Main menu

Background

ဈေးကွက်ကသောင်းကနင်းဖြစ်မှုက ဗဟိုဘဏ်အတိုးကြောင့်မဟုတ်ဟု ဂျပန်ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးဆို

Thu, 02/18/2016 - 11:18 -- journal_editor

                      ကမ္ဘာ့စတော့ဈေးနှုန်းများကျ ဆင်းရခြင်းမှာ  ရင်းနှီးမြုပ်နှံသူတွေက စွန့်စားမှုကို အလွန်အမင်းရှောင်ရှားပြီး ဆောင်ရွက်မှုကြောင့် ဖြစ်ပွားရ ကြောင်း ပြစ်တင်ပြီးနောက် မကြာသေးမီက ဖြစ်ပေါ်ခဲ့တဲ့  ဈေးကွက် ကသောင်းကနင်းဖြစ်ရခြင်းမှာ ဂျပန်ဗဟိုဘဏ်အတိုး နှုန်းကို သုည  ရာခိုင်နှုန်းအောက်သို့ ချမှတ်ဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်ရ တယ်ဆိုတဲ့ဝေဖန်မှုများကို ဂျပန်ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးဟာရူဟီကိုကူရိုဒါကပယ်ချခဲ့ကြောင်း ရိုက်တာသတင်းမှာဖော်ပြပါတယ်။ဂျပန်ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး ကူရိုဒါက ဗဟိုဘဏ်ရဲ့ မူဝါဒအတိုး နှုန်းကို သုညရာခိုင်နှုန်းအောက်သို့ ချထားဖို့  ဇန်နဝါရီလကဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ဈေးကွက်မတည်မငြိမ် ဖြစ်မှုကသူ့ဆုံး ဖြတ်ချက်ကို ဂယက်ရိုက် ခတ်ခဲ့ပါတယ်။ဥရောပရှိဘဏ်တွေရဲ့ကြံ့ခိုင်မှု အခြေအနေနဲ့ ကမ္ဘာ့စီးပွားရေးအလားအလာအပေါ်စိုးရိမ်မှုကြောင့်ရင်းနှီးမြှုပ်နှံသူတွေကလုံခြုံစိတ်ချရမှုရှိတဲ့ယန်းငွေကြေးဘဏ်ကိုလှည့်လာကြတဲ့အတွက် ဂျပန်စတော့ဒိုင်နီကေးရဲ့ ပျမ်း မျှနှုန်းထားက ၃၃ ရာခိုင်နှုန်းကျဆင်းပြီး ၁၅ လအတွင်း အနိမ့်ဆုံးရောက်ရှိကာ ယန်းငွေတန်ဖိုးက ၁၅ လအတွင်းအမြင့် ဆုံးကိုရောက်ရှိခဲ့ပါတယ်။အတိုးနှုန်းကိုသုညရာခိုင်နှုန်း အောက်ချထားတဲ့ အတွက် ချေးငွေကုန် ကျစရိတ်တွေကျဆင်းပြီး စီးပွားရေး ဖွံ့ ဖြိုးအောင်လှုံ့ဆော်အားပေးနိုင်ပါလိမ့် မယ်လို့ကူရိုဒါက ပြောကြားရင်း ဗဟိုဘဏ်ကြောင့်ဈေးကွက်မတည်မငြိမ်ဖြစ်စေလိမ့်မယ်ဆိုတဲ့ဝေဖန်ချက်ကိုငြင်းဆိုခဲ့ပါတယ်။
မကြာသေးမီကဖြစ်ခဲ့တဲ့  ဈေး ကွက်   ကသောင်းကနင်းဖြစ်မှုတွေက ဂျပန်ဗဟိုဘဏ်ရဲ့  သုည  ရာခိုင်နှုန်း အောက်ချထားတဲ့ အတိုးနှုန်းကြောင့် ဖြစ်ရမယ်လို့ ကျွန်တော်မထင်ပါဘူး''လို့  ကူရိုဒါက ပြောကြားပြီးမကြာသေးမီက ဖြစ်ပွားခဲ့တဲ့  ဈေးကွက်လှုပ်ရှားမှုတွေက ဂျပန် စီးပွားရေးနဲ့ဈေးနှုန်းတွေကို ဘယ်လိုထိ ခိုက်မယ်ဆိုတာကို   ဂရုတစိုက် စောင့်ကြည့်နေမယ်လို့လည်းသူက ပြောပါတယ်။ငွေကြေးဖောင်းပွမှုနှုန်းကို ရည် မှန်းထားတဲ့နှစ်ရာခိုင်နှုန်း အထိရောက်ရှိ ဖို့အတွက် လိုအပ်မယ်ဆိုရင် ဂျပန်ဗဟို ဘဏ်က ငွေကြေးလှုံ့ဆော်အားပေးမှု အစီအစဉ်ကိုထပ်မံဆောင်ရွက်ဖို့ လက်နှေးမှာမဟုတ်ဘူးလို့သူကပြောပါ တယ်။