Main menu

Background

HR ဝန်ထမ်းများအတွက်International Human Resource Summit 2016 ကို ဇန်နဝါရီလ ၂၂ ရက်တွင် ကျင်းပမည်

Wed, 01/13/2016 - 14:44 -- journal_editor

HR ဝန်ထမ်းများအတွက်HR Summit 2016 ကို ဇန်နဝါရီ ၂၂ ရက်၌ရန်ကုန်မြို့ရှိ Novotel Max Yangon တွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။အဆိုပါHR Summit 2016 ကို မြန်မာနိုင်ငံတွင်ပထမဦးဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ် ပြီး နိုင်ငံ တကာမှHRပညာရှင်များကလာရောက်ဟောပြောဆွေးနွေးကြမည်ဖြစ်ကြောင်းသိရသည်။အဆိုပါHRဆွေးနွေးပွဲသို့ တက်ရောက်လိုသူ များသည် www.mihrs.com,register@mihrs.com, information@mihrs.com, info@3rdeyems.com သို့ဝင်ရောက်၍ ဝင်ကြေးအမေရိကန်ဒေါ်လာ၅၀ ပေးသွင်းကာ တက်ရောက်နိုင်ကြောင်းသိရသည်။ ယင်း Summit ကိုThird Eye Management မှဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။''မြန်မာနိုင်ငံ မှာ Human  Resource နဲ့ပတ်သက်တာတွေကိုနိုင်ငံတကာကပညာရှင်တွေက လာရောက် ဆွေးနွေးပေးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာအချိန်အနည်းငယ်အတွင်းမှာပဲပြောင်းလဲတိုးတက်နေ တာကိ့မြင်တွေ့ခဲ့ရပါတယ်။ အဲဒီ လို ပြောင်းလဲတိုးတက် လာတဲ့အတွကHRကဏ္ဍဟာလည်း အရေးပါတဲ့နေရာကိုရောက်နေပါပြီ။ ဒါကြောင့်ဒီဆွေးနွေးပွဲကနေမြန်မာနိုင်ငံကတိုးတက်ချင်တဲ့၊HRကိုလေ့လာနေတဲ့လူငယ်တွေအတွက်အများကြီးအထောက်အကူြ ပုမယ် လို့ထင်ပါ တယ်''ဟုThird Eye Management Solutions မှ မန်နေးဂျင်းဒါရိုက်တာ Ms Gen Lehnက ပြောကြားခဲ့သည်။အဆိုပါSummitတွင် အဓိက ဟောပြောမည့် သူများမှာ Ms Gen Lehn(MD,Third Eye Manage - ment Solutions),Mr Warren Eng(General Director, ERC),Ms.Judy A.Benn(Executive Director, American Chamber of Commerce in Thailand), Ms.Owararinth Bubphawadee (Head of Human Resources Thailand,Standard Charterded Bank),ဒေါ်ရွှေရည်ဝင်းလဲ့(Sr. Vice President, Head of People Partners & Development People Group,Telenor MyanmarLimited),ဒေါ်ရွှေဇင်သက် (Head of Human Resources, Roche Myanmar Co., Ltd.),တို့နှင့် HRပညာရှင်များက ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
မယ်သီတာ