Main menu

Background

မလေးရှားနိုင်ငံရဲ့ ချေးငွေအဆင့်ကိုMoody's ကလျှော့ချသတ်မှတ်

Wed, 01/20/2016 - 13:16 -- journal_editor

ကမ္ဘာ့ကုန်သွယ်မှုနဲ့ ဈေးကွက် အခြေအနေတွေဆိုးရွားလာတဲ့အတွကMoody's  ချေးငွေအဆင့်သတ်မှတ်ရေး အဖွဲ့ကမလေးရှားနိုင်ငံရဲ့ချေးငွေအဆင့်သတ်မှတ်ချက်ကိုPositive မှStable အဆင့်သို့  လျှော့ချသတ်မှတ် လိုက်ေ ကြာင်း ရိုက်တာသတင်းမှာ ဖော် ပြထားပါတယ်။မလေးရှားအစိုးရရဲ့ ငွေပေး ငွေယူလက်ကျန်ရှင်းတမ်းအရ နိုင်ငံရဲ့ စီးပွားရေးအခြေခံတွေကို မြှင့်တင်ပေး နိုင်မယ့်အလားအလာတွေကို တွေ့မြင် ရတဲ့အတွက် Moody's က မလေး ရှား နိုင်ငံရဲ့ကြွေးမြီအဆင့်ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလကA3 အဆင့်ဖြစ်တဲ့Positive အဆင့်မှာ သတ်မှတ်ပေးခဲ့ပါ တယ်။ဒါပေမဲ့ အရှေ့တောင် အာရှဒေသမှာတတိယအကြီးမားဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံက သ ဘာ၀ ဓာတ်ငွေ့နဲ့ ကုန်စည်တွေ တင် ပို့နေတဲ့နိုင်ငံဖြစ်တဲ့အတွက် ရေနံစိမ်း ဈေးနှုန်းကျဆင်းမှုနဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးနှေးကွေး  ကျဆင်းမှုဒဏ်ကို ခံခဲ့ရပါတယ်။မလေးရှားနိုင်ငံရဲ့ပို့ကုန်က နိုဝင်ဘာမှာ မူလခန့်မှန်းထားတဲ့နှု န်းရဲ့ ထက်ဝက်ခန့်သာမြင့်တက်ခဲ့ပြီး စက်မှု လုပ်ငန်းမှကုန်ထုတ်လုပ်မှုကလည်း ၁၆ လအတွင်းတိုးတက်မှုအနှေးကွေးဆုံး ဖြစ်ပါတယ်။ မလေးရှားနိုင်ငံရဲ့ ပြင်ပမှာ ဖြစ်ပျက်နေတဲ့ ပြောင်းလဲမှုတွေက လွန်ခဲ့တဲ့နှစ်အတွင်း အစိုးရရဲ့ ဝင်ငွေကိုလျော့ကျစေခဲ့ပါတယ်။နိုင်ငံအတွင်းမှမတည်ရင်းနှီးငွေ စီးထွက်မှုမြင့်မားခြင်း၊ငွေပေးငွေယူ ရှင်းတမ်းပိုငွေပြမှု ကျဆင်းလာခြင်း၊ နိုင်ငံခြားဖလှယ်နှုန်း တစ်ဟုန်ထိုးကျ ဆင်းခြင်းနဲ့   နိုင်ငံရဲ့အရန်ငွေကြေး ကျဆင်းြ ခင်းတို့ေ ကြာင့်မလေးရှားနိုင်ငံ ရဲ့ ချေးငွေအဆင့်  ကျဆင်းရခြင်းဖြစ် ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါ တယ်။မလေးရှားနိုင်ငံရဲ့ပြည်ပငွေပေး ငွေယူရှင်းတမ်းပိုငွေပြမှုက ၂၀၁၅ခုနှစ် ဇူလိုင်-စက်တင်ဘာသုံးလပတ်မှာ လွန်ခဲ့သောနှ စ်နှစ်ကျော်ကာလအတွင်း အနိမ့်ဆုံးသို့ရောက်ရှိခဲ့ပါတယ်။ ေြကြွးမြီပြန်လည်ပြင်ဆင်မှုတွေကိုဆောင်ရွက်ရာမှာ တိုးတက်မှုတွေရှိနေ ပေမယ့် မလေးရှားနိုင်ငံရဲ့  အစိုးရ ကြွေးမြီဝန် ထုပ်ဝန်ပိုး နဲ့ ကြွေးမြီပေးဆပ်နိုင်မှု အခြေအနေေ တွရဲ့တိုးတက်မှုက အကန့် အသတ်ရှိနေပါတယ်။