Main menu

Background

ကယားပြည်နယ်အတွင်းစားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြော

Fri, 01/15/2016 - 13:49 -- journal_editor

၂၀၁၆ခုနှစ် ဇန်နဝါရီ ၇ ရက် နံနက်၁၀နာရီက   လွိုင်ကော်မြို့အ.ထ.က (၁) ကျောင်းမှာ    ကယား ပြည်နယ်ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံး သူရေးရာဦးစီးဌာနမှ   ဝန်ထမ်းများက စားသုံးသူအကာအကွယ်ပေး ရေး အသိပညာပေး  ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ကျောင်းသူကျောင်းသား၂၅၀ ခန့်တက်ရောက် လေ့လာနားထောင်ကြ ပြီး  ပြည်နယ်ဦးစီးမှူး  ဦးမောင်မောင် အေး က စားသုံးသူအကာအကွယ်ပေးရေးအကြောင်းအရာနဲ့ ပတ်သက်ပြီး ဟောပြောခဲ့ကာ  အငယ်တန်းစာရေး ဝန်ထမ်းများဖြစ်ကြတဲ့   ဒေါ်နော်ကြူကြူ နဲ့ ဒေါ်ဇင်မာစိုးတို့က   ကျောင်းဈေး တွေမှာ   ကျောင်းသူကျောင်းသားတွေ ကို  ဘေးအန္တရာယ်ပေးမည့်   မုန့်ထုပ် အမျိုးမျိုးကို ပြသပြီး    ရှင်းလင်းပြောပြခဲ့ ပါတယ်။ဟောပြောပွဲအပြီးမှာ  ပြည်နယ် ဦးစီးမှူးက   ကျောင်းအုပ်ဆရာကြီးကို ကလေးများအာဟာရ  ဖြစ်စေရန်  ပဲနို့ ဘူးနဲ့   လက်ကမ်းကြော်ငြာစာစောင် များကိုလက်ဆောင်အဖြစ်ပေး အပ်ခဲ့ပါ တယ်။ ၂၀၁၅ခုနှစ်  ဒီဇင်ဘာ ၁၀ ရက် ကလည်း  လွိုင်ကော်မြို့၊  စည်ပင်သာ ယာဈေး  တာဝန်ခံရုံးမှာ   ဈေးသူဈေးသားဈေးရောင်းသူများကို  အလားတူ အသိပညာပေးဟောပြောခဲ့ပြီး အသိ ပညာပေးနှိုးဆော်စာ  ဗီနိုင်း တစ်ချပ်နဲ့ လက်ကမ်းကြော်ငြာတွေ ပေးအပ်ခဲ့ ပါတယ်။
မောင်မောင်အေး(လွိုင်ကော်)