Main menu

Background

ချဲလ်ဆီးကွင်းလယ်ကစားသမားဟောင်း ကလော်ဒီမက်ခလီလီကို နည်းစနစ်ဒါရိုက်တာအဖြစ် မိုနာကိုအသင်း ခန့်အပ်

Fri, 01/15/2016 - 11:36 -- journal_editor

မိုနာကိုအသင်းသည် ချဲလ်ဆီးအသင်း၏  ကွင်းလယ်ကစားသမား ဟောင်းတစ်ဦးဖြစ်သူ ကလော်ဒီမက်ခလီလီကို နည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်ခဲ့ကြောင်း မေးလ်အွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။မက်ခလီလီသည် ပြီးခဲ့သည့် ဘောလုံးရာသီက ပြင်သစ်လီဂူး(၁) အသင်းတစ်သင်းဖြစ်သည့်  ဘာတစ္စတာအသင်းတွင် မန်နေဂျာအဖြစ်မှ ထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့သည်။အသက် ၄၂နှစ်အရွယ်ရှိ မက်ခလီလီသည် မိုနာကို အသင်းတွင် မိုနာ ကိုအသင်း၏မန်နေဂျာ လီယိုနာဒိုဂျန်ဒါနှင့်တွဲ၍ လုပ်ကိုင်ရမည်ဖြစ်သည်။ မက်ခလီလီအနေဖြင့် အသင်းနှင့်ကလပ်အသင်းများအား စီမံခန့်ခွဲမှုတို့ကို  ပူးတွဲတာဝန်ယူရမည်ဖြစ်ကြောင်း သိရသည်။ မက်ခလီလီ သည် ချဲလ်ဆီးအသင်းတွင် ငါးရာသီကစားခဲ့သူတစ်ဦးဖြစ်ပြီး ပြင်သစ်လက်ရွေးစင်ဟောင်းတစ်ဦးလည်းဖြစ်သည်။ပြင်သစ်အသင်း၏ လက်ရွေးစင်ကစားသမားတစ်ဦးဖြစ်သူ မက်ခ လီလီက''ပြင်သစ်နဲ့ ဥရောပဘောလုံးလောက ရဲ့ အသင်းကြီးတစ်သင်းမှာ အခုလို တာဝန်ထမ်းဆောင်ခွင့်ရတဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားမိပါ တယ်။ ကျွန်တော် အသင်းရဲ့ဒုတိယဥက္ကဋ္ဌ  Vadim Vasilyev နဲ့လည်းတွေ့ဆုံ ခဲ့ပြီးပါပြီ။ မိုနာကိုအသင်းနဲ့ရေရှည်လက်တွဲ သွားဖို့  ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလို နည်းစနစ်ဒါရိုက်တာအဖြစ်ခန့်အပ်ခံရတာဟာ ကျွန်တော့်ဘဝအတွက် တစ်ဆစ်ချိုး ပြောင်းလဲလာတယ်လို့ ခန့်မှန်းမိပါတယ်။ မိုနာကိုအသင်းရဲ့ ရည်ရွယ်ချက်က  နှစ်တိုင်း နှစ်တိုင်း ဥရောပ ချန်ပီယံ လိဂ်ရဲ့ခြေစစ်ပွဲတွေ မှာ အောင်မြင်မှုရရှိဖို့ပါ။ ဒါကို ကျွန်တော်အတတ်နိုင်ဆုံး လုပ်ဆောင် ပေးသွားမှာပါ။ မိုနာကိုအသင်းရဲ့ ရည်ရွယ်ချက်တွေ အောင်မြင်ဖို့အတွက်  ကျွန်တော်တို့အားလုံးပူးပေါင်းဆောင်ရွက်ကြ ရမှာပါ'' ဟု ပြောကြားခဲ့သည်။မိုနာကိုအသင်း၏ ဒုတိယဥက္ကဋ္ဌ Vadim Vasilyev က''မက်ခလီလီကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ သူဟာ တကယ့်ကိုနိုင်ငံတကာ အဆင့်မီတဲ့ကစားသမားကောင်းတစ်ယောက်ဖြစ်သလို နည်းပြကောင်းတစ် ယောက်ဖြစ်လာမှာ သေချာပါတယ်''ဟု ပြောကြားခဲ့သည်။မိုနာကိုအသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် အမှတ်ပေးဇယား တိုင်၌အဆင့်နှစ်နေရာတွင် ရပ်တည်နေသော်လည်း ဥရောပချန်ပီယံလိဂ်ဝင်ခွင့် အတွက် ရုန်းကန်ရဦးမည်ဖြစ်သည်။မိုနာကိုအသင်းသည် ဇယားတိုင်၏အဆင့် သုံး၊လေးနှင့်ငါးနေရာမှအသင်းများဖြစ်သည့်Angers, Caen, OGC Nice အသင်းတို့နှင့်ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ရုန်းကန်နေရဆဲပင် ဖြစ်သည်။ ထို့ပြင် မက်ခလီလီသည် ချဲလ်ဆီးအသင်းသို့ အငှားချထားသည့် မိုနာကိုအသင်း၏ တိုက်စစ်မှူးဖယ်လ်ကာအို၏  ရှေ့ရေးကိုလည်း ထည့် သွင်းစဉ်းစားကာလုပ်ဆောင်ရမည်ဖြစ်ကြောင်း သတင်းများက ဖော်ပြထား သည်။ထို့ပြင် အသက် ၂၀ အရွယ်သာရှိသေးသည့် ချဲလ်ဆီးကွင်းလယ်လူ မာရီယိုပါလာဆစ်ကို မိုနာကိုအသင်းတွင်  အငှားချထားသည့်ကိစ္စကိုလည်း ထည့်သွင်းစဉ်းစားရမည်ဟုဆိုသည်။