ဂျပန်နိုင်ငံကန်ဆိုင်းဒေသကိုလာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားခရီးသွားတွေကအရသာရှိတဲ့ကန်ဆိုင်းဒေသအစားအစာတွေကိုအူလှိုက်သည်းလှိုက်စွဲလမ်းနှစ်သက်ကြတာကိုတွေ့ရပါတယ်။ဒါကြောင့် အဲဒီဒေသကိုလာရောက် လည် ပတ်သူတွေကသူတို့နေ ရင်းဒေသကိုပြန်ရောက်တဲ့အခါမှာ လည်းဒီအစားအစာတွေကို စားသောက် ချင်ကြမှာဖြစ်တဲ့အတွက် အဲဒီဒေသတွေမှာဈေးကွက်အလားအလာတွေရှိ နိုင်တယ်လို့ အစားအစာထုတ်လုပ်သူ တွေနဲ့ စားသောက်ဆိုင်တွေက ယူဆကြကြောင်း အဆာဟိသတင်းမှာ ဖော် ပြပါတယ်။သူတို့နှစ်သက်စွဲလမ်းကြတဲ့ အထဲမှာဟင်းသီးဟင်းရွက်၊ အသားနဲ့ တခြားအစပ်အဟပ်တွေပါတဲ့ ဆီကြော် မုန့်တစ်မျိုးဖြစ်တဲ့ အိုကိုနိုမီယာကီ၊ ဝက်သားကင်တစ်မျိုးဖြစ်တဲ့ ကူရှီကာဆု နဲ့ ပဲပုပ်နံ့လေးသင်းနေအောင်ချက် ထားတဲ့ အိုဒင်ဟင်းချိုစတာတွေပါဝင် ပြီး ဒီအစားအစာတွေကဟရိုဂျိုစီရင်စုမှာရှိတဲ့ဟီမဲဂျီဒေသက အစားအစာတွေဖြစ်ပါတယ်။၂၀၁၅ခုနှစ်အောက် တိုဘာလ အတွင်းကဟီမဲဂျီအိုဒင်အရောင်းမြှင့်တင်ရေးကော်မရှင်ကဦးစီးပြီးအစားအစာပြပွဲတစ်ခုကိုခင်းကျင်းပြသခဲ့ပါ တယ်။ကော်မရှင်အဖွဲ့ဝင်တွေထဲမှာအစားအစာထုတ်လုပ်သူတွေနဲ့ ဒီလုပ်ငန်းနဲ့ဆက်စပ်နေတဲ့လုပ်ငန်းတွေ ပါဝင်ပြီး နိုင်ငံခြားသားတွေကသူတို့နိုင်ငံမှာ ရောင်းချနေတဲ့ဟီမဲဂျီအိုဒင်ဟင်းချိုကို မြည်းစမ်းပြီးနောက်ဂျပန်နိုင်ငံ အထိလာရောက်စားသောက်ကြလိမ့်မယ်လို့ ကော်ရှင်ကခန့်မှန်းထားပါတယ်။ ဟီမဲဂျီအိုဒင်ဟင်းချိုကိုအထူးပြု ရောင်း ချမယ့်စားသောက်ဆိုင်တစ်ဆိုင်ကို တောင်ကိုရီးယားမှာ မကြာမီဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။တကယ်လို့ပင်လယ်ရပ်ခြားဒေသမှာအိုဒင်ဟင်းချိုကိုသောက်ချင်တယ်ဆိုရင်ဟီမဲဂျီစတိုင်အတိုင်းစားနိုင်အောင်ဖန်တီးပေး ဖို့ကော်မရှင်က စဉ်းစားလျက်ရှိပါတယ်။
Background