Main menu

Background

မြို့နယ်တွင်း စွန့်ဦးလက်ရက်ကန်းလုပ်ငန်းကြောင့်အလုပ်အကိုင်အခွင့်အလမ်းများရရှိ

Wed, 01/20/2016 - 12:56 -- journal_editor

မဲဇာတောင်ခြေ  နတ်ရေတွင်း ကျေးရွာမှာ မြို့နယ်အတွင်း ပထမဆုံး စွန့်ဦးလုပ်ကိုင်တဲ့ ရွှေဘိုမြို့သူ ဒေါ်မီ မီမြင့်ရဲ့ ဆိပ်ခွန်လက်ခွဲလက်ရက်ကန်း ကိုကျေးရွာနေပြည်သူများ စိတ်ဝင်စား လျက်ရှိနေပြီး အိမ်တွင်းလက်မှု လုပ်ငန်း ဖြစ်တဲ့ လက်ရက်ကန်းအတတ်ပညာ သင်ယူ အသက်မွေးဝမ်းကျောင်းပြုချင် တယ်လို့ကျေးရွာနေ ပြည်သူများထံက သိရပါတယ်။လယ်ယာလုပ်ငန်းကို   အဓိက လုပ်ကိုင်ကြပေမယ့် အခုနောက်ပိုင်း စက်မှုလယ်ယာ   လုပ်ကိုင်လာတဲ့ အတွက် အလုပ်အကိုင်အခွင့်အလမ်း နည်းသွားနိုင်ပါတယ်။နတ်ရေတွင်းရွာ ကို အိမ်ထောင်ကျပြီး ရောက်လာခဲ့တဲ့ အခါ ဒီဘက်ဒေသမှာ လက်ရက်ကန်း လုပ်ငန်းမရှိတာလည်း တွေ့ရပါတယ်။ ဒါကြောင့်  မိမိလုပ်ခဲ့တဲ့ ဆိပ်ခွန် ရက်ကန်းရှင်တွေနဲ့ချိတ်ဆက်ပြီး တစ်စင် ထောင်    ကိုယ်တိုင်ရက်ခတ်ပါတယ်။ အထည်တွေကိုတော့ဒီမှာရောင်းရ သလို ဆိပ်ခွန်ကိုလည်း ပို့ပေးပါတယ်။အခုရက်ကန်းစင်လေးစင်အထိ တိုးချဲ့ နိုင်ခဲ့ပြီး သင်တန်းသူတွေလည်း များ လာပါတယ်။ တတ်မြောက်သူတွေကို စင်ခွဲထောင်ပေးပြီး လုပ်ငန်းကျယ်ပြန့် လာအောင်တိုးချဲ့နေတယ်လို့ လုပ်ငန်း ရှင် ဒေါ်မီမီမြင့်ထံက သိရပါတယ်။ရက်ကန်းအထည်များကို ကုန် သည်များမှ အမှာရှိပြီး ဈေးကွက်ခိုင်မာ တဲ့အတွက် ရက်ကန်းလုပ်ငန်း   တိမ် ကောစရာမရှိပါဘူး၊  ဒီကျေးရွာထုတ် ကုန်အဖြစ်တိုးချဲ့သွားမှာဖြစ်တဲ့အတွက် နတ်ရေတွင်း ကျေးရွာမှာတော့  ရက်ကန်းခတ်သံ တညံညံနဲ့ အလုပ်အကိုင်အခွင့် အလမ်းများရကြသလို တစ်မြို့ နယ်လုံး   လွှမ်းခြုံတဲ့အလုပ်အကိုင် အခွင့်အလမ်းများရရှိအောင်  တိုးချဲ့ သွားဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။
ကြည်နိုင်ဦး -အင်းတော်