Main menu

Background

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံဒေသရှိ စာသင်ကျောင်းများတွင် စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေးဆွေးနွေးပွဲများဆောင်ရွက်

Fri, 02/05/2016 - 09:59 -- journal_editor

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကျိုင်းတုံမြို့ တွဲဖက်အထက်တန်းကျောင်း အ.လ.က (၅) တွင် ဇန်နဝါရီလ ၁၈ ရက်နံနက်ကစားသုံးသူအကာအကွယ်ပေးရေးအသိပညာ ပေး ဆွေးနွေးခြင်းအား ဆောင်ရွက်ခဲ့ပြီး ကျောင်းမုန့်ဈေးတန်းသို့ ကျောင်းအုပ်ကြီး၊ ဆရာမ များနှင့်အတူသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ကျောင်းအုပ်ကြီး ဦးလှမျိုးက အဖွင့် အမှာ စကားပြောကြားပြီး ဒုတိယပြည်နယ်ဦးစီးမှူးက စားသုံးသူအကာ အကွယ်ပေး ရေးဆိုင်ရာပညာပေး ဆွေးနွေးခြင်း၊ တားမြစ်ထားရှိသော စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ တို့ကို Power Point  ဖြင့်ရှင်းလင်းဆွေးနွေး ခဲ့ပြီး အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမ ၂၀ ဦး၊ ကျောင်း သား၊ ကျောင်းသူ ၃၅၀ ဦး၊ ကျောင်းမုန့်ဈေးတန်းဈေးသည် ၆ ဦး၊ စုစုပေါင်း ၃၇၆ ဦးနှင့် ဝန်ထမ်း ၅ ဦးတို့ တက်ရောက်ခဲ့ပြီး စားသုံး သူအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာလက်ကမ်းစာ စောင်များဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့ ကြောင်းသတင်း ရရှိပါသည်။                                                         

ဦးမြင့်ကြည် (Dtpca-   ကျိုင်းတုံ)