Main menu

Background

ရွေးကောက်ပွဲအပြီးကာလများတွင် နိုင်ငံတကာမှ ရုံးခန်းနေရာများအတွက် စိတ်ဝင်စားမှုများ မြင့်တက်လာ

Wed, 01/20/2016 - 12:35 -- journal_editor

၂၀၁၅ ခုနှစ်အတွင်း အောင်မြင်စွာကျင်းပခဲ့သည့် ရွေးကောက်ပွဲအပြီးတွင် ပြောင်းလဲမှုများမှာ သိသာလာခဲ့ရာ မြန်မာ့အိမ်ခြံမြေရှာဖွေရေး  ဝက်ဘ်ဆိုက် တစ်ခုဖြစ်သည့်House. com.mm ၏သတင်းထုတ်ပြန်ချက်များအရ လုပ်ငန်း သုံး အခန်း နေရာများစုံစမ်းမှုမှ ယခင်နှစ်လကျော်နှင့်နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်း ခန့်မြင့်တက်လာခဲ့ကြောင်းသိရသည်။House.com.mm မှ မန်နေဂျာဦးအောင်ကိုကိုဦးက''နိုင်ငံခြားသားတွေအနေ နဲ့ ရုံးခန်းနေရာတွေကို ရှာဖွေတဲ့ အခါမှာ တည်နေရာ၊ ကုန်ကျစရိတ်နဲ့ အင်တာနက်ရရှိနိုင်မှုတွေကို အဓိကထားပြီး ရှာဖွေကြတာကို တွေ့ရပါတယ်။ ကုမ္ပဏီတွေအနေ နဲ့သူတို့ရဲ့အလုပ်နဲ့ပတ်သက်ပြီး လိုချင်တဲ့နေရာ၊ ဦးစားပေးတဲ့နေရာတွေကွဲသွားပါတယ်။ ဥပ မာပြောရမယ်ဆိုရင် အိုင်တီကုမ္ပဏီတွေအနေနဲ့ အင်တာနက်ကောင်း ကောင်းရနိုင်မယ့်နေရာမျိုးတွေ၊ ကုန်သွယ်မှုလုပ်မယ့် ကုမ္ပဏီတွေဆိုရင် မြို့ထဲလိုနေရာမျိုးတွေ၊ အစိုးရရုံးတွေနဲ့ အနီးအနားနေရာတွေ၊ Logistics ကုမ္ပဏီတွေ ဆိုရင်အကောက်ခွန်နဲ့နီးတဲ့နေရာတွေကို ရွေးချယ်တတ်ကြပါတယ်။အင်တာနက်လိုင်းကောင်းတဲ့နေရာတွေ၊ မီးမှန်မယ့်နေရာတွေကို  အများဆုံးရှာဖွေတတ်ပြီး အမြန်ဆုံး အငှားဖြစ်သွားကြတာကိုလည်းတွေ့ရပါတယ်'' ဟု ပြော ကြားခဲ့သည်။House.com.mmအနေဖြင့် အိမ်ခြံမြေဝယ်လိုအားနှင့် အိမ်ခြံမြေ ရောင်းလို အားနှစ်ခုကို ပွင့်လင်းမြင်သာမှုဖြင့် ချိတ်ဆက်ပေးနိုင်ရန်ထားရှိပေးထားပြီး အိမ်ခြံမြေရှာဖွေသူများ လွယ်ကူစွာဖြင့်ရှာဖွေနိုင်ရန်နှင့် အသေး စိတ် အကူအညီပေး ခြင်းများအတွက်လည်း Call4Home အစီအစဉ်ကို စီစဉ်ထားကြောင်း သိရသည်။ဝက်ဘ်ဆိုက်များတွင် ဖော်ပြထားသည့်အချက်အလက်များနှင့် ပတ်သက်  ၍ အသေးစိတ်သိရှိလိုပါက  Call4Home ဖုန်းနံပါတ် ၀၉၄၅၀၀၀၀၄၁၄ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။ံHouse.com.mm မှမန်နေးဂျင်းဒါရိုက်တာ Mr. Balaji Ramaswami က''နိုင်ငံတကာလုပ်ငန်းတွေအနေနဲ့အမြန်ဆုံးပြောင်းရွှေ့လိုရနိုင်တ့ အသင့်ဖြစ်နေတဲ့ရုံးခန်းေ နရာ မျိုးတွေကိုပြီးနှစ်သက်ကြပါ တယ်။ အခန်းပိုင်ရှင်အနေနဲ့လည်း နေရာကိုထိန်းသိမ်းပြုပြင်ပေးတာမျိုး၊ မြန်ဆန်တဲ့ ဝန်ဆောင်မှု ပေးထာမျိုးတွေ ရှိတယ်ဆိုရင် ထိုက်သင့်တဲ့ဈေးကောင်းပေးပြီးမြန်မြန်ငှားဖြစ်သွားကြတာ များပါ တယ်''ဟုပြောကြားခဲ့သည်။                                        

မယ်သီတာ