ရေနံတင်ပို့တဲ့ နိုင်ငံများအဖွဲ့(အိုပက်) မှာရေနံအများဆုံး ထုတ်လုပ်နေတဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံက ရေနံထုတ်လုပ်မှုကိုငါးရာခိုင်နှုန်းလျှော့ချဖို့ အဆိုပြုထားတယ်လို့ ဇန်နဝါရီ ၃၁ ရက်မှာရုရှားနိုင်ငံက ပြောကြားကြောင်း jewocity ဝက်ဘ်ဆိုက်သတင်းမှာဖော်ပြထားပါတယ်။ယခုကဲ့သို့အဆိုပြုထားတဲ့အတွက်ဆယ်နှစ်တာကာလအတွင်း ရေနံစိမ်းအလျှံပယ်ထုတ်လုပ်နေမှုကိုလျှော့ချနိုင်ဖို့အတွက် လမ်းစပေါ်လာပြီးရေနံစိမ်းဈေးနှုန်းတွေမြှင့်တင်နိုင် ရေး ပထမဆုံးအကြိမ်အဖြစ်ဆောင်ရွက်မယ့် ဆွေးနွေးမှုတစ်ရပ်ဖြစ်လာနိုင်ပါတယ်။ရေနံစိမ်းဈေးနှုန်းတွေကျဆင်းနေ ပေမယ့်အိုပက်အဖွဲ့ဝင်မဟုတ်တဲ့နိုင်ငံတွေကပါ ရေနံထုတ်လုပ်မှုကို လျှော့ချမပေးဘူးဆိုရင်အိုပက်အဖွဲ့က လည်း ရေနံထုတ်လုပ်မှုကိုလျှော့ချပေးမှာမဟုတ်ကြောင်းကူဝိတ်နဲ့အီရတ်နိုင်ငံ တို့က ဇန်နဝါရီ ၂၆ ရက်ကပြောကြားထားပြီးဖြစ်ပါတယ်။အဆိုပြုချက်နဲ့ပတ်သက်ပြီးဆော်ဒီအာရေးဘီးယားမှတာဝန်ရှိသူတွေကချက်ချင်း တုံ့ပြန် ပြောကြားခဲ့ခြင်းမရှိပါဘူး။ဒီသတင်းကဗင်နီဇွဲလားနဲ့ အယ်လ်ဂျီးရီးယားကလာတာဖြစ်ကြောင်း ပင်လယ်ကွေ့ဒေသအိုပက် ကိုယ်စားလှယ်တစ်ဦးကပြောပါတယ်။ ဒီသတင်းတွေထွက်ပေါ်လာ ပြီးနောက် ပိုင်းဘရင့်ရေနံ စိမ်း ဈေးနှုန်းက ၈ ရာခိုင် နှုန်းမြင့်တက်ကာ တစ်စည်ကို အမေ ရိကန်ဒေါ်လာ ၃၆ ဒေါ်လာအထိရှိခဲ့ပြီး အမေရိကန်ပြည်ထောင်စု ရေနံစိမ်း ဈေးက အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာ နှုန်းထိ မြင့်တက်ခဲ့ပါတယ်။ရုရှားနိုင်ငံက လာမယ့် လက စပြီး ဆွေးနွေးပွဲတွေမှာပါဝင်လိမ့် မယ်လို့ ခန့်မှန်းထားပါတယ်။တကယ်လို့နိုင်ငံတိုင်းက ထုတ်လုပ်မှုကို ငါးရာခိုင်နှုန်းစီလျှော့ချမယ် ဆိုရင်ကမ္ဘာ့ရေနံထုတ်လုပ်မှု က တစ်ရက်ကိုစည်တစ်သန်းလျော့ကျ သွားမှာဖြစ်ပြီး ဈေး ကွက် ထဲမှာလက်ရှိ အပိုအလျှံဖြစ်နေတဲ့ ပမာဏနဲ့ညီမျှသွားနိုင်ပါတယ်။
Background