Main menu

Background

ပွဲအပြီးသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ရန် ပျက်ကွက်သည့် ဗီးနပ်စ်ဝီလျံအား ဒဏ်ငွေ ပေါင် ၃၅၀၀ ပေးဆောင်ရန် အမိန့်ချမှတ်

Thu, 01/28/2016 - 10:49 -- journal_editor

သြစတြေးလျ အိုးပင်းတင်းနစ်ပြိုင်ပွဲ၏လက်ရည်စစ်ပြိုင်ပွဲတစ်ပွဲတွင် အမေရိကန်တင်းနစ်မယ် ဗီးနပ်စ်ဝီလျံ သည်ပြိုင်ပွဲအပြီးပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာခြင်းမရှိသည့်အတွက်အပြည်ပြည်ဆိုင်ရာတင်းနစ် အဖွဲ့ချုပ်ကဒဏ်ငွေ ပေါင် ၃၅၀၀ ပေးဆောင်ရန်အမိန့်ချမှတ်ခဲ့ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ တွင်ကျင်းပလျက်ရှိသည့် သြစီအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ဗြိတိန်မှ တင်းနစ် ချန်ပီယံ ဂျိုဟန်နာကွန်တာကိုလက်ရည် စစ်ပြိုင်ပွဲတွင်ပင် နှစ်ပွဲတစ်ပွဲဖြင့် ရှုံးနိမ့် ခဲ့သည်။ယင်းသို့ ရှုံးနိမ့်ခဲ့သဖြင့် ပွဲအပြီးပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခြင်းမပြုဘဲ ပြိုင်ပွဲကွင်း အတွင်းမှပင် တည်းခိုရာဟိုတယ်သို့ ပြန်သွား ခဲ့သဖြင့် အပြည်ပြည်ဆိုင်ရာတင်းနစ်အဖွဲ့ချုပ်က ယခုကဲ့သို့ ပြစ် ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ဗီးနပ်စ်ဝီလျံသည်ပြီးခဲ့သည့်နှစ်ကကျင်းပခဲ့သည့်ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင်လည်း တစ်နိုင်ငံတည်းသား ပြိုင်ဘက်ဆာလိုနီစတီဖင် ကို ရှုံး နိမ့်ခဲ့သဖြင့်  ပွဲအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက် ခြင်းမပြုခဲ့ပေ။ ထိုစဉ်ကလည်း ဗီးနပ်စ် ဝီလျံအား အပြည်ပြည်ဆိုင်ရာတင်းနစ် အဖွဲ့ချုပ်က ဒဏ်ငွေ ပေါင် ၃၀၀၀ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။
ဗီးနပ်စ်ဝီလျံကို အနိုင်ရရှိခဲ့သည့် တင်းနစ်မယ် ကွန်တာသည်  ကမ္ဘာ့အဆင့် ၄၇တွင်ရပ်တည်နေသူတစ်ဦး ဖြစ်သည်။