Main menu

Background

မိမိဖုန်းထဲသို့ ကိုယ်တိုင် မှားယွင်းပြီး ဘီလ်ပြန်လွဲှမိကြသော MPT သုံးစွဲသူများ၏ အားပေးမှုကို တန်ဖိုးထားလေးစားသည့်အတွက် MPT မှဝန်ဆောင်ခ ငါးရာခိုင်နှုန်းကို ပြန်လည်ဖြည့်သွင်းပေးခဲ့

Wed, 01/13/2016 - 13:06 -- journal_editor

မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ဦးဖြစ်သော မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း (MPT) မှ (MPT) ကိုအသုံးပြုသော မိဘပြည်သူများအား အစဉ်အမြဲအားပေးသုံးစွဲ သည့်အတွက်တန်ဖိုး ထားလေးစားသော အားဖြင့် လက်ကျန်ငွေလွဲှပြောင်းခြင်းဝန်ဆောင်မှုကိုအသုံးပြုပြီး မိမိဖုန်းသို့ပြန်လည်ဘီလ်လွဲှပြောင်း မိသော MPTအသုံးပြုသူများအား ၎င်းတို့ပေး ဆောင်ထားရသည့် လွဲှပြောင်းခြင်းဝန်ဆောင်ခ  ငါးရာခိုင်နှုန်းကို ၎င်းင်းတို့၏ဖုန်းများ သို့ ပြန်လည် ဖြည့်သွင်းပေးအပ်ခဲ့ကြောင်း ဇန်နဝါရီ ၈ ရက်က သတင်းထုတ်ပြန်ကြေညာခဲ့သည်။MPT သည် သုံးစွဲသူများ အလွန်စိတ်ဝင် စားခဲ့သည့် ဖုန်းအချင်းချင်း  လက်ကျန်ငွေလွဲှ ပြောင်းပေးခြင်း ဝန်ဆောင်မှုကို မကြာသေး မီက စတင်ခဲ့ပြီးသုံးစွဲသူအများအပြားကလည်းဝန်ဆောင်မှုစတင်ရရှိသည့်အချိန်မှစ၍ မိမိတို့ အချင်းချင်းဖုန်းငွေလွဲှပြောင်းပေးခြင်းများကို ပြုလုပ်ခဲ့ကြသည်။ဤဝန်ဆောင်မှုသည် MPTသုံးစွဲသူများ အကြား သူငယ်ချင်း များနှင့်မိသားစု များ ထံသို့လိုအပ်ချိန်တွင် လက်ကျန်ငွေလွဲှပြောင်းပေးနိုင် ရန် ပြုလုပ်ထားသည့်ဝန်ဆောင်မှုဖြစ်ပြီး အချို့ သော သုံးစွဲသူများက မိမိဖုန်းထံသို့ မိမိဘာသာ လက်ကျန်ငွေလွဲှပြောင်းခြင်းကို စမ်းသပ်ပြုလုပ် ခဲ့ကြရာ ထိုသို့ပြုလုပ်ရာတွင် တစ်ကြိမ်ပြုလုပ် တိုင်း MPT က လွဲှပြောင်းမှုအတွက်ဝန်ဆောင်ခ ငါးရာခိုင်နှုန်း ဖြတ်တောက်ခြင်းကို သတိမပြုမိ ကြဘဲ စမ်းသပ်ခဲ့မိကြသည်။ထိုသို့ မှားယွင်းစမ်းသပ်ရာမှ ဖုန်းဘီလ်ထဲမှ ဝန်ဆောင်ခကိုဖြတ်တောက်ခံခဲ့ရသူများ အတွက် MPT မှ ဝန်ဆောင်မှုငါးရာခိုင်နှုန်းကို ၎င်းင်းတို့၏ ဖုန်းများသို့ ပြန်လည်ဖြည့်သွင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။MPT-KSGM Joint Operation၏ Chief Commercial Officer ဖြစ်သူ Mr.Koichi Kawase က ''ကျွန်တော် တို့ MPT အနေနဲ့ သုံးစွဲသူ တွေက အမြဲတမ်း စိတ်ဝင်စားစရာကောင်းတဲ့ ဝန်ဆောင်မှုတွေကို လိုချင်ကြတယ်ဆိုတာ သိပါ တယ်။ အစဉ်အမြဲသုံးစွဲလာကြတဲ့ ပြည်သူတွေရဲ့ အားပေးမှုကိုလည်း  တန်ဖိုးထားလေးစားတဲ့ အတွက် ဒီလက်ကျန်ငွေလွဲှတဲ့ ဝန်ဆောင်မှုကို စမ်းသပ်ရင်း ကိုယ့်ဖုန်းထဲ ကိုယ်ဘီလ်ပြန်လွဲှမိကြ တဲ့ သုံးစွဲသူတွေရဲ့ ဖုန်းတွေထဲကို အခုလိုမျိုးဝန် ဆောင်ခ ငါးရာခိုင်နှု်းကို ပြန်ပြီးထည့်ပေးတာပါ၊ MPT  သုံးစွဲသူတွေတိုင်းကို ကျွန်တော်တို့က အလေး ထားပါတယ်။ ဝန်ဆောင်မှုအသစ်ကို အသုံးပြုရာ မှာလည်း နစ်နာမှုတစ်စုံတရာမရှိဘဲ ပျော်ပျော် ရွှင်ရွှင်သုံးစွဲစေချင်ပါတယ်''ဟု ပြောကြားခဲ့သည်။MPT ၏ ကြိုတင်ငွေဖြည့်ခြင်းဝန်ဆောင်မှု ကို သုံးစွဲသူများအနေဖြင့် အခြား MPT ကြိုတင် ငွေဖြည့်ခြင်း  ဝန်ဆောင်မှုကို သုံးစွဲသူထံသို့ အနည်းဆုံး လက်ကျန်ငွေ သုံးရာကျပ်မှ အများ ဆုံး တစ်သောင်းကျပ်အထိ ဘီလ်လွဲှပို့ပေးနိုင်ပြီး လွဲှပြောင်းမှုတစ်ခုချင်းစီအတွက် လွဲှပြောင်းပေး သူ၏ လက်ကျန်ငွေထဲမှ ဝန်ဆောင်ခရာခိုင်နှုန်း ကို ဖြတ်တောက်သွားမည်ဖြစ်သည်မည်သည့် MPT,GSM, WCDMA ကြိုတင် ငွေဖြည့်ခြင်း ဝန်ဆောင်မှုစနစ် သုံးစွဲသူတိုင်းမဆို *223*လွှဲပြောင်းပေးလိုသည့်ပမာဏ*လွဲှပြောင်း ပေးလိုသည့်ဖုန်းနံပါတ်# သို့ ခေါ်ဆိုခြင်းဖြင့် လက်ကျန်ငွေ လွဲှပြောင်းသည့် ဝန်ဆောင်မှုကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
မယ်သီတာ