Main menu

Background

ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများမြှင့်တင်ရေး အထူးလုပ်ငန်းအဖွဲ့၏ အစိုးရ၊ ပုဂ္ဂလိကဆွေးနွေးပွဲအား နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ကျင်းပ

Wed, 02/18/2015 - 20:15 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေးအရင်း အမြစ်အဖွဲ့အစည်း၏  စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(MDR-CESD) ၏ ညှိနှိုင်းစီစဉ်ဆောင်ရွက်မှု အရ သြစတြေးလျအမျိုးသားတက္ကသိုလ်(Austrialian National University-  ANU) မှ ကုန်သွယ်ရေးမြှင့်တင်မှု ဆိုင်ရာ သုတေသနစာတမ်း လေ့လာသုံး သပ်ချက်များအပေါ် အကြံပြုဆွေးနွေး ချက်များ၊ ကုန်သွယ်ရေးနှင့် စီးပွားရေး လုပ်ငန်းများမြှင့်တင်ရေး   အထူးလုပ် ငန်းအဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များ၊ အမျိုး သားကုန်သွယ်ရေး မဟာဗျူဟာအပေါ် အကြံပြုချက်များနှင့်   ပတ်သက်၍ အစိုးရ၊     ပုဂ္ဂလိကဆွေးနွေးပွဲအား နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဌာနတွင် ဖေဖော်ဝါရီလ ၁၃ရက်ကလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး စီးပွားရေးနှင့်  ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ရန်ကုန် တိုင်းဒေသကြီးရုံးတွင် ဖေဖော်ဝါရီ  ၁၄ ရက်က  လည်းကောင်း ကျင်းပခဲ့ ကြောင်း သိရှိရသည်။
အဆိုပါဆွေးနွေးပွဲသို့ ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်း၊   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး  ဝန်ကြီးဌာန ဒုတိယဝန်ကြီး   ဒေါက်တာပွင့်ဆန်း၊   ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်း များ မြှင့်တင်ရေး အထူးလုပ်ငန်းအဖွဲ့ ဒုတိယ  ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ၏အကြံပေးပုဂ္ဂိုလ် ဒေါက်တာဇော်ဦး၊ နိုင်ငံတော်သမ္မတရုံး  ဝန်ကြီးဌာန(၅) ဒုတိယဝန်ကြီး  ဒေါက်တာစန်းလွင်၊ ကုန်သွယ်မှုကဏ္ဍ  ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီဝင်များ၊  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုမြန်မာ  နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်   ဒုတိယ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် ညီနောင် အသင်းများမှ ဥက္ကဋ္ဌနှင့်  အလုပ်အမှု ဆောင်များ၊Working Group အဖွဲ့ ဝင်များ၊ ဖိတ်ကြားထားသောပုဂ္ဂိုလ်များ အသီးသီး တက်ရောက်ခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲတွင် ဘဏ္ဍာရေး ဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက မြန်မာနိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေမည့် စီး ပွားရေးကောင်းစေမည့် အရင်းအမြစ် များ များစွာရှိနေပါကြောင်း၊  မြန်မာ နိုင်ငံအနေဖြင့် တံခါးဖွင့်ဝါဒကို ကျင့် သုံးသည်မှာ  နောက်ကျနေသည်ဟု အများက ပြောနေကြကြောင်း၊ အိမ်နီး ချင်းနိုင်ငံများနှင့်စာလျှင် တံခါးဖွင့်ဝါဒ ကိုကျင့်သုံးသည်မှာ တော်တော်လေးကို နောက်ကျနေကြောင်း၊ နောက်ကျတဲ့ အတွက်တစ်ခြားနိုင်ငံတွေရဲ့ အတွေ့ အကြုံတွေ၊ သင်ခန်းစာတွေကို လေ့ လာပြီး မိမိနိုင်ငံတော်အတွက်  လုပ် သင့်တာကို လုပ်ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် အိမ်နီးချင်းနိုင်ငံများအနေဖြင့် နှစ်ပေါင်း ၆၀ ကျော် တံခါးဖွင့်ထားတဲ့ အတွက် စီးပွားရေးအရ  လုပ်ကွက်များ သိပ်မကျန်တော့ပေမယ့် မြန်မာနိုင်ငံ တွင်မူ များစွာကျန်ရှိနေသေးကြောင်း၊ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်း ကျော်ရှိသည့်အနက် အလုပ်လုပ်နိုင် သည့် လူဦးရေမှာ ၃၄ သန်း၊ ၃၅သန်း ပတ်ဝန်းကျင်တွင်ရှိနေကြောင်း၊   ၎င်းင်း တို့အနက်  ထက်ဝက်ခန့်မှာ အရည် အချင်းရှိသည့်လူငယ်များ ဖြစ်နေသည် ကို  တွေ့ရမှာဖြစ်ကြောင်း၊ ထို့ပြင် မြေ ပေါ်မြေအောက် သယံဇာတများ ပေါ များသည့်နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါ ကြောင်း၊  ကမ္ဘာပေါ်တွင် ၂၁ ရာစု အဝင်ပိုင်းတွင်  ကျယ်ကျယ်လောင် လောင်ထွက်ပေါ်လာသည့်  အသံမှာ ရေသယံဇာတရရှိရေးပင်     ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံတွင်Water Resource  များ အလျှံပယ်  ရှိနေပါ ကြောင်း၊  အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့အိန္ဒိယနှင့် တရုတ် နှစ်နိုင်ငံပေါင်း၏ ၁၀ ဆရှိနေပါကြောင်း၊ မြန်မာနိုင်ငံ သည် မဟာဗျူဟာမြောက်သည့်နေရာ တစ်နေရာ ဖြစ်နေပါကြောင်း၊ မြန်မာ နိုင်ငံသည်  အလွန်ကြီးမားသည့်  ဈေး ကွက်ကြီးသုံးခု၏ အလယ်တွင်  ရှိနေ ပါကြောင်း၊ တရုတ်၊အိန္ဒိယနှင့်အာဆီယံ နိုင်ငံများ၏အလယ်တွင် ရှိနေသည့် နိုင်ငံ   တစ်နိုင်ငံ  ဖြစ်နေပါကြောင်း၊ မြန်မာနိုင်ငံတွင်  အလွန်ပင်ရှည်လျား သည့် ကမ်းရိုးတန်းကြီးရှိနေပါကြောင်း၊ ကမ်းရိုးတန်းက မျက်နှာမူထားသည့် ပင်လယ်ကြီးရှိနေသဖြင့် မြန်မာနိုင်ငံ သည်   အာဖရိကနိုင်ငံများအနေဖြင့် အာရှတိုက်တွင်းသို့  ဝင်မည့်ဝင်ပေါက် တစ်ခုပင်ဖြစ်နေပါကြောင်း။
သြစတြေးလျ အမျိုးသားတက္ကသိုလ် မှ လေ့လာဆန်းစစ်ချက်များအရ၂၀၃၀ ပြည့်နှစ်အရောက်တွင် မြန်မာနိုင်ငံ၏ ဂျီဒီပီသည်    အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ အထိရောက်ရှိလာမည် ဖြစ်ကြောင်း၊ တစ်နှစ်ကို ရှစ်ရာခိုင်နှုန်း တိုးလာမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ် က မြန်မာနိုင်ငံ၏ဂျီဒီပီသည် ၇ ဒသမ ၅မှ ၇ ဒသမ၉အထိရှိလာသည့်အတွက် ၎င်းင်းတို့  ခန့်မှန်းထားသည့်အတိုင်း ဖြစ် လာနိုင်ကြောင်း၊   နိုင်ငံတစ်နိုင်ငံ၏စီးပွားရေးတိုးတက်လာဖို့အတွက်  နိုင်ငံ ရေးတည်ငြိမ်မှုရှိရန်၊ စီးပွားရေးမူဝါဒ များကောင်းမွန်ဖို့လည်း လိုပါကြောင်း၊ စီးပွားရေးပေါ်လစီဟုဆိုရာတွင်State Policy လည်း   လိုအပ်ပါကြောင်း၊ သဘာဝသယံဇာတများကို ထုတ်ယူသုံး စွဲပြီး နိုင်ငံ၏စီးပွားရေး  ကောင်းမွန် အောင်လုပ်ဆောင်ရန်အတွက် ပေါ် လစီကောင်းများ  လိုအပ်ပါကြောင်း၊ ယင်းကဲ့သို့ ပေါ်လစီကောင်းများရှာဖွေ ရာတွင် မိမိကိုယ်တိုင်ရှာဖွေသည်ထက် ပညာရှင်များကို  တာဝန်ပေးလျှင် ပို၍ ထိရောက်နိုင်ပါကြောင်း၊   ယခုအခါ တွင် မြန်မာနိုင်ငံ၏  စီးပွားရေးနှင့်ပတ် သက်၍   သြစတြေးလျ  အမျိုးသား တက္ကသိုလ်မှ လေ့လာချက်များပြုလုပ် ၍ စာအုပ်တစ်အုပ်ကို ပြုစုထုတ်ဝေခဲ့ ပါကြောင်း၊ အဆိုပါစာအုပ်ကို ဖတ်ရှု လေ့လာ၍ ပြင်ရမည့်အချက်များ၊ လုပ် သင့်လုပ်ထိုက်သည်များကိုလုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ ပြောင်းလဲသင့်သည် များကိုလည်း   ပြောင်းလဲလုပ်ဆောင် ရမည်ဖြစ်ကြောင်း အကျယ်တဝင့်ရှင်း လင်း ပြောကြားခဲ့သည်။
ထို့နောက် ကုန်သွယ်ရေးနှင့်စီးပွား ရေးလုပ်ငန်းများမြှင့်တင်ရေး  အထူး လုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော် သမ္မတ၏ အကြံပေးပုဂ္ဂိုလ်ဒေါက်တာ ဇော်ဦးက မြန်မာနိုင်ငံ၏စီးပွားရေးနှင့် ပတ်သက်၍ ဆန်းစစ်လေ့လာမှုများ ပြု လုပ်ရန်    သြစတြေးလျအမျိုးသား တက္ကသိုလ်မှ  ပညာရှင်များကိုဖိတ်ကြား  ရခြင်းနှင့်စပ်လျဉ်း၍   ရှင်းလင်းပြော ကြားခဲ့သည်။ သြစတြေးလျ အမျိုးသား တက္ကသိုလ်မှ  အကြံပေးပုဂ္ဂိုလ်Mr. Peter Drysdale  က ၎င်းင်းတို့၏ လေ့ လာတွေ့ရှိချက်များနှင့်စပ်လျဉ်း၍ ရှင်း လင်းတင်ပြသည်။
ထို့နောက်တက်ရောက်လာကြ သည့်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ က ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကြ ကြောင်း သတင်းရရှိသည်။

မယ်သီတာ