Main menu

Background

ဗီယက်နမ်ကျေးလက်ဒေသများတွင်4G နည်းပညာကို အောက်တိုဘာလတွင် စမ်းသပ်ဆောင်ရွက်မည်

Mon, 09/14/2015 - 19:32 -- journal_editor

ဗီယက်နမ် ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့  ဗီယက်တဲလ်ဂရု(ပ်) (Viettel Group)က4 Gနည်းပညာကို အောက်တိုဘာမှစ၍ ရှေ့ပြေးစမ်းသပ်ဆောင်ရွက်သွားတော့မှာဖြစ်ကြောင်း ဗီယက်တဲလ်ဂရု(ပ်)  ဒုတိယညွှန်ကြား ရေးမှူး ချုပ် ဒိုမင်းဖောင်ရဲ့ ပြောကြား ချက်ကိုကိုးကားပြီးVNSသတင်းမှာ ဖော်ပြပါတယ်။လာမယ့်နှစ်  ပထမ သုံးလပတ် ထက်နောက်မကျစေဘဲ အခြေစိုက်ထပ် ဆင့်ထုတ်လွှင့်ရေးစခန်းပေါင်း ၁၂၀၀၀ ကိုစိုက်ထူသွားမှာဖြစ်ကြောင်း သူက ပြောပါတယ်။  4G ကွန်ရက်ကို ကျေးရွာ  အတွက် ဆောင်ရွက်ပေး ပြီးမှ ခရိုင်၊ ပြည်နယ်နဲ့ မြို့တော်ကြီးများ မှာ ဆက်လက်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ 4G နည်းပညာကို အသုံး ပြုမယ်ဆိုရင်ဗီယက်တဲလ် အသုံးပြုသူ တွေကဆင်းမ်ကတ်များကို အသစ်လဲရ မှာဖြစ်ပေမယ့် ဖုန်းနံပါတ်က   အပြောင်း အလဲရှိမှာ မဟုတ်ပါဘူး။4G  နည်းပညာကို ၂၀၁၆ ခုနှစ် တွင်စတင်အကောင် အထည်ဖော်နိုင် ရန်အတွက်   လိုင်စင်ချပေးနိုင်ရန် ဗီယက်တဲလ်  ဒုတိယအကြီးအကဲ လေဒန်ဇွန်းက ပြန်ကြားရေးနဲ့ ဆက် သွယ်ရေးဝန်ကြီးဌာနကို အဆိုပြုချက် တင်ပြထားပါတယ်။4G  နည်းပညာကိုအသုံးပြုရာမှာ ဗီယက်နမ်နိုင်ငံက အခြားအာဆီယ နိုင်ငံ များ ထက် နောက် ကျနေတဲ့အတွက် ဗီယက်တဲလ်က   ယခုလိုအဆိုပြုချက် တင်သွင်းခဲ့တာဖြစ်ပြီး စမ်းသပ်အသုံးပြု ချိန်ကာလ နှောင့်နှေးကြန့်ကြာနေရင် ဗီယက်နမ်နိုင်ငံမှာ 4G ဝန်ဆောင်မှု တွေပေးတာ   နောက်ကျနိုင်ပါတယ်။ ဗီယက်တဲလ်က4G  နည်းပညာကို လာအို နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာလည်း စမ်းသပ်အသုံးပြုမှာ ဖြစ်ပါတယ်။ဗီယက်နမ်နိုင်ငံမှာ  4G ဝန် ဆောင်မှုတွေ စတင်ဆောင်ရွက်တာနောက်ကျနေ ရင်  စီးပွားရေးလုပ်ငန်း တွေက 2G  နဲ့  3G နည်းပညာတွေ အတွက် ဆက်လက်ရင်းနှီးမြှုပ်နှံနေရ မှာဖြစ်ပါတယ်။ ဒီလိုအဖြစ်မျိုးကိုရှောင် ရှားလိုတဲ့အတွက်ယခုလို ဆောင်ရွက် ခဲ့တာဖြစ်ပါတယ်။ 4G  အတွက် လိုင်စင် တွေချပေးနိုင်မယ်ဆိုရင်    စီးပွားရေး လုပ်ငန်းတွေက 3G  အစား4G  နည်း ပညာအတွက်    ရင်းနှီးမြှုပ်နှံနိုင်မှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေက4G  နည်းပညာအတွက်   ရင်းနှီးနိုင်မယ် ဆိုရင်အရင်းအမြစ်တွေကိုအလဟဿ ဖြစ်မယ့်  အခြေအနေကနေ ရှောင်ရှား နိုင်မှာဖြစ်ပါတယ်။

ဉာဏ်တင်