Main menu

Background

၂၀၁၆ ဘောလုံးရာသီအတွက် ရှမ်းယူနိုက်တက်အသင်းအား ကမ္ဘောဇဘဏ်နှင့် SCANIA တို့ ကူညီပံ့ပိုးမည်

Wed, 01/13/2016 - 15:20 -- journal_editor

၂၀၁၆ ဘောလုံးရာသီတွင် ရှမ်းပြည်နယ်ကို ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်မည့် ရှမ်းယူနိုက်တက်အသင်းအား ကမ္ဘောဇဘဏ်နှင့်SCANIAတို့ကကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း ရှမ်းယူနိုက်တက်အသင်းပိုင်ဝက်ဘ် ဆိုက်တွင် ဖော်ပြထားသည်။ရှမ်းယူနိုက်တက်အသင်းအားSCANIAကားကုမ္ပဏီက ပံ့ပိုးကူညီ သည့် စာချုပ်ချုပ်ဆိုပွဲကိုဇန်နဝါရီ ၆ ရက်က ကျင်းပပြုလုပ်ခဲ့သည်။အဆိုပါစာချုပ်များအရ ရှမ်းယူနိုက်တက်အသင်း၏ အိမ်ကွင်းဝတ်စုံ တွင် ကမ္ဘောဇဘဏ်၏ အမှတ်တံဆိပ်ဖြစ်သော KBZ Bank ကိုဖော်ပြ ထားမည်ဖြစ်ပြီးအဝေးကွင်းဝတ်စုံတွငSCANIA အမှတ်တံဆိပ်ကို ဖော်ပြပေးမည်ဖြစ်ကြောင်း သိရသည်။ယင်းကဲ့သို့ပံ့ပိုးကူညီမှုများနှင့်ပတ်သက်၍ ရှမ်းယူနိုက်တက်အသင်း ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးခွန်နောင်မြင့်ဝေက''ရှမ်းယူနိုက်အသင်းဆိုတာ မြန်မာ့ဘောလုံးလောက တိုးတက်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားတဲ့ဘောလုံးအသင်းပါ။ကျွန်တော် တို့  ဘောလုံးအသင်း ကို အခုလို ပံ့ပိုးကူညီပေးတဲ့အတွက်အထူးပဲဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ပံ့ပိုးကူညီတဲ့သူတွေအတွက ကျွန်တော်တို့အသင်းကအကောင်းဆုံးရလဒ် တွေဖန်တီး ပြီး ပြန်လည်အကျိုးပြုသွားမှာပါ''ဟုပြောကြား ခဲ့သည်။ရှမ်းယူနိုက်တက်အသင်းကို ပံ့ပိုးကူညီလျက်ရှိသော KBZ Bank သည်မြန်မာနိုင်ငံတွင် ဘဏ်ခွဲပေါင်းအများဆုံးဖွင့်လှစ်၍လုပ်ကိုင်လျက်ရှိသည့် အောင်မြင်မှုအရှိဆုံးသောဘဏ်ကြီးတစ်ဘဏ်ဖြစ်သည်။ထို့အတူ  ဆွီဒင်နိုင်ငံထုတ်SCANIA ားအမျိုးအစားများကို တင် သွင်းလျက်ရှိသည့်OCTAGON  ကုမ္ပဏီသည်လည်းSCANIAအမှတ် တံဆိပ် ကားများ၏အရည်အသွေးမြင့်မားမှုကြောင့် မြန်မာနိုင်ငံ၏အဝေးပြေးယာဉ်ဈေးကွက် တွင် ဈေးကွက်ဝေစုအများဆုံးရရှိထားသည့် ကုမ္ပဏီ တစ်ခုဖြစ်ကြောင်း သိရသည်။