ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်က အိန္ဒိယ-မြန်မာ နယ်စပ်ရှိ မဏိပူရပြည်နယ်၊ အင်ဖာမြို့တွင် အင် အား ရစ်ချ်တာစကေး ၆ ဒသမ ၇အဆင့်ရှိသည့်အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ရာ လူပေါင်း ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး ခုနစ်ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူဦးရေမှာ ထပ်မံတိုးလာနိုင်ဖွယ်ရှိ ကြောင်း NDTVသတင်းတွင် ဖော်ပြထားသည်။ငလျင်လှုပ်ခတ်မှုကြောင့် အင်ဖာမြို့ပေါ်တွင် အပျက်အစီးများ စုပုံနေပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်နေကြောင်း၊ ငလျင်လှုပ်ရှားမှု၏ဗဟိုချက်သည် မြေအောက် ၅၅ ကီလိုမီတာအကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ရာ အင်ဖာမြို့မှ ပြည်သူများသည် လမ်းမများ ပေါ်သို့ ထွက်ပြေးခဲ့ကြေ ကြာင်းဒါကာထရီဗျူး သတင်းတွင် ဖော်ပြထားသည်။ထို့ပြင် အင်ဖာဈေးအတွင်းရှိ အဆောက် အအုံများလည်း ပျက်စီးခဲ့ရပြီး စာသင်ကျောင်း များလည်း ပျက်စီးခဲ့ရကြောင်း၊ လူနေအိမ် အများအပြားလည်းပျက်စီးခဲ့ရေ ကြာင်းမဏိပူရ်ပြည်နယ် မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။မဏိပူရမြို့၏ အကြီးဆုံးသော ဈေးကြီးဖြစ် သည့် အင်ဖာဈေးတွင် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ သော်လည်း ငလျင်လှုပ်ခတ် ပြီး နောက်တစ်ရက် တွင် ဈေးကိုပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ကာ ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း မဏိပူရ ပြည်နယ်အာဏာပိုင်များက ပြောကြားသည်။ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင် လျက်ရှိပြီး အိုးအိမ်များပျက်စီး ဆုံးရှုံးခဲ့ရသည့် ပြည်သူများအား ကယ်ဆယ်ရေးစခန်းများဖွင့်လှစ် ကာ ထားရှိပေးထားကြောင်းမဏိပူရပြည်နယ် ကယ်ဆယ်ရေးစခန်းတာာဝန်ခံကပြောကြားခဲ့ သည်။''ငလျင်လှုပ်ပြီးတဲ့နောက်မှာအပျက်အစီးတွေကြားထဲ က သေဆုံးသူတွေ၊ ဒဏ်ရာရရှိသူတွေ ကို ကယ်ဆယ်ခဲ့ပါတယ်။ ပြိုကျနေတဲ့အဆောက်အအုံတွေကိုဖယ်ရှားပေးရင်းနဲ့ ဒဏ်ရာရရှိသူ တွေကို ကူညီလျက်ရှိပါတယ်။ နေအိမ်ပျက်စီးသွား တဲ့သူတွေကိုလည်း ကယ်ဆယ်ရေးစခန်းမှာ ထား ရှိပါတယ်''ဟုကယ်ဆယ်ရေးတာဝန်ခံရဲအရာရှိ အေကေဂျာလာဂျစ်က ပြောကြားခဲ့သည်။
မယ်သီတာ
Background