Main menu

Background

လပွတ္တာမြို့နယ်တွင် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ ပညာပေးဟောပြောပွဲကျင်းပ

Fri, 02/05/2016 - 10:20 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်မှ ကျင်းပပြုလုပ်တဲ့ စားသုံးသူအကာအကွယ် ပေးရေးဆိုင်ရာပညာပေးဟောပြောပွဲကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် နံနက်က လပွတ္တာမြို့နယ် အမှတ် (၃) ရပ်ကွက် အထက်တန်းကျောင်း တွင်ကျင်းပပြုလုပ် ခဲ့ပါတယ်။အဆိုပါဟောပြောပွဲတွင် မြောင်းမြခရိုင်၊ ဒုတိယခရိုင်ဦးစီးမှူးဦးဇော်မင်းက အဖွင့်အမှာစကားပြောကြား ရာတွင်ဟောပြော ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်၊ ဌာန ကဆောင်ရွက်နေတဲ့ ပညာပေးဟောပြောပွဲများ၊ စားသုံးသူရေးရာဥပဒေများကို လည်းကောင်း၊ လပွတ္တာမြို့နယ် ဦးစီးမှူး ဦးအောင်မြင့်ဦးက စားသုံးသူရေးရာ အကာအကွယ်ပေးရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ လက်ကမ်း စာစောင်များဝေငှပြီး၊ အသေးစိတ်ဟောပြောဆွေးနွေးခဲ့ပါတယ်။ ဆက်လက်ပြီးကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြောကြားပြီး ကျောင်းမုန့်ဈေးတန်းကို လှည့်လည် ကြည့်ရှုခဲ့ပါတယ်။ ဟောပြောပွဲသို့ ဌာနဆိုင်ရာမှခုနစ်ဦး ဆရာ၊ဆရာမ ၃၄ ဦး၊ ကျောင်းမုန့်ဈေးတန်းပိုင်ရှင် ၅ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၄၂၈ ဦး၊ စုစုပေါင်း ၄၇၄ ဦးတက်ရောက် ခဲ့ကြောင်းလည်းသိရှိရပါတယ်။

လှထွဋ်ဦး (မြောင်းမြ)