Main menu

Background

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးဆောင်သည့်Trade Sector Working Group (TSWG)ဒုတိယအကြိမ် အစည်းအဝေး အောင်မြင်စွာကျင်းပ

Wed, 02/04/2015 - 18:07 -- journal_editor

    အတွဲ(၁၅)၊ အမှတ်(၅)

  မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့(Sectoral Working Group- SWGs)များကိုဖွဲ့စည်းဆောင်ရွက်လျက်ရှိရာတွင်  ကုန်သွယ်မှု ကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးအတွက် ကုန်သွယ်မှုကဏ္ဍဆိုင်ရာ လုပ်ငန်းအဖွဲ့(Trade Sector Working Group- TSWG)  အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးကဥက္ကဋ္ဌအဖြစ် ဦးဆောင်၍  ဖွဲ့စည်းဆောင်ရွက်လျက် ရှိ ပါသည်။    
ယင်းသို့ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာတွင်ဒုတိယအကြိမ်Trade Sector Working Group (TSWG)  အစည်းအဝေးကို ဇန်နဝါ လ ၂၁ ရက် နေ့တွင် နေပြည်တော်ရှိ Lake Garden Hotel  တွင် TSWG ၏ Co-Chair ဖြစ်သော EU ၏ ပံ့ပိုးကူညီမှုဖြင့်  ကျင်းပခဲ့ရာ ကုန်သွယ်မှုကဏ္ဍဆိုင်ရာ လုပ်ငန်းအဖွဲ့(TSWG)၏ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကိုယ်စား အတွင်းရေးမှူးဖြစ်သူ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာနမှ  ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦး တက်ရောက်အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။
      ညွှန်ကြားရေးမှူးချုပ်က  အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာNay Pyi Taw Accordိ အရ အဆိုပါဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ သမ္မတရုံးဝန်ကြီးဌာန(၅)ဒုတိယဝန်ကြီး ဒေါက်တာစန်းလွင်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန် ရှိသူ များ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်တို့မှ တာဝန်ရှိသူများ၊ ပုဂ္ဂလိက ဘဏ်အသီးသီးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊   ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ  ဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်းက ယနေ့ကျင်းပသည့်ဆွေးနွေးပွဲသည် ကုန်သွယ်မှုပိုင်း သာမကရင်းနှီးမြှုပ်နှံမှုပိုင်းကိုပါထည့်သွင်းဆွေးနွေးမည့်ပွဲဖြစ်ပါကြောင်း၊ ပုဂ္ဂလိက ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကဘဏ်များကိုပါ လုပ်ပိုင်ခွင့်များ ပေးထားပြီးဖြစ်ပါကြောင်း၊ ယခုအခါတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအပိုင်းတွင် အခက်အခဲအနည်းငယ် ရှိနေ၍ ခေါ်ယူဆွေးနွေးရခြင်းဖြစ်ပါကြောင်း၊ ကုန်သွယ်မှုများပြုလုပ်ရာတွင်သာမက ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်သည့်အခါများတွင်ပါ ပုဂ္ဂလိကပိုင်းတွင်သာမက အစိုးရပိုင်း တွင် ပါ  အခက်အခဲများရှိနေသည်ကို တွေ့ နေရပါကြောင်း၊ ထို့ပြင်တိုင်းပြည်တွင်ဖြစ်ပေါ်လာမည့် ကောင်းကျိုး ဆိုးကျိုးစသည့် အချက်များကို ဆွေးနွေးကြမည်ဖြစ် ကြောင်း၊ ဌာနအချင်းချင်းပေါင်းစပ်လုပ် ကိုင်နိုင်မှုအားနည်းနေ သည့် အတွက်ယခုကဲ့သို့အခက်အခဲများဖြစ်ပေါ်နေရခြင်း ဖြစ်ကြောင်း၊ ယခုအခါတွင် မြန်မာနိုင်ငံသည်ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာကြောင်း၊ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ သူများကို National Treatment ပေးထားပါကြောင်း၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများကိုပေးသည့်အခွင့်အရေးများအတိုင်း ၎င်းင်းတို့ကိုလည်းအခွင့်အရေးများပေးအပ်ထားပါကြောင်း၊ နိုင်ငံခြားသားကုမ္ပဏီများကို ရင်းနှီးမြှုပ်နှံမှုများပြုလုပ်စေခဲ့ပြီးနောက်၎င်းကုမ္ပဏီများမှလိုအပ်သည့်ကုန်ပစ္စည်းများတင်သွင်းရာတွင်Bank statementပြရန်လိုအပ်ပါကြောင်း၊ပြည်တွင်းမှကုန်ပစ္စည်းတင်ပို့တင်သွင်းသူများအား အဆိုပါBank Statement  ပြသခြင်းကို ၂၀၁၁ခုနှစ်ကတည်းက ဖြေလျော့ပေးထားပြီးဖြစ်ပါကြောင်း၊သို့သော် နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူများအနေဖြင့် ၎င်းင်းတို့၏လုပ်ငန်းနှင့်ပတ်သက်သည့်ကုန်ပစ္စည်းများကို တင် သွင်းရာတွင် ၎င်း တင် သွင်း မည့်ကုန်ပစ္စည်းများ၏ တန်ဖိုးနှင့်ညီမျှသည့်ငွေကိုဖော်ပြထားသညBank Statement  ကို တောင်းယူကြည့်ရှုရန် လိုအပ်နေပါကြောင်း၊ယင်းကိစ္စနှင့်ပတ်သက်၍မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ရမည်ကို ညှိနှိုင်း လို၍ တွေ့ဆုံရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့ နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်း ရောင်းဝယ်ရေးဘဏ်တို့မှတာဝန်ရှိသူများ၊ ပုဂ္ဂလိကဘဏ်အသီးသီးမှ တာဝန်ရှိ သူ များက အပြန် အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။         

(MTD)