ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်နဲ့ လမ်းညွှန်ချက်ဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်ထုတ် ကြေးမုံသတင်းစာနှင့် ၁၄ ရက်ထုတ်မြန်မာ့အလင်းသတင်းစာများတွင် ကြေ ညာ ခဲ့သည့်စံမညီမြေပဲဆီ ၁၈ မျိုးနှင့်ပတ်သက်ပြီး လိုအပ်သလိုထိရောက်စွာအရေးယူနိုင်ရန်၊ စားသုံးသူ အကာအကွယ်ပေးရေးဥပဒေအရ လည်း အရေးယူဆောင်ရွက်နိုင်ရန်နှင့် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲ ရေးဦးစီး ဌာန(FDA)နှင့်လည်း ညှိနှိုင်းဆောင်ရွက်သွားရန်၊ တိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့သို့ အကြောင်းကြားထားကြောင်း သိရှိရပါတယ်။သို့ဖြစ်ပါ၍ အဆိုပါသတင်းစာများတွင် အသိပညာပေ ကြေညာချက်ပါ မြေပဲဆီအမည်ခံစားအုန်းဆီနှင့် ဆီအရောအမှတ်တံဆိပ် ၁၈ မျိုး ရှိ/မရှိကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှခရိုင်ဦးစီးမှူးဦးသန်း ဦးကဦးဆောင်၍ ဝန်ထမ်း အဖွဲ့ဝင်များလိုက်ပါပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝင်များနဲ့အတူဆက်စပ်၍ စားသုံးသူများအတွက် ထိခိုက်နစ်နာမှုမရှိစေရန်၊ ဘေးရောဂါအန္တရာယ်ကင်းရှင်းစေရန်၊ ကျန်းမာ သန်စွမ်းပြီးစားသုံး ရာတွင်လည်း ထုတ်ကုန်များကို လုံခြုံစိတ်ချမှုများရရှိ စေရန် ရည်ရွယ်၍ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ ဆိပ်ဖြူ၊ရေစကြို၊ မြိုင်၊ ပေါက်၊ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထုမြို့နယ် များရှိ မြို့မဈေးများ၊ ကုန်စုံအရောင်းဆိုင်ကြီး များ၊ အရောင်းကုန်တိုက်ကြီးများတွင် စံမညီ မြေပဲဆီများ ရှိ/မရှိကို ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါတယ်။ထိုသို့ကွင်းဆင်းလေ့လာဆောင်ရွက်ရာတွင် စံမညီမြေပဲဆီအမည်ခံ စားအုန်းဆီနှင့်ဆီအရောအမှတ် တံဆိပ် ၁၈ မျိုးကိုလည်းမတွေ့ရှိရကြောင်းနှင့်စံမညီမြေပဲဆီ ၁၈ မျိုးကို လူအများမြင်သာသောဈေးအတွင်းရှိ ဈေးကွပ်ကဲရေးရုံးများတွင်ကြော်ငြာသင်ပုန်းများတွင် ကပ်၍ သတိပေးခဲ့ ကြောင်းသတင်းများရရှိပါတယ်။
ပပရွှေ(ပခုက္ကူ)