Main menu

Background

edotco နှင့်Yoma Strategic ကုမ္ပဏီတို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် တာဝါတိုင်ပေါင်း ၅၀၀၀ တည်ဆောက်သွားမည်

Wed, 01/20/2016 - 12:52 -- journal_editor

မလေးရှားနိုင်ငံမှ edotco Group SdnBhd နှင့် မြန်မာ နိုင်ငံမှYoma Strategic  ကုမ္ပဏီတို့ပူးပေါင်း၍ လာမည့်သုံးနှစ် အတွင်း မြန်မာနိုင်ငံတွင်ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ငါးထောင်ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် edotco ကုမ္ပဏီအနေဖြင့်  လာမည့်ငါးနှစ်အတွင်း မြန်မာနိုင်ငံ၌ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံ သွားရန် ရည်မှန်းထားကြောင်း သိရသည်။edotco  ၏  အမှုဆောင်အရာရှိချုပ်ဖြစ်သူSuresh Sidhu က ''ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ အရည် အသွေးမြင့်ဆက်သွယ်ရေးကွန်ရက်တစ်ခု တည်ဆောက်သွားမှာပါ။ သဘာဝသယံဇာတကိုမထိခိုက်စေတဲ့ စွမ်းအင်ထုတ် ယူအသုံးပြုမှုနည်းပညာတွေ၊ နှစ်မျိုးသုံးလို့ရတဲ့အဆော က် အအုံတွေ၊ နောက်ဆုံးပေါ်စောင့်ကြည့်လေ့လာရေးနည်း ပညာဝန်ဆောင်မှုဖြစ်တဲ့ echo နဲ့ စီမံခန့်ခွဲမှုစနစ်စတဲ့ ရေ ရှည်တည်တံ့ပြီး အရည်အသွေးကောင်းမွန်တဲ့ ဝန်ဆောင်မှု တွေကို မြန်မာပြည်ကိုယူဆောင်လာပြီး အရည် အသွေးမြင့် ဆက်သွယ်ရေးကွန်ရက်ကို  အောင်အောင်မြင်မြင် တည် ဆောက်သွားမှာပါ။ edotco မြန်မာအနေနဲ့ ဆက်သွယ်ရေး ဆိုင်ရာအခြေခံအဆောက်အဦတွေကို ထိထိရောက်ရောက် တပ်ဆင်ဆောက်လုပ်စီမံခန့်ခွဲပြီး ယုံကြည်စိတ်ချရတဲ့ အရည် အသွေးကောင်းမွန်တဲ့  ကွန်ရက်တစ်ခုကို သုံးစွဲသူတွေဆီအရောက်ယူဆောင်လာပေးမှာပါ။ အဲဒီကမှတစ်ဆင့် တစ် နိုင်ငံလုံးက သုံးစွဲသူတွေအချင်းချင်း အဆင်ပြေပြေ လွယ် လွယ်ကူကူ ဆက်သွယ်နို င်အောင်ကူညီပေးသွားမှာပါ''ဟု ပြောကြားခဲ့သည်။ထို့ပြင်Yoma Strategic ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Melvyn Pun က  ''edotco နဲ့အတူလက်တွဲပြီး မြန်မာ နိုင်ငံရဲ့ ဆက်သွယ်ရေးအခြေခံ အဆောက်အဦတည်ေ ဆာက် မှုနယ်ပယ်မှာ ရေရှည်တည်တံ့ပြီး ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံ မှုတွေ ပြုလုပ်သွားမှာပါ။ အရည်အသွေးမြင့်ပြီး ယုံကြည် စိတ်ချရတဲ့ ဆက်သွယ်ရေးကွန်ရက်ကိုလူတိုင်းအဆင်ပြေပြေ လွယ်လွယ်ကူကူ အသုံးပြုနိုင်ကြမယ်ဆို ရင် မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ လူနေမှုဘဝပုံစံတွေ အများကြီးပြောင်းလဲသွားမှာပါ။ ဒီလိုဖွံ့ဖြိုးတိုးတက်မှုကို ရည်မှန်းတဲ့ကြိုးပမ်းအားထုတ်မှုမှာပါဝင်ဆောင်ရွက်ခွင့်ရတဲ့အတွက် တကယ်ကိုဝမ်းမြေက်ဂုဏ်ယူရပါ တယ်''ဟုပြော ကြားခဲ့သည်။

မယ်သီတာ