Main menu

Background

လွတ်လပ်စွာကုန်သွယ်မှုသဘောတူစာချုပ်များမှ အကျိုးအမြတ်ရရှိဖို့ ဗီယက်နမ် အက်စ်အမ်အီးများအတွက် အထောက်အပံ့ လိုအပ်

Wed, 01/20/2016 - 13:05 -- journal_editor

လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူစာချုပ်များမှ အကျိုးအမြတ်များကို ပိုမိုရရှိအောင်   ဆောင်ရွက်ရာမှာ ဒီ သဘောတူညီချက်တွေနဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေကို ဗီယက်နမ် ပြည်တွင်းအသေးစားနဲ့ အလတ်စားစီးပွားေ ရး လုပ်ငန်း(အက်စ်အမ်အီး)တွေ  သိရှိနားလည်ထားဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ထုံးလုပ်နည်းတွေနဲ့ပတ်သက်တဲ့ သတင်း အချက်အလက်တွေ ရရှိနိုင်ဖို့ အက်စ်အမ်အီးတွေကကြိုးပမ်း ဆောင်ရွက်ရာမှာအစိုးရပိုင်ဆိုင်ရာရုံးများက အနီးကပ် ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ကြောင်း ဗီယက်နမ်နယူးစ်သတင်း မှာ ဖော်ပြပါတယ်။အေပက် အထွေထွေအတွင်းရေးမှူးချုပ်ရုံးရဲ့ထုတ် ပြန်ချက်အရ အေပက်ဒေသအတွင်းမှာ ၂၀၁၄ ခုနှစ်အကုန် ထိ ပြုစုထားတဲ့   စာရင်း အရ လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူစာချုပ်ပေါင်း ၁၄၈ ခုရှိခဲ့ရာ ၁၉၉၀ ခုနှစ်က အခြေ အနေနှင့် နှိုင်းယှဉ်ပါက အဆ ၂၀ တိုးတက်မြင့်မားခဲ့တာကို တွေ့ရပါတယ်။ လွတ်လပ်စွာ  ကုန်သွယ်မှုသဘောတူစာချုပ်တွေတည်ရှိေ န တဲ့အတွက်အပက်ဒေသတွင်းမှာရှိတဲ့ ကုန်သွယ်မှု သဘောတူစာချုပ်တွေကို အောင်မြင်စွာ ချုပ် ဆိုနိုင်အောင် ဆောင်ရွက်ရာမှာကြီးမားတဲ့ ဂယက်ရိုက်ခတ် မှုကို ဖြစ်ပေါ်စေပြီး ကုန်သွယ်မှုဖွံ့ဖြိုးခဲ့တဲ့ ပမာဏက ၂၀၀၀ ပြည့်နှစ်က အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ထရီလီယံ ရှိရာမှ ၂၀၁၄ ခုနှစ်မှာဒေါ်လာ ၃ဒသမ ၆ ထရီလီယံအထိ တိုး တက်ခဲ့ပါတယ်။ကုမ္ပဏီကြီးများ၊ နိုင်ငံစုံစီးပွားရေးအုပ်စုများနဲ့ စီးပွားရေးလုပ်ငန်းတွေက လွတ်လပ်စွာ ကုန်သွယ်မှု သဘော တူ စာချုပ်များကြောင့်ရရှိမယ့်  စီးပွားရေးအခွင့်အလမ်းတွေကိုရရှိအောင် စွမ်းဆောင်နိုင်တဲ့  စွမ်းရည်ရှိတဲ့သူဖြစ်လို့ သူတို့ အတွက်ကြီးမားတဲ့ အကျိုးကျေးဇူးတွေ အမြောက်အမြားရနိုင်ကြောင်း စက်မှုနဲ့ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ငုယင်ကမ်တူက ယခင်ရက်သတ္တပတ်က ဟနွိုင်းမြို့မှာ ပြုလုပ် တဲ့ဆွေးနွေးပွဲတစ်ခုမှာ ပြောပါတယ်။