Main menu

Background

တရုတ်နိုင်ငံရဲ့ စီးပွားရေးနှေးကွေးကျဆင်းမှုဒဏ်ကို စင်ကာပူနိုင်ငံက အများဆုံးခံရ

Wed, 01/20/2016 - 14:08 -- journal_editor

လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း  ဒေသအတွင်းဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်ပေးရာမှာတရုတ်နိုင်ငံရဲ့ စီးပွားရေးလျင်မြန်စွာတိုးတက်မှုက အရေးပါတဲ့ အခန်းကဏ္ဍကပါဝင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့  စီးပွားရေးဖွံ့ ဖြိုးတိုး တက်မှုက ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းဖြစ်ပွားပြီး နောက်ပိုင်းအနိမ့်ဆုံးနှုန်းကို ရောက်ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးအခုလိုဖွံ့ဖြိုး မှုနှုန်းကျဆင်းမှုကအိမ်နီးချင်းနိုင်ငံ တွေရဲ့ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုနှုန်း ကို ကျဆင်းေ စလိမ့်မယ်လို့ခန့်မှန်း ကြပါတယ်။အရှေ့တောင်အာရှမှာ  ထိခိုက် မှုအတိုင်းအတာအမျိုးမျိုးရှိမှာဖြစ်ပေ မယ့်  စင်ကာပူနိုင်ငံက အထိအနာဆုံး  ဖြစ်နိုင်ကြောင်း  သြစတြေးလျနဲ့ နယူးဇီလန်ဘဏ်လုပ်ငန်းအုပ်စု (Australia and New Zealand (ANZ) Banking Gorup) က ဇန်နဝါရီ ၆ ရက်မှာ ထုတ် ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ  ဖော်ပြထားပါ တယ်။တရုတ်နိုင်ငံက စင်ကာပူနိုင်ငံရဲ့ ပို့ကုန်အများဆုံးတင်ပို့ရာနိုင်ငံဖြစ်ပြီး စင်ကာပူပို့ကုန်အားလုံးရဲ့ ၁၅ ရာခိုင် နှုန်းကို တင်ပို့တဲ့နိုင်ငံ   ဖြစ်ပါတယ်။ဒါကြောင့် တရုတ်နိုင်ငံရဲ့ စီးပွား ရေးနှေးကွေးကျဆင်းမှုက စင်ကာပူပို့ ကုန်လုပ်ငန်းကို ကျဆင်းစေခဲ့ပါတယ်။ ရေနံမှအပ  စင်ကာပူရဲ့ ပို့ကုန်တွေကအောက်တိုဘာလမှာတိုးတက်မှုမရှိဘဲ တန့်နေပြီးေ နာက်နိုဝင်ဘာလမှာ ၃ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းInternational Enterprise (IE) Singapore  ကထုတ်ပြန်တဲ့စာရင်းတွေ အရသိရပါတယ်။ဒါ့အပြင် စင်ကာပူစီးပွားရေးမှာ ပို့ကုန်လုပ်ငန်းက အဓိကကျတဲ့အခန်း ကဏ္ဍ ကပါဝင်နေတဲ့အတွက် စင်ကာပူ နိုင်ငံရဲ့ထိခိုက်ခံရမှုက မြင့်မားခဲ့တာကို တွေ့ရကြောင်း ANZရဲ့   စီးပွားရေး ပညာရှင်တွေက   ခန့်မှန်းပါတယ်။ တရုတ်နိုင်ငံရဲ့ စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှု (ဂျီဒီပီ) တစ်ရာခိုင်နှုန်း ကျဆင်းရင်  စင်ကာပူရဲ့ ပို့ကုန်ဖွံ့ဖြိုးမှုနှုန်းမှာ ၁ဒသမ ၄ ရာခိုင်နှုန်းကျဆင်း စေနိုင်တယ်လို့  အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။ဒီကျဆင်းမှုက သုည ဒသမ ၂ ရာခိုင်နှုန်းနဲ့   သုည ဒသမ ၅ ရာခိုင်နှုန်းအကြားမှာသာထိခိုက်မှုရှိ နိုင်တဲ့ မလေး ရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတွေနဲ့နှိုင်း ယှဉ်ရင် သိသိသာသာ များပြားနေတာ ကိုတွေ့ရပါတယ်။