းအဖွဲ့များမှ  ပညာပေးထိန်းကျောင်းလက်တွဲခေါ်ယူအပ်ပေသည်။ အလားတူ အစားအစာနှင့် လောင်စာဆီ   မပြတ်လပ် ရေးအတွက်ကိုလည်း စိုက်ပျိုးထုတ်လုပ်သည်မှ ကူးသန်းရောင်းဝယ်မှု အဆင့်ဆင့်ကို တစ်ဦးတစ်ယောက်ချင်း  ကိုယ့်သဘော  ကိုယ်ဆောင်မလုပ်အပ်ဘဲ အသင်းအဖွဲ့များကဦးဆောင်၍  ညှိနှိုင်းပြီးလုပ်ငန်းစီမံမှုအဆင့်ဆင့်ကို တွက်ချက်လုပ်ကိုင် သွားကြရန် လိုအပ်နေပြီဖြစ်သည်။ရဲမင်းအောင်