Main menu

Background

ဗီယက်နမ်အကောက်ခွန်ကဏ္ဍအတွက် ပိုမိုကောင်းမွန်တဲ့အိုင်တီစနစ်တပ်ဆင်မည်

Wed, 02/10/2016 - 13:11 -- journal_editor

ဗီယက်နမ်အထွေထွေ အကောက်ခွန်ဦးစီးဌာန ရဲ့ရည်မှန်းချက်က ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ဆောင်ရွက်တဲ့အခါ လွယ်ကူချောမွေ့စေဖို့အတွက်အကောက်ခွန်လုပ်ငန်းအားလုံးမှာ သတင်းအချက်အလက်နဲ့ နည်းပညာအသုံးချမှုကို မြှင့်တင်ပေးဖို့ဖြစ်ပါတယ်။အနာဂတ်ကာလမှာ e-government  အဖြစ်  ဆောင်ရွက်ရေးဆုံးဖြတ်ချက်ကိုအကောင်အထည်ဖော်ရာမှာအကောက်ခွန်ဌာနရဲ့ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးအကောက်ခွန် ဌာန ရဲ့အိုင်တီနဲ့စာရင်းအင်း ဌာနခွဲညွှန်ကြားရေးမှူး ငုယင်မန်းတန်က ဗီယက်နမ် နယူးအေဂျင်စီရဲ့ အီလက်ထရွန်းနစ်သတင်းစာVietnam Plus ကိုရှင်းလင်းပြောကြားပါတယ်။အွန်လိုင်းပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို အနည်းဆုံးအဆင့် ၃ အထိရောက်ရှိအောင်ဆောင်ရွက်ဖို့ဘဏ္ဍာရေးဝန်ကြီးဌာနက လမ်းညွှန်းချက်ချမှတ်ထားပါတယ်။ လမ်းညွှန်ချက်နဲ့အညီဒီနှစ်အတွင်းမှာအထူးသဖြင့် ဌာနကဆောင်ရွက်ထားတဲ့ e-portal မှာအကောက်ခွန် ဌာနကအွန်လိုင်းပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ယခုအဆင့်ကိုအသုံးပြုမယ်ဆိုရင်လျှောက်လွှာတွေကိုဖြည့်သွင်းပြီး အွန်လိုင်းကနေတင်သွင်းလျှောက်ထားနိုင်တော့မှာ ဖြစ်ပါတယ်။လာ မယ့်နှစ်မှာ အဓိကကျတဲ့အုပ်ချုပ်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းတွေအတွက် အွန်လိုင်းပြည်သူ့ဝန်ဆောင်မှုအဆင့်  ၄ ကို ဌာနက ဆောင်ရွက်ပေးတော့မှာဖြစ်ကြောင်း တန်ကပြောပါတယ်။အွန်လိုင်းပြည်သူ့ဝန်ဆောင်မှုအဆင့် ၄ အရ လျှောက်ထားသူတွေကအခွန်အခပေးတာတွေနဲ့ အသိပေးအကြောင်းကြားချက်စတဲ့လုပ်ငန်းတွေကို အွန်လိုင်းကနေတစ်ဆင့်ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒါ့ပြင်အကောက်ခွန်ဌာနက ဒီအွန်လိုင်း စနစ်ကိုဆိပ်ကမ်း ရှိ စီးပွားရေးလုပ်ငန်းရုံးတွေ၊ အကောက်ခွန်လွတ်ဆိုင်တွေ၊ ကုန်စည်တစ်ဆင့်ခံ အကူးအပြောင်းလုပ်ငန်းတွေ၊ ကုန်စည်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်စုဆောင်းမှု ဆောင်ရွက်နေသူ တွေအပြင် သယ်ယူပို့ ဆောင်ရေး လုပ်ငန်းတွေနဲ့လည်း ချိတ်ဆက်ပေးထားမှာဖြစ်ပါတယ်။အထူးသဖြင့် အွန်လိုင်းဝန်ဆောင်မှုမှာ ပါဝင်တဲ့ စွန့်စားမှု   စီမံခန့်ခွဲရေးစနစ် (Risk Management System)  က စီးပွားရေးလုပ်ငန်းတွေနဲ့ ပြည်သူတွေကို ပိုမိုကောင်း မွန်အောင်ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် ဒီစနစ်ကိုပြန်လည်သုံးသပ်ကာအဆင့်မြှင့်ပေးသွားမှာ ဖြစ်ပါတယ်။