Main menu

Background

ကုန်သွယ်မှုတိုးတက်လာတာနဲ့အမျှ ဒေသဖွံ့ ဖြိုးတိုးတက်စည်ပင်လာမည်

Mon, 01/18/2016 - 15:56 -- journal_editor

ဇန်နဝါရီလ  ၃ ရက်က ရိဒ်ကုန်သွယ်ရေးစခန်း အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်တဲ့  ကုန်သွယ်မှုမြှင့်တင် ရေး အစည်းအဝေးမှာ စခန်းတာဝန်ခံဦးစီးအရာရှိ ဦးဆွေလတ်မောင်က ကုန်သွယ်မှုပမာဏ တိုးတက် လာတာနဲ့ အမျှ နိုင်ငံတော်ကရရှိမယ့် အခွန်ငွေများလည်း ပိုမိုရရှိလာမှာ ဖြစ်ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းဆောင်ရွက်လျက်ရှိတဲ့ကုမ္ပဏီများအပြင်ဒေသခံများ၊ မော်တော်ယာဉ်ပိုင်ရှင်များ၊ ယာဉ်အသင်းများနဲ့ ယာဉ်နောက်လိုက်များ၊ စားသောက်ဆိုင် များပါမကျန် တစ်နွယ်ငင်တစ်စင်ပါဆိုသလိုစားဝတ်နေမှုများ  အဆင်ပြေပြီး ရိဒ်ဒေသဖွံ့ဖြိုးတိုးတက်စည်ပင်လာမှာဖြစ် သလို ချင်းပြည်နယ် ပိုမိုဖွံ့ဖြိုးတိုးတက် စည်ပင်ရေးအတွက်အထောက် အကူပြုစေမယ့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တဲ့အတွက် ကုန်သွယ်မှု လျာထား ချက်များ ပြည့်မီကျော်လွန်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်ကုန်သွယ်လုပ်ငန်းရှင် များကို တိုက်တွန်း ပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ လျာထားချက်ပြည့်မီ ကျော်လွန်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဘဏ္ဍာနှစ်လက်ကျန် သုံးလ တာကာလအတွင်း ကုန်သည်လုပ်ငန်းရှင်များ အနေနဲ့ ပျောက်ဆုံးနေတဲ့ ပို့ကုန်အမယ်များ၊အမယ်သစ်ပို့ကုန်များ တင်ပို့နိုင်ရေးကြိုးပမ်း ဆောင်ရွက်ကြရန်နဲ့ အခက်အခဲရှိပါ ကလည်း တင်ပြနိုင်ကြောင်းနဲ့ OSS အဖွဲ့ဝင်ဌာနများ အချိန်နဲ့ တစ်ပြေးညီပူးပေါင်းညှိနှိုင်းဖြေရှင်းပေးသွားမယ်လို့လည်း စခန်းတာဝန်က ဖြည့်စွက်ပြောကြားပါတယ်။
ရိဒ်ကုန်သွယ်ရေးစခန်းမှာ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်နေတဲ့ နေလကုမ္ပဏီ ကိုယ်စားလှယ်က ဆံပင် တင်သွင်းရာမှာ အလုပ်သမားအင်အားအရ တစ်ခါတစ်ရံအစစ်ဆေးခံရန် နောက်ကျ၍ ဝင်ရောက်လာခြင်းများကို စစ်ဆေးဆောင်ရွက်ပေးရန် တင်ပြခြင်းအပေါ်OSS ှ အကောက်ခွန်ဌာန အကောက်ခွန်မှူးဦးဇင်သူကခရီးသည်ကားများလွယ်ကူစွာသွားလာနိုင်ရေးအတွက် ခွင့်ပြုပေးလျက် ရှိကြောင်း နဲ့ ကုန်ပစ္စည်းတင်ယာဉ်များကိုသာ သတ်မှတ် ချိန် ထက်ကျော်လွန်ပါကစစ်ဆေးဆောင်ရွက်မရသဖြင့် ညအိပ် ရပ်နားစေလျက်ရှိကြောင်း အသိပေးရှင်းလင်းပြောကြားခဲ့ တယ်လို့ သတင်းရရှိပါတယ်။     
MIRT