Main menu

Background

ရေနံဈေးကွက်တည်ငြိမ်ရေးအတွက် အိုပက်နဲ့ အခြားရေနံထုတ်နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်ရေး ဆော်ဒီအာရေးဗီးယားနဲ့ ဗင်နီဇွဲလားတို့ဆွေးနွေး

Thu, 02/18/2016 - 11:05 -- journal_editor

                          ဆော်ဒီအာရေဘီးယားရေနံဝန်ကြီး အလီအယ်လ်နိုင်မီနဲ့ ဗင်နီဇွဲလား ရေနံဝန်ကြီးတို့က ရေနံဈေးကွက်တည် ငြိမ်ဖို့အတွက် ရေနံတင်ပို့တဲ့ နိုင်ငံများ အဖွဲ့ (အိုပက်)အဖွဲ့ဝင်နိုင်ငံတွေနဲ့ အခြား ရေနံထုတ်လုပ် တဲ့နိုင်ငံတွေပူးပေါင်း ဆောင်ရွက်ရေးကိစ္စကိုဖေဖော်ဝါ ရီ ၈ ရက်က ဆွေးနွေးခဲ့ကြတယ်လို့ ဆော်ဒီ အာရေးဘီးယားနိုင်ငံတော်သတင်း အေဂျင်စီSPAမှာဖော်ပြပါတယ်။ ဗင်နီဇွဲလားရေနံဝန်ကြီးယူလိုဂျီယို အယ်လ်ပီ နိုက ရေနံ ထုတ်လုပ်တဲ့နိုင်ငံတွေကို သွား ရောက်ပြီးရေနံဈေးနှုန်းတွေ မြှင့်တင် ရေးအတွက်အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့  ဆောင်ရွက်လျက်ရှိပါတယ်။ ယခုအစည်းအဝေးကလည်းအပြု သဘောရလဒ်တွေ့ရှိတယ်လို့ သူကပြောပါ တယ်။အိုပက်အဖွဲ့ဝင်နိုင်ငံတွေအနက်   ငွေ ကြေးအကျပ်အတည်းနဲ့ ကြုံနေရတဲ့ ဗင်နီဇွဲလားနိုင်ငံက ၂၀၀၃ ခုနှစ်နောက် ပိုင်းအနိမ့်ဆုံးအထိကျဆင်းနေတဲ့ ရေနံ ဈေးနှုန်းကိစ္စကိုဆွေးနွေးဖို့ ဆန္ဒရှိ နေပြီး အိုပက်အဖွဲ့ရဲ့အရေး ပေါ် အစည်းအဝေး ကိုကျင်းပပေးဖို့ နှိုးဆော်လျက်ရှိပါ တယ်။ ဆွေးနွေးပွဲမှာကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှုရမယ်ဆိုတာကိုသံသယ ရှိနေကြပါတယ်။ ဒါပေမဲ့ အိုပက် အဖွဲ့ဝင်နိုင်ငံတွေနဲ့ သူရဲ့ပြိုင်ဘက်ရေနံထုတ် လုပ်တဲ့ အခြားနိုင်ငံတွေက ရေနံထုတ် လုပ်မှုကိုထိန်းချုပ်တော့မယ့်အလားအလာကို ပြသလာတဲ့ အတွက်ဇန်နဝါရီ က တစ်စည်ကို အမေရိကန် ဒေါ်လာ ၂၇အထိကျဆင်းခဲ့တဲ့ ရေနံ စိမ်း ဈေးတွေက ဖေဖော်ဝါရီ ၅ ရက်မှာတစ်စည်ကို အမေရိကန် ဒေါ်လာ ၃၄ အထိ ပြန် လည်မြင့်တက်လာခဲ့ပါတယ်။