Main menu

Background

ဗီယက်နမ်နိုင်ငံက အကောက်ခွန်ပြုပြင် ပြောင်းလဲမှုများပြုလုပ်မည်

Wed, 02/10/2016 - 13:37 -- journal_editor

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(ဒဗလျူတီအို) ရဲ့ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူစာချုပ် (Trade Facilitation Agreement-TFA)  များကိုဆောင်ရွက်မည်ဆိုပါက ကမ္ဘာ့ကုန်သွယ်မှုစံနှုန်းများနဲ့အညီ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုလုပ်ငန်းတွေချော မွေ့စေဖို့အတွက် အကောက်ခွန်ပြုပြင်ပြောင်းလဲမှုများကို တိုးမြှင့်ဆောင်ရွက်ရမှာဖြစ်ကြောင်း ဗီယက်နမ်အရာရှိတစ်ဦးက ပြောပါတယ်။ ဗီယက်နမ်နိုင်ငံက လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူစာ ချုပ်အမြောက့်အမြားကိုအကောင်အထည်ဖော်တော့မှာဖြစ်တဲ့ အတွက် ဗီယက်နမ်နိုင်ငံအနေ နဲ့အကောက်ခွန်ပြုပြင်ပြောင်းလဲမှုများကိုအဆောတလျင်ဆောင်ရွက်ဖို့ အရေးကြီးကြောင်း  ဗီယက်နမ်သတင်းအေဂျင်စီရဲ့သတင်းမှာ ဖော်ပြပါတယ်။TFA မှာကုန်ပစ္စည်းများရွှေ့ပြောင်းခြင်း၊ ထုတ်ပေးခြင်းနဲ့၊ အကောက်ခွန်ရှင်းလင်းခြင်းစတဲ့လုပ်ငန်းတွေတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ရမယ့် ပြဋ္ဌာန်းချက်တွေပါဝင်ပြီး ဗီယက်နမ်ကလက်မှတ်ရေးထိုးထား ပြီး သို့မဟုတ် လက်မှတ်ရေးထိုးတော့မယ့် လွတ်လပ်စွာကုန် သွယ်မှုသဘောတူစာချုပ်တွေမှာ ပါဝင်တဲ့ကတိကဝတ် တွေအကောင်အထည်ဖော်ရာမှာ ဗီယက်နမ်အတွက် ကောင်းမွန်တဲ့အခြေအနေတွေဖန်တီးပေးမှာဖြစ်ကြောင်း အထွေထွေအကောက်ခွန်ဦးစီးဌာန လက်အောက်ရှိ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးဌာန ညွှန်ကြားရေးမှူး ငုယင်တိုအန်က ပြောပါ တယ်။ အကောက်ခွန်ရှင်းလင်းမှု မြန်ဆန်ဖို့နဲ့ သွင်းကုန်နဲ့ပို့ကုန်ခွန်တွေကောက်ခံ ရာမှာ ဆုံးရှုံးမှုတွေမရှိဖို့အတွက် အကောက်ခွန်စီမံခန့်ခွဲမှုကိုခေတ်မီအောင်ဆောင် ရွက်မှုတွေကို အရှိန်မြှင့်ရမှာ ဖြစ်ပါတယ်။ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူ စာချုပ်ကို ၂၀၁၃ ခုနှစ်က ကျင်းပခဲ့တဲ့ ဘာလီဝန်ကြီး အဆင့်ကွန်ဖရင့်မှာ ဒဗလျူတီအိုအဖွဲ့ဝင်နိုင်ငံတွေက ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ သဘောတူစာချုပ်ရဲ့ ရည်ရွယ်ချက်က အကောက်ခွန်ဌာနနဲ့ အခြားသက်ဆိုင်ရာ အာဏာပိုင်တွေထိရောက်စွာ ပူးပေါင်းဆောင်ရွက်မယ့် အစီအမံေ တွ ချ မှတ်နိုင်ဖို့ ဖြစ်ပါတယ်။ ဒီလိုပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး နဲ့ အကောက်ခွန်ဆိုင်ရာပြဿနာတွေကို ဖြေရှင်းဆောင် ရွက်သွားမှာဖြစ်ပြီးTFA  အတွက် နည်းပညာဆိုင်ရာ ထောက်ပံ့မှုရဲ့  စွမ်းဆောင်ရည်မြှင့်တင်ရေးတွေကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။