Main menu

Background

မြန်မာ့ပျားရည် ပြည်တွင်း သုံးစွဲမှုထက် ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့နေရ

Fri, 11/06/2015 - 16:04 -- journal_editor

မြန်မာ့ပျားရည်ကို ပြည်တွင်းသုံးစွဲမှု ထက် ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့နေရ ကြောင်း သိရပါတယ်။ ပျားရည်ကို ပြည် တွင်းမှာ ဆေးဝါးအဖြစ်သာ အဓိကအသုံး ပြုကြပြီး ပြည်ပနိုင်ငံများတွင် သကြားအစား ပျားရည်စား သုံးခြင်းနှင့် အအေးပိုင်းနိုင်ငံ များ၌ ပျားရည်ကို အဓိကထားပြီး  သုံးစွဲမှုများနေတာကြောင့် ပြည်ပဈေးကွက်သို့ တင်ပို့နေ ရခြင်းဖြစ်ပါတယ်။
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် အောက်တိုဘာလ ၁ ရက်မှ ၂၀ ရက်အတွင်း ကန်ဒေါ်လာ ၁၆၁၀၇၀ တန်ဖိုးရှိ ပျားရည် တန် ၂၃၀ ကျော်ကို တင်ပို့ခဲ့ပါတယ်။ တရုတ်နိုင်ငံအပြင် အမေရိကန်၊ ကနေဒါ၊ ဂျပန်နဲ့ ထိုင်းနိုင်ငံများကိုလည်း တင်ပို့မှုရှိ တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံတွင် ပျားမွေးမြူရေးကို ၁၉၇၉ ခုနှစ်နဲ့ ၁၉၈၂ ခုနှစ်မှာ စတင်ခဲ့ပြီး ၁၉၈၈-၈၉ တွင် ဂျပန်နိုင်ငံသို့ တင်ပို့ခဲ့ပါ တယ်။ ၂၀၁၃ ခုနှစ်မတိုင်မီအထိ မြန်မာ့ ပျားရည်ကို ဂျပန်၊ ထိုင်းနဲ့ တရုတ်နိုင်ငံတွေ ကို အဓိကတင်ပို့ခဲ့ရာမှ စီးပွားရေးအခွင့် အလမ်း ပွင့်လင်းလာခဲ့မှုကြောင့် အမေရိ ကန်နိုင်ငံနဲ့ ကနေဒါနိုင်ငံတွေကိုပါ တင်ပို့ ခဲ့ရပြီး နှစ်အလိုက် ပျားရည်တင်ပို့မှု တိုးတက်ခဲ့ကြောင်း သိရပါတယ်။                                                                                                                                                                      

     မော်မော်အောင်