လူဦးရေသန်း ၆၅၀ ရှိတဲ့ အာဆီယံဈေးကွက်မှာ ရောင်းအားမြှင့်တင်နိုင်မယ့်အခွင့်အလမ်းများကို ရှာဖွေကြဖို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား အင်ဒိုနီးရှားစက်မှုဝန်ကြီးဌာနက တိုက်တွန်းထားကြောင်းအန်တာရာနယူးစ်သ တင်း မှာ ဖော်ပြပါတယ်။''လူဦးရေ သန်း ၆၅၀ ရှိတဲ့ အာဆီယံဈေးကွက်က လက်ရှိတိုးတက် နေတဲ့ ကျွန်တော်တို့ရဲ့ ဆေးဝါးထုတ် လုပ်ရေးလုပ်ငန်းအတွက် အခွင့်အလမ်း ကို ဖန်တီးပေးလျက်ရှိပါတယ်''လို့ အင်ဒို နီးရှားစက်မှု လုပ်ငန်း ဝန်ကြီးဌာန ဓာတုဗေဒလုပ်ငန်းညွှန်ကြားရေးမှူးချုပ်ဟာ ဂျန်တိုကအန်တာရာသတင်းဌာနကိုဖေဖော်ဝါရီ ၂ ရက်ကပြောပါတယ်။ဒါကြောင့် အင်ဒိုနီးရှားနိုင်ငံရဲ့ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းမှာရင်းနှီးမြှုပ်နှံမှုတွေဆောင် ရွက်ဖို့ အတွက် အစိုးရကမူဝါဒများကို ပြင်ဆင်ဆောင် ရွက်လျက်ရှိပါတယ်။ဆေးဝါးလုပ်ငန်းအတွက်ရှေ့လုပ်ငန်းစဉ်တွေကိုချမှတ်ရာမှာဆေးဝါးလုပ်ငန်းနယ်ပယ်တွေ မှာရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကြီးကြပ်မှုတွေလျှော့ချတဲ့မူဝါဒ ကို ရေးဆွဲဖို့ အစိုးရက ပြင်ဆင်ဆောင်ရွက်လျက်ရှိ ပါတယ်။ချမှတ်ထားတဲ့မူဝါဒထဲမှာ အင်ဒိုနီးရှားနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့် သူတွေအတွက်အခွန်သက်သာခွင့်တွေ အပါအဝင် ဘဏ္ဍာရေးဆွဲဆောင်မှုတွေ ပေးဖို့ဆိုတဲ့အချက်လည်းပါ ဝင်ပါတယ်။ ဆေးဝါးထုတ်လုပ်မှု၊ ဖြန့်ဖြူးမှုအတွက် ခွင့်ပြုမိန့်ထုတ်ပေးရာမှာလည်း မူဝါဒကိုလျှော့ချပေးဖို့ အရေးကြီးကြောင်း ဟာဂျန်တိုက ပြောပါတယ်။ ယခုလောလောဆယ်မှာ အိန္ဒိယနိုင်ငံမှ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း ပေါင်း ၁၇၀ က လုပ်ငန်းများဆောင် ရွက်လျက်ရှိပြီး အများစုမှာဆေးဝါးများ ဖြန့်ဖြူးဖို့အသင့်ရှိနေကြပြီ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံရှိ ဓာတုဗေဒ၊ ဆေးဝါး နဲ့ ရိုးရာဆေးဝါးထုတ်လုပ်မှုလုပ်ငန်းက နိုင်ငံရဲ့ စက်မှုလုပ်ငန်း ဖွံ့ဖြိုး ရေး အတွက် အဓိကမောင်းနှင်အားဖြစ်လာပြီး ၂၀၁၅ ခုနှစ် တတိယသုံးလပတ်မှာ နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုက ၁၀ ဒသမ ၂၁ ရာခိုင်နှုန်းအထိရောက်ရှိခဲ့ပါတယ်။ ယခုတိုးတက်မှုနှုန်းက ၂၀၁၄ ခုနှစ်က ရှိခဲ့တဲ့ ၁ ဒသမ ၁၂ရာခိုင် နှုန်းနဲ့ နှိုင်းယှဉ်ရင်တဟုန်ထိုးမြင့်တက်လာတာကို တွေ့ရပါတယ်။
မယ်သီတာ