Main menu

Background

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း ကိုရီးယားနိုင်ငံ၊ ကိုရီးယားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအေဂျင်စီ (KOTRA) rS Executive Vice President Mr. Yun Wonsok ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတ

Thu, 01/28/2016 - 12:00 -- journal_editor

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာပွင့်ဆန်းသည်ဇန်နဝါရီ ၁၉ ရက်တွင် နေပြည်တော်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကိုရီးယားနိုင်ငံ၊ကိုရီးယား ကုန်သွယ်မှုနှင့်  ရင်းနှီးမြှုပ် နှံမှုမြှင့်တင်ရေးအေဂျင်စီမှ  Executive Vice President ဖြစ်သူMr. Yun Wonsok ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံသည်။အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ (MYAN- TRADE)   ဖွဲ့စည်းတည်ထောင်ရေး အတွက် အကောင်အထည်ဖော်ရာတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွား ရမည့် ကိစ္စရပ်များ၊ ကုန်သွယ်မှုလျင်မြန် ချောမွေ့စေရေးအတွက်    သတင်း အချက်အလက်များ  အပြန်အလှန်ဖလှယ်ခြင်းတို့အပါအဝင် e-commerce ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ကိုရီးယား နိုင်ငံတွင်ကျင်းပမည့် ကုန်စည်ပြပွဲ များသို့ မြန်မာနိုင်ငံမှ  စီးပွားရေးလုပ် ငန်းရှင်များ  သွားရောက် ပြသနိုင်ရေး တို့နှင့်  နှစ်နိုင်ငံ  စီးပွားရေးလုပ်ငန်းရှင် များအချင်းချင်း   ပိုမိုနက်ရှိုင်းစွာ   ပူး ပေါင်းဆောင်ရွက်ရေးတို့ကို   အပြန် အလှန်ဆွေးနွေးခဲ့ကြသည်။အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။