Main menu

Background

ထိုင်း-မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအတွက် တာခ်ခရိုင်မှာ နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲ ၂၀၁၅ ကျင်းပ

Wed, 02/04/2015 - 18:00 -- journal_editor

             အတွဲ(၁၅)အမှတ်(၅)

         ထိုင်းကူးသန်းရောင်းဝယ်ရေးဝန် ကြီး ချက်ချိုင်းဆရီကူလျာနဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ  စီးပွားရေးနှင့်  ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးဝင်းမြင့်တို့ ကြီးမှူးပြီး တာခ်နယ်စပ်ကုန် သွယ်ရေး  ကုန်စည်ပြပွဲ ၂၀၁၅ ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ ထို ထိုင်းတာခ်ခရိုင် နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲကို    မဲဆောက် Central Stadium  မှာ ဇန်နဝါရီ ၂၉ ရက်မှ ဖေ ဖော်ဝါရီ ၁ ရက်ထိ ကျင်းပခဲ့ပါတယ်။
တာခ်နယ်စပ်ကုန်သွယ်ရေးကုန် စည်ပြပွဲ ၂၀၁၅ က ထိုင်းကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနရဲ့ ထိုင်း-မြန်မာကုန်သွယ်မှုမြှင့်တင်ရေးရည်ရွယ်ချက်ရဲ့ ပဏာမ ခြေလှမ်းဖြစ်ပါတယ်။
တာခ်ခရိုင်-မဲဆောက်ဟာ အထူး စီးပွားရေးဇုန်အဖြစ် ထူထောင်ရန် ကြေညာ ထားပြီးဖြစ်ပါတယ်။ အကြောင်းမှာ အရှေ့အနောက်    စီးပွားရေးစြင်္ကံ (EWEC ) ပေါ်မှာ တာခ်ခရိုင်တည်ရှိ နေတဲ့အတွက် ဖြစ်ပါတယ်။ အရှေ့ အနောက်စြင်္ကံတွင် တာခ်ခရိုင်သည် ဒေသတွင်းမှာ အဓိကကျတဲ့စီးပွားရေး ဝင်ထွက်ဂိတ် တစ်ခုဖြစ်ပါတယ်။
ထိုင်းကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနဟာ အခြား ထိုင်း-မြန်မာ နယ်စပ်များမှာလည်း ကုန်စည်ပြပွဲများ ကျင်းပသွားရန် အစီအစဉ်ရေးဆွဲထား တယ်လို့ သိရပါတယ်။ ယခုကုန်စည်ပြပွဲ ကို ထိုင်းဘတ်ငွေသန်း ၃၀ ကျော် အကုန်ကျခံ ကျင်းပခဲ့တာဖြစ်ပါတယ်။ကုန်စည်ပြပွဲမှာ ထိုင်းနဲ့ မြန်မာ ထုတ် ကုန်အမယ် ၃၀၀ ကျော်ခန့် ပါဝင် ခင်း ကျင်းပြသထားပြီး   ထိုင်းနိုင်ငံဘက် ကတော့   ကျေးရွာတစ်ခု  ထုတ်ကုန် တစ်မျိုးစနစ် (OTOP- One Tambon One Village )  အရ ခင်းကျင်းပြသထား တယ်လို့  သိရပါတယ်။
ချမ်းမြေ့မောင်