Main menu

Background

အဝလွန်ခြင်းကြောင့် အမျိုးသားများတွင်ရင်သားကင်ဆာဖြစ်ပွားမှု ပိုမိုများပြားလာကြောင်း လေ့လာတွေ့ရှိ

Thu, 06/25/2015 - 19:22 -- journal_editor

အင်္ဂလန်နိုင်ငံ၊  လန်ဒန်ရှိ လိဒ်ဆေးသိပ္ပံတက္ကသိုလ်မှ သုတေသီများက အဝလွန်ခြင်းကြောင့်  အမျိုးသားများမှာ ရင်သား ကင်ဆာဖြစ်ပွားလျက်ရှိနေကြောင်း ဇွန်လ ဒုတိယပတ်အတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အဝလွန်တဲ့ အမျိုးသားများရဲ့ အဆီဆဲလ်များမှာပါဝင်တဲ့ အင်ဇိုင်းများဟာ အမျိုးသားဟော်မုန်းTestosterone  ကို အမျိုး သမီးဟော်မုန်း Oestrogen  အဖြစ် ပြောင်းလဲစေပါတယ်။
ဒါကြောင့် အဝလွန်တဲ့အမျိုးသားတွေဟာ  Oestrogen   ထုတ်လုပ်မှုများမိုမို များပြားလာတဲ့အတွက် အဝလွန်တဲ့ အမျိုး သားများရဲ့သွေးထဲမှာ အမျိုးသမီးဟော်မုန်းဓါတ်တွေ ပိုမိုများပြားလာတာ တွေ့ရတယ်လို့ သုတေသနပြုလေ့လာချက်များအရ  ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ရင်သားကင်ဆာဖြစ်ပွားနေတဲ့အမျိုးသားတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို စမ်းသပ်စစ်ဆေးကြည့်ရာမှာ သူတို့ရဲ့ ရင်သား တွေ ကြီးထွားဖို့အတွက် အမျိုးသမီးဟော်မုန်းထိုးဆေးတွေကို အသုံးပြုတာကို တွေ့ရတယ်လို့  လိဒ်ဆေးသိပ္ပံတက္ကသိုလ်မှ ပါမောက္ခစပီးယားက ပြောကြားပါတယ်။
ဒါ့အပြင် ကိုလက်စထရောမှာပါဝင်တဲ့  ဆဲလ်အချင်းချင်းပေါင်းစပ်ပြီး  အမျိုးသမီးဟော်မုန်းအဖြစ် ပြောင်းလဲနိုင်တာ ကြောင့် အဝလွန်ပြီးကိုလက်စထရောပမာဏမြင့်မားတဲ့အမျိုးသားတွေဟာ အမျိုးသမီးဟော်မုန်းထုတ်လုပ်မှုတွေ များပြားလာ ပြီး ရင်သားကင်ဆာဖြစ်ပွားမှု ပိုမိုများပြားလာနိုင်ခြေရှိတယ်လို့ ဒေါက်တာ မက်သယူးဟမ်းဖရစ်စ်က ပြောကြားခဲ့ပါတယ်။
မကြာသေးမီက ချီကာဂိုမှာကျင်းပတဲ့ American Society of Clinical Oncology  ရဲ့နှစ်ပတ်လည် အစည်းအဝေးမှာ  ဆေးလိပ်သောက်သုံးခြင်းကြောင့် ကင်ဆာဖြစ်ပွားစေတဲ့အကြောင်းရင်းထက် အဝလွန်ခြင်းကြောင့် ကင်ဆာဖြစ်ပွားစေမှုက ပိုမိုတယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
"'ကမ္ဘာပေါ်မှာ အဝလွန်တဲ့သူအရေအတွက် ပိုမိုတိုးပွားလာတာဟာ ပြည်သူကျန်းမာရေးကို ခြိမ်းခြောက်လျက်ရှိနေပါ တယ်။ အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများမှာ အဝလွန်တဲ့သူဦးရေဟာ တစ်နေ့တခြားတိုးပွားလျက်ရှိ နေတာကို တွေ့ရပါတယ်။ ဒါကြောင့် အဝလွန်တဲ့အမျိုးသားတွေအနေနဲ့ ရင်သားကင်ဆာဖြစ်ပွားမှု များပြား နိုင်ခြေရှိတဲ့အတွက် အဝလွန်မှုကို လျှော့ချရမှာ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်များကို စားပေးခြင်းဖြင့် အဝလွန်မှုကို လျှော့ချနိုင်တဲ့အပြင် ရင်သားကင် ဆာဖြစ်ပွားမှုကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်''ဟု ဒေါက်တာဟမ်းမ်ဖရစ်က ပြောကြားခဲ့ပါတယ်။
ရှင်ပါဂူ