Main menu

Background

ပြည်ပွဲရုံများသို့ ကြက်သွန်နီ ဝင်ရောက်မှုများပြီး ဒေသတွင်းသာ အရောင်းရှိ

Tue, 02/23/2016 - 13:00 -- journal_editor

                         ပြည်ကြက်သွန်နီပွဲရုံများတွင် ကြက်သွန်နီအိတ်တွေ အမြောက်အများဝင်ရောက်နေတာတွေ့ရပါတယ်။ ယခုလတတိယပတ်တွင်တစ်ရက် အိတ်တစ်သောင်း ကျော်အဝင်ရှိနေတာကြောင့်ဈေးတွေလည်း ဆက်တိုက်ကျနေပါတယ်လို့ ပွဲရုံ ပိုင်ရှင်တစ်ဦးကပြောပါတယ်။ယခုတစ်ပတ်ပြည်ကြက်သွန်နီ (ပွဲရုံဈေး) တစ်ပိဿာလျှင် (ကြီး) ၅၂၅ ကျပ်၊ (လတ်) ၅၀၀ ကျပ်နဲ့ (သေး) ၄၅၀ ကျပ်တို့ဖြစ်ကြောင်းသိရပါတယ်။ ဒေသတွင်း (လက်လီ) ရောင်းဈေး (ကြီး) ၇၅၀ ကျပ်၊ (လတ်) ၆၅၀ ကျပ်နဲ့ (သေး) ၅၅၀ ကျပ်တို့နဲ့ရောင်းဝယ်လျက်ရှိကြပါတယ်။ကြက်သွန်နီဝင်ရောက်တဲ့ဒေသတွေကတော့ရေနံချောင်း၊ ပခုက္ကူ၊ ဆိပ်ဖြူမြို့ နယ်တွေက ဝင်ရောက်နေ တာဖြစ်ပါတယ်။   ဈေးအကျဘက်ရောက်နေလို့လည်းပွဲရုံများမှလှောင်စတွေရှိနေတာကြောင့်အဝင်တွေများနေခြင်းဖြစ်ပါတယ်။ အရောင်းအဝယ်အနေနဲ့ကတော့ ဒေသတွင်းအိတ်ဆွဲများသာ အရောင်းအဝယ်ရှိ နေပါတယ်။ ဒေသတွင်းဆိုပေမယ့် လည်းနေ့စဉ်အိတ် ၄၀၀၊ ၅၀၀ အရောင်းအဝယ် ရှိနေတယ်လို့သိရပါတယ်။ 

နီနီဝင်း-ပြည်