Main menu

Background

သြစတြေးလျနိုင်ငံတွင် တောမီးများ လောင်ကျွမ်းမှုကြောင့် သစ်တောဟက်တာပေါင်း ၅၈၀၀၀ ကျော် မီးလောင်ဆုံးရှုံး

Wed, 01/13/2016 - 14:58 -- journal_editor

သြစတြေးလျနိုင်ငံ အနောက်ပိုင်းတွင် တောမီးများ အဆက်မပြတ် လောင်ကျွမ်းနေမှုကြောင့် သစ် တောဟက်တာပေါင်း ၅၈၀၀၀ ကျော် မီးလောင်ဆုံး ရှုံးခဲ့ပြီးမီးလောင်ဆုံးရှုံးမှုတန်ဖိုးမှာ သြစတြေးလျ ဒေါ်လာ ၅၃သန်းကျော်(အမေရိကန်လာ ၃၈သန်း) ရှိကြောင်း ဆင်ဟွာသတင်းတွင်ဖော်ပြထားသည်။တောမီးများသည်  ဗစ်တိုးရီးယားပြည်နယ်၊ ဂရိတ်အိုးရှင်းလမ်းမတစ်လျှောက် လောင်ကျွမ်းခဲ့ရာ ခရစ္စမတ်ကာလတွင် အဆိုပါလမ်း၌ နေထိုင်ကြ သည့်ပြည်သူများမှာလက်လွတ်ထွက်ပြေးခဲ့ရသည် ဟု ဆိုသည်။ခရစ္စမတ်နေ့က တောမီးလောင်ကျွမ်းမှုကြောင့် နေအိမ်ပေါင်း ၁၁၆ လုံး မီးလောင်ကျွမ်းခံခဲ့ရကြောင်း သြစတြေးလျ အသံလွှင့်ဌာနက ကြေညာခဲ့သည်။ နေအိမ်များပျက်စီးဆုံးရှုံးခဲ့သော်လည်း လူများထိခိုက်ဒဏ်ရာရရှိခြင်းမရှိခဲ့ကြောင်း ထုတ်ဖော် ကြေညာခဲ့သည်။ရာသီဥတု ပူပြင်းလာသည့်အပြင် လေပြင်းများ တိုက်ခတ်မှုေ ကြာင့် တောမီးလောင်ကျွမ်းမှုများမှာပိုမိုပြင်းထန်လာရခြင်းဖြစ်သည်ဟု သတင်းများကထုတ်ဖော်ရေးသားခဲ့သည်။လေပြင်းတိုက်ခတ်မှုမှာ တစ်နာရီလျှင် ကီလို မီတာ ၆၀ နှုန်းရှိနေပြီး လေပြင်းများကြောင့် မီး တောက်များမှာ  ပိုမိုပြင်းထန်လျက်ရှိနေကြောင်း၊ တချို့နေရာများတွင်မီးတောက်များမှာ မီတာ ၅၀ ကျော်မျှရှိနေကြောင်း  ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။သြစတြေးလျနိုင်ငံ၊ ပါ့သ်မြို့၏ တောင်ဘက် ကီလိုမီတာ ၁၂၀  အကွာတွင်ရှိသည့် ယာလု(ပ်)မြို့ငယ်လေးအား  ဇန်နဝါရီ ၇ ရက်က တောမီးကူး စက်လောင်ကျွမ်းခဲ့သဖြင့်နေအိမ် ၉၅လုံး မီးလောင် ပြာကျသွားခဲ့ကာ လူပေါင်း ၅၄၅ ဦးကို မီးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရသည်ဟုဆိုသည်။
မီးလောင်ကျွမ်းမှုကြောင့် လူသုံးဦး ပျောက်ဆုံး နေပြီး မီးသတ်သမားလေးဦး ဒဏ်ရာရရှိကာ မီး သတ်ကားတစ်စီး  မီးလောင်ပျက်စီးခဲ့ရသည်ဟုဆို သည်။သြစတြေးလျအနောက်ပိုင်း မီးသတ်နှင့်အရေးပေါ်ကူညီကယ်ဆယ်ရေးဌာန မှ  ကော်မရှင်နာ တစ်ဦးဖြစ်သူ ဝိန်းဂရက်ဆန်က''ဒီတောမီးကို ထိန်း ချုပ်ဖို့ တော်တော်လေးခက်နေပါတယ်။ လေတိုက် နှုန်းကလည်း  တော်တော်လေး  ပြင်းထန်နေသလို မီးတောက်ကလည်း ကြီးပါတယ်။ အာဏာပိုင်တွေ အနေနဲ့  ဒီတောမီးလောင်ကျွမ်းနေတာကိုအဆုံး သတ်နိုင်ဖို့လိုပါတယ်''ဟု ပြောကြားခဲ့သည်။
မယ်သီတာ