Main menu

Background

ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးအထူးလုပ်ငန်း အဖွဲ့နှင့် ပုဂ္ဂလိကကဏ္ဍထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖွဲ့တို့ တွေ့ဆုံဆွေးနွေး

Wed, 02/04/2015 - 17:44 -- journal_editor

          ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးအထူးလုပ်ငန်းအဖွဲ့နှင့် ပုဂ္ဂလိကကဏ္ဍထုတ်လုပ်မှု၊ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးပွဲကိုရန်ကုန်တိုင်းဒေသကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနရုံး ညီလာခံခန်းမ၌ ဇန်နဝါရီ ၃၁ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
        အဆိုပါဆွေးနွေးပွဲသို့ သမ္မတရုံးဝန်ကြီးဌာန(၅)ဒုတိယဝန်ကြီး ဒေါက်တာစန်းလွင်၊ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီဥက္ကဋ္ဌစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာပွင့်ဆန်း၊မြေအသုံးချနှင့် စီမံခန့်ခွဲမှုဆပ်ကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်မှူးချုပ် ကျော်ဇံမြင့်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင် များအသင်းချုပ် (UMFCCI) ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာ့စီးပွားရေးဖိုရမ် ပုဂ္ဂလိကကဏ္ဍအတွင်းရေးမှူးရုံးမှ တာဝန် ရှိသူများ၊ ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှ လုပ်ငန်းရှင်များ၊ ပညာ ရှင်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ယင်းဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစန်းလွင်ကအမှာစကား ပြောကြားခဲ့ပါသည်။ထို့နောက် တက်ရောက်လာကြသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များ က ၎င်းင်းတို့တွေ့ ကြုံနေရသည့် အခက်အခဲများ၊ တင်ပြချက်များနှင့်စပ်လျဉ်း၍ အသေးစိတ်တင်ပြ ခဲ့ကြပြီး ယင်းတင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူ များက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။ ယနေ့ဆွေးနွေးပွဲတွင် မြေယာအသုံးချမှု အခက်အခဲများ၊ ဆိပ်ကမ်းဆိုင်ရာအခက်အခဲများ၊ အခွန်ဆိုင်ရာ အခက်အခဲများကို အဓိကထားဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

MTD