Main menu

Background

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် မူဆယ်ဗဟိုစီးပွားရေးဇုန် (CBD) လမ်းမကြီးနှင့် နိုင်ငံတကာအဆင့်မီ မင်္ဂလာမူဆယ် လမ်းလျှောက်ဈေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

Thu, 01/28/2016 - 14:12 -- journal_editor

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့၊ဗဟိုစီးပွားရေးဇုန်မုခ်ဦး၌ ကျင်းပပြုလုပ်သောမူဆယ်ဗဟို စီးပွားရေးဇုန်(CBD)လမ်းမကြီးနှင့် နိုင်ငံတကာ အဆင့်မီမင်္ဂလာမူဆယ်လမ်းလျှောက်ဈေးဖွင့်ပွဲအခမ်းအနားကိုဇန်နဝါရီ ၁၉ရက်၌ ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် တက်ရောက်ဖွင့်လှစ်ပေးသည်။ရှေးဦးစွာ မူဆယ်ဗဟိုစီးပွားရေးဇုန် (CBD) လမ်းမကြီးနှင့် နိုင်ငံတကာအဆင့်မီမင်္ဂလာမူဆယ် လမ်းလျှောက်ဈေးမုခ်ဦးအား ရှမ်းပြည်နယ် (မြောက်ပိုင်း) နယ်စပ်ဒေသလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးအောင်၊ ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဦးအောင်ကျော်ညွန့်၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးဦးခွန်သိန်းမောင်၊ နယူး စတားလိုက်ကုမ္ပဏီမှဦးကျော်ကျော်ဝင်းနှင့် တာဝန်ရှိသူများကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြ သည့် ဦးအောင်ထွန်းနှင့်   ဦးထွန်းဇော်တို့က  မုခ်ဦးဆိုင်း ဘုတ်အား  စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။ယင်းနောက် ပြည်ထောင်စုဝန်ကြီး  ဦးဝင်းမြင့် နှင့် တက်ရောက်လာကြသော အထူးဧည့်သည်တော်များက ကမ္ဗည်းမော် ကွန်းအားအမွှေးနံ့သာရည်များအသီးသီးပက်ဖျန်းကြပြီး မင်္ဂလာမူဆယ်အဆောက် အအုံအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည်အဆောက်အအုံအတွင်းလှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး နံနက် ၁၁  နာရီတွင်မူဆယ်စီးပွားရေးဇုန်(CBD) ခန်းမတွင် ပြည်ထောင်စုဝန်ကြီးအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တယ်ဟုန်ပြည်နယ်ခွဲ၊ အုပ်ချုပ်ရေးမှူး မစ္စတာဝမ်ချွင့် ချန်ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့က ဂါရဝပြု လာရောက်တွေ့ဆုံ၍ နှစ်နိုင်ငံ  ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များအားရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။